top of page
Blog: Blog2
Search
Zenfone Max Pro M1 Review
<Unicode version included>
Zenfone Max Pro M1 ကတော့ ဈေးနှုန်းသက်သက်သာသာနဲ့ စွမ်းဆောင်ရည်မြင့်ဖုန်းတစ်လုံး၊ Pure Android နဲ့ ဖုန်းတစ်လုံးလို့ ကြွေးကြော်ပြီး ဈေးကွက်ထဲကို ဝင်ရောက်လာပါပြီ။
Max Pro 1 က တကယ်ပဲ ဈေးသက်သက်သာသာနဲ့ ကောင်းတဲ့ဖုန်းတစ်လုံးလားဆိုတာ ဆက်ပြီး လေ့လာကြည့်ကြရအောင်။
>> ဈေးနှုန်းနဲ့ မျိုးကွဲများ
---------------------------------
>> တည်ဆောက်ပုံ
---------------------------------
>> Display (မျက်နှာပြင်) 📱 📱 📱
---------------------------------
>> ကင်မရာ 📷 📸
💡 Portrait Mode မှာလည်း အနားသတ်တွေက မသပ်မရပ်နဲ့ မို့ သိပ်သဘောမကျလှပါဘူး။
---------------------------------
>> Audio 🔊 🔊
---------------------------------
---------------------------------
>> Software
---------------------------------
>> သိမ်းဆည်းနိုင်မှု 🗄️ 🗃️ 🗄️ 🗃️
---------------------------------
>> Battery 🔋 🔋 🔋
💡 ၅၀၀၀ mAh ဘက်ထရီပါ။
---------------------------------
>> လုံခြုံရေး (Security)
💡 ခြုံပြီးပြောရရင် အမြန်ဆုံးမဟုတ်ပေမယ့် သူ့ ဟာနဲ့ သူတော့အလုပ်ဖြစ်ပါတယ်။
---------------------------------
---------------------------------
Satisfied 😀 😗 😚 🤗 😘
+ ဘက်ထရီအသုံးခံခြင်း
Unsatisfied 😴 🤤 😌 😕 😞
- ကင်မရာ
---------------------------------
---------------------------------
Tips: 👀 👀 👀
Zenfone Max Pro M1 ကတော့ စျေးနှုန်းသက်သက်သာသာနဲ့ ့စွမ်းဆောင်ရည်မြင့်ဖုန်းတစ်လုံး၊ Pure Android နဲ ့ဖုန်းတစ်လုံးလို့ ့ကြွေးကြော်ပြီး စျေးကွက်ထဲကို ဝင်ရောက်လာပါပြီ။
Zenfone Max Pro M1 ဆိုတာ Asus ရဲ့ ၂၀၁၈ ထုတ် ဖုန်းတစ်လုံးဖြစ်ပါတယ်။ Asus အမှတ်တံဆိပ်ဆိုတာ ကွန်ပျူတာနဲ ့ဆက်စပ်ပစ္စည်းတွေမှာ အောင်မြင်မှုတွေရရှိနေပေမယ့် ဖုန်းလောကမှာတော့ သိပ်ပြီးတော့ နေရာမရဘူးလို ့ပြောရမှာပါ။ အရင်က ထွက်ရှိခဲ့တဲ့ Zenfone စီးရီးတွေကလည်း စျေးကွက်မှာ လောက်လောက်လားလားအောင်မြင်မှုမရခဲ့ပါဘူး။
Max Pro 1 က တကယ်ပဲ စျေးသက်သက်သာသာနဲ့ ့ကောင်းတဲ့ဖုန်းတစ်လုံးလားဆိုတာ ဆက်ပြီး လေ့လာကြည့်ကြရအောင်။
>> စျေးနှုန်းနဲ ့မျိုးကွဲများ
RAM 3GB, Storage 32GB – 239000
RAM 4GB, Storage 64GB – 299000
RAM 6GB, Storage 64GB – 339000
💡 6/64 ဗားရှင်းက ကျန် ဗားရှင်း ၂ ခုနဲ ့မန်မိုရီပမာဏသာမက အခြားကွာခြားချက်တစ်ခုလည်းရှိပါသေးတယ်။
💡 6/64 ဗားရှင်းမှာ အနောက်ကင်မရာ ၁၆ (f/2.0) + ၅ (f/2.4) မီဂါပစ်ဆယ်နဲ ့ Selfie ကင်မရာ ၁၆ မီဂါပစ်ဆယ်ပါဝင်ပါတယ်။
💡 အခြားဗားရှင်း ၂ ခုမှာတော့ အနောက်ကင်မရာ ၁၃ (f/2.2) +၅ (f/2.4) မီဂါပစ်ဆယ်နဲ ့ Selfie ကင်မရာ ၈ မီဂါပစ်ဆယ် ပါဝင်ပါတယ်။
💡 အက်ဒမင်ဝယ်ယူလိုက်တဲ့ 3/32GB ဗားရှင်းမှာ နားကြပ်နဲ ့အသံချဲ ့ပေးတဲ့ ကဒ်ထူပုံးလေး မပါဝင်ပါဘူး။ 4/64GB ဗားရှင်းမှာတော့ နားကြပ်ပါဝင်ပါတယ်။ ဖုန်း ၂ လုံးစလုံး ဆိုင်တစ်ဆိုင်တည်းက ဝယ်တာဖြစ်ပါတယ်။
---------------------------------
>> တည်ဆောက်ပုံ
💡 အရှေ ့ဘက်က မှန်ဖြစ်ပြီးတော့ အနောက်ဘက်က အလူမီနီယမ် ဘော်ဒီဖြစ်ပါတယ်။
💡 အလူမီနီယမ်ဘော်ဒီက အနောက်ဘက်မှာ အပြည့်တည်ဆောက်ထားတာတော့ မဟုတ်ပါဘူး။ အပေါ်ဘက်နဲ ့အောက်ဘက်ထိပ်မှာ ပလပ်စတစ် အစိတ်အပိုင်းတွေနဲ့ တည်ဆောက်ထားပါတယ်။
💡 အနက်ရောင်နဲ ့ ငွေရောင် ၂ မျိုးရရှိနိုင်ပါတယ်။ အက်ဒမင်ကတော့ ငွေရောင်ကို ပိုပြီးကြိုက်ပါတယ်။
💡 အလေးချိန် ၁၈၀ ဂရမ်ဆိုတော့ ၆လက်မမျက်နှာပြင်နဲ ့ ဘက်ထရီ ၅၀၀၀ mAh ပါတဲ့ ဖုန်းတွေထဲမှာ နည်းနည်းပေါ့တယ်လို ့ပြောနိုင်ပါတယ်။
💡 Home Key တွေ၊ Back Key တွေမပါတော့ပါဘူး။ On-screen ခလုတ်တွေကို အသုံးပြုရမှာပါ။
💡 မှန်အမျိုးအစားကို မဖော်ပြထားပါဘူး။ Gorilla-Glass မဖြစ်ဘူးလို ့ဆိုရမှာပါ။
💡 ဆင်းကဒ် ၂ ကဒ်နဲ့အတူ မန်မိုရီကဒ်ပါ တစ်ပြိုင်တည်းအသုံးပြုနိုင်ပါတယ်။
💡 စပီကာ၊ 3.5mm Headphone jack နဲ ့microUSB အပေါက်တွေက အောက်ဘက်မှာရှိပါတယ်။
💡 အနောက်ဘက်မှာ Dual ကင်မရာနဲ့အတူ LED မီးနဲ ့ လက်ဗွေစနစ်ရှိပါတယ်။
💡 ရေနဲ့ ဖုန်မှုန် ့များကိုခံနိုင်ရည် (IP rating)၊NFC နဲ ့ Wireless charging မပါရှိပါဘူး။
---------------------------------
>> Display (မျက်နှာပြင်) 📱 📱 📱
💡 ၆ လက်မရှိတဲ့ LCD အမျိုးအစားဖြစ်ပါတယ်။
💡 Full HD+ (18:9) အချိုးအစားရှိတဲ့ Full View Display ဖြစ်ပါတယ်။
💡 Resolution၊ အလင်းတောက်ပမှု၊ အရောင်အသွေးမှန်ကန်မှုစတာတွေမှာ ထူးထူးခြားခြားပြောစရာမရှိပါဘူး။ အကောင်းကြီးလဲမဟုတ်၊ အညံ့ကြီးလည်းမဟုတ်ပါဘူး။ ၂ သိန်းကျော်ဖုန်းတစ်လုံးအနေနဲ ့တော့ Display ရုပ်ထွက်ပိုင်းက အားရစရာဖြစ်ပါတယ်။
---------------------------------
>> ကင်မရာ 📷 📸
💡 Max Pro 1 မှာ မကြိုက်ဆုံးအပိုင်းကတော့ ကင်မရာဖြစ်ပါတယ်။
(6/64 ဗားရှင်းကိုတော့ မစမ်းသပ်ဖူးတော့ အသေအချာမပြောတတ်ပါ။ ကင်မရာပိုကောင်းနိုင်တယ်လို ့တော့ ယူဆပါတယ်။)
💡 တိုတိုပြောရရင် အားမရပါဘူး။ အနောက်ကင်မရာရော Selfie ကင်မရာပါ ပုံထွက် ကြည်လင်ပြတ်သားမှုမှာလို အပ်ချက်ရှိပါတယ်။
💡 ကင်မရာအလုပ်လုပ်ပုံက နှေးပါတယ်။ ရိုက်ရိုက်ပြီးချင်း လှုပ်လိုက်ရင် ပုံအဂွမ်းတွေထွက်လာပါတယ်။
💡 ညဘက်ဆိုရင်တော့ Noise တော်တော်ကြီးကို ထတယ်။
💡 Portrait Mode မှာလည်း အနားသတ်တွေက မသပ်မရပ်နဲ ့မို့ ့သိပ်သဘောမကျလှပါဘူူး။
💡 ဗီဒီယို Recording မှာ 4K Resolution ဗီဒီယိုတွေ ရိုက်နိုင်ပါတယ်။ အရည်အသွေးကတော့ ပုံမှန်ပဲဆိုရမှာပါ။
---------------------------------
>> Audio 🔊 🔊
💡 Dual (Stereo) မပါဝင်ပါဘူး။
💡 ဒါပေမယ့် အသံထွက်တော်တော် ကျယ်ပါတယ်။ ဂိမ်းဆော့၊ ရုပ်ရှင်ကြည့်၊ သီးချင်းနားထောင်စတာတွေအတွက် ကောင်းကောင်း အလုပ်ဖြစ်ပါတယ်။
💡 အသံကြည်လင်ပြတ်သားမှုနဲ့ အရည်အသွေးကတော့ သာမန်အနေအထားလောက်ပဲရှိပါတယ်။
---------------------------------
>> Performance (စွမ်းဆောင်ရည်) 💪 💪 💪
💡 SnapDragon 636 နဲ ့ဆိုတော့ အခြား အလယ်အလတ်တန်းဖုန်းတော်တော်များများထက်သာပါတယ်။ Snapdragon 660 တို ့ Mediatek P60 တို ့လောက်နီးနီးစွမ်းဆောင်နိုင်ပါတယ်။
💡 အားလုံးကို နိုင်နိုင်နင်းနင်းရှိပါတယ်။ ဂိမ်းဆော့မလား၊ အခြား App တွေသုံးမလား အားလုံးအဆင်ပြေပါတယ်။
💡 ဒါအပြင် တော်ရုံတန်ရုံသုံးလို့ ့ဖုန်းတအားပူတာမျိုးမဖြစ်ပါဘူး။ အပူချိန်အပိုင်းမှာလည်း Good ပါတယ်။
💡 စွမ်းဆောင်ရည်က 3/32 ဗားရှင်းအတွက် ၂ သိန်း ၄သောင်းမှာဆို တော်တော်တန်တယ်လို ့ပြောရမှာပါ။ လက်ရှိစျေးကွက်ထဲမှာ ပြိုင်ဘက်အတော်ရှားပါတယ်။ ဒါပေမယ့် 6/64 လို ၃ သိန်းခွဲလောက်ဖြစ်လာပြီဆိုရင်တော့ အခြားရွေးချယ်စရာတွေရှိလာပါပြီ။ ဥပမာအားဖြင့် Nove 3i/ Mi 8SE/ Oppo F7 လိုမျိုးဖုန်းတွေဖြစ်ပါတယ်။
---------------------------------
>> Software
💡 Android Version ကတော့ 8.1 (Oreo) နဲ့ လာပါတယ်။
💡 Google Play Store၊ ဇော်ဂျီ/ ယူနီကုဒ် အသင့်ပါဝင်ပြီးသားဖြစ်ပါတယ်။
💡 Pure Android နီးပါးကို ရှင်းလင်းပေါ့ပါးနေအောင်လုပ်ထားပါတယ်။ ရှင်းရှင်းလင်းလင်းသုံးချင်တဲ့သူတွေ၊ ဇော်ဂျီအသုံးပြုသူတွေ၊ Google Play Service သုံးချင်တဲ့သူတွေအတွက်တော့ တော်တော်လေး အဆင်ပြေပါတယ်။
💡 Screen ကို နှစ်ချက်ထိလိုက်ရင် Lock/ Unlock ဖန်ရှင်တွေလည်းပါပါတယ်။
💡 ဒါပေမယ့် Pure Android ဆိုတော့ အချိ ့ဖန်ရှင်တွေတော့ မပါဝင်လာပါဘူး။ အက်ဒမင်သတိထားမိတာတွေပြောရရင် Facebook/ messenger/ Viber စတဲ့ ဆက်သွယ်ရေး အပလီကေးရှင်းတွေကို နှစ်ခုခွဲပြီး သုံးတဲ့ ဖန်ရှင်မပါပါဘူး။ Long Screen Shot ရိုက်လို ့မရဘူး။ Application တွေကို ဘယ် App ကိုပဲ အင်တာနက်ပေးသုံးမယ်စသည်ဖြင့် ကန် ့သတ်လို ့မရဘူး။ Themes တွေသုံးလို ့မရဘူး။ ဒီထက်ဆိုးတာက ဖုန်းရဲ့ ကင်မရာနဲ ့ရိုက်ထားတဲ့ ဗီဒီယိုဖိုင်ကို Facebook Messenger ကနေပို ့ဖို့ ့လုပ်တော့ ဖိုင်ဆိုဒ်ကြီးနေပါတယ်တဲ့။ ၁၀ စက္ကန် ့လောက်ရှိတဲ့ ဗီဒီယိုလေးကို ပို ့လို့ ့မရပါဘူး။ (Messenger ထဲက ကင်မရာနဲ ့ရိုက်ရင်တော့ ပို ့လို ့ရပါတယ်။) ဒီလို အသေးစိတ်လေးတွေက တခါတလေတော့ တော်တော်ကသိကအောက်ဖြစ်ရပါတယ်။
---------------------------------
>> သိမ်းဆည်းနိုင်မှု 🗄️ 🗃️ 🗄️ 🗃️
💡 အစပိုင်းမှာ ပြောခဲ့သလို 3/32, 4/64 နဲ ့ 6/64 ဆိုပြီး ၃ မျိုးလာပါတယ်။
💡 အက်ဒမင်ကတော့ 3/32 ကို အတန်ဆုံးလို ့ထင်ပါတယ်။ 3/32 နဲ ့ 4/64 ကိုယှဉ်သုံးကြည့်တော့ အမြန်နှုန်း ထူးထူးခြားခြားမကွာပါဘူး။ 6/64 ကျတော့ အခြားရွေးချယ်စရာတွေရှိနေပြန်ပါတယ်။
💡 ကောင်းတာတစ်ခုက ဆင်းကဒ်နှစ်ကဒ်နဲ ့မန်မိုရီကဒ် နေရာလုစရာမလိုပါဘူး။ ပြိုင်တူသုံးလို ့ရပါတယ်။
---------------------------------
>> Battery 🔋 🔋 🔋
💡 ၅၀၀၀ mAh ဘက်ထရီပါ။
💡 ဘက်ထရီခံချက်ကတော့ ရှယ်ပါပဲ။ ပေါ့ပေါ့ပါးပါးသုံးရင် ၂ ရက်ခံပါတယ်။ မနက်ကနေ ညအထိ တချိန်လုံးသုံးမနေဘူးဆိုရင် တစ်ရက်စာတော့ ကောင်းကောင်းအသုံးခံပါတယ်။
💡 အမြန်အားသွင်းစနစ် (Fast Charging) မပါပါဘူး။ ဘူးထဲမှာပါတဲ့ ချာဂျာနဲ ့ ၀% ကသွင်းရင် အားပြည့်ဖို ့ ၃နာရီလောက်ကြာပါတယ်။ အားသွင်းတော့ နည်းနည်းနှေးတယ်ဆိုပေမယ့် 5000mAh ဘက်ထရီနဲ ့ဆိုတော့ မဆိုးလှပါဘူး။
---------------------------------
>> လုံခြုံရေး (Security)
💡 လက်ဗွေစနစ် (Finger Print) နဲ ့ မျက်နှာ (Face Unlock) နှစ်ခုပေါင်းပြီး အသုံးပြုနိုင်ပါတယ်။
💡 Finger Print အသွက်ကြီးမဟုတ်ပါဘူး။ ဒီစျေးတန်းထဲမှာ ဒီထက်မြန်တဲ့ ဖုန်းတွေအများကြီးရှိနေပါသေးတယ်။
💡 Face Unlock ကတော့ အလင်းရောင်နည်းရင် ကောင်းကောင်းအလုပ်မလုပ်ပါဘူး။ မျက်နှာပုံစံထည့်သွင်းချိန်မှာ အလင်းရောင်ကောင်းတဲ့ နေရာမှာထည့်သွင်းခဲ့ရင်တော့ ပိုပြီးအဆင်ပြေတာကို တွေ ့ရပါတယ်။
💡 ခြုံပြီးပြောရရင် အမြန်ဆုံးမဟုတ်ပေမယ့် သူ ့ဟာနဲ့ ့သူတော့အလုပ်ဖြစ်ပါတယ်။
---------------------------------
>> ဆက်သွယ်ရေး (Connectivity)
💡 4G တစ်ကဒ်နှစ်ကဒ် ပြိုင်တူသုံးနိုင်ပါတယ်။
💡 OTG ဖုန်ရှင်ပါဝင်လို ့မန်မိုရီစတစ်နဲ ့တိုက်ရိုက်ချိတ်ဆက်ပြီး ဒေတာတွေကူးနိုင်တယ်။ USB အပေါက်ကတော့ Type C တော့မဖြစ်သေးဘူးဆိုတော့ ဘက်ဂျက်ဖုန်းတစ်လုံးရဲ့အငွေ့ ့အသက်တွေရှိနေတုန်းပါပဲ။
💡 FM ရေဒီယို ပါဝင်တယ်။ နားကြပ်ကြိုးတပ်ပြီး အသုံးပြုရပါတယ်။
💡 မန်မိုရီကဒ် (microSD) ထည့်သွင်းနိုင်ပါတယ်။
💡 Wi-Fi နဲ ့Bluetooth 5.0 version ပါဝင်တယ်။
---------------------------------
Satisfied 😀 😗 😚 🤗 😘
+ ဘက်ထရီအသုံးခံခြင်း
+ တည်ဆောက်ပုံကောင်းခြင်း
+ Price to performance (3/32 version)
+ Software (Clean Android, Myanmar Font and Google Play Service)
Unsatisfied 😴 🤤 😌 😕 😞
- ကင်မရာ
- ဆော့ဝဲလ်ဆိုင်ရာ အထစ်အငေါ့များ
⁉️⁉️ Zenfone Max Pro 1 က ဘယ်သူတွေအတွက် သင့်တော်ပါသလဲ။ သင်က ၂ သိန်းကျော်တန်ဖုန်းတစ်လုံးကို ရှာနေတယ်။ ဂိမ်းတွေဆော့မယ်။ ရုပ်ရှင်တွေကြည့်မယ်။ သီချင်တွေနားထောင်မယ်၊ အင်တာနက်တွေ အကြာကြီးသုံးမယ်ဆိုရင်တော့ Yes ပါ။
🚫⛔ ဒါပေမယ့် ကင်မရာစွမ်းဆောင်ရည်က အဓိကဖြစ်တယ် ဒါမှမဟုတ် ဘက်ဂျက်ကလည်း ဒီထက်ပိုပြီး သုံးချင်သေးတယ်ဆိုရင်တော့ အခြားဖုန်းတွေကိုလည်း အရင်လေ့လာသင့်ပါတယ်။
👍👏 စာဖတ်သူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ဒီလို နည်းပညာဆိုင်ရာ သုံးသပ်ချက်တွေကို အမြဲဖတ်ရှုဖို ့ Techy_M စာမျက်နှာကို “Like & Share” လုပ်ထားကြဦးနော်...
---------------------------------
Zenfone Max Pro 1 ၏ အသေးစိတ်အချက်အလက်များလေ့လာရန်
https://www.asus.com/mm/Phone/ZenFone-Max-Pro-M1/
*** Zenfone Max Pro 1 ကို စတင်မိတ်ဆက်စဉ်က ဖော်ပြခဲ့တဲ့ စျေးနှုန်းထက် ၃၀၀၀၀ ကျပ်လောက်စျေးတက်သွားတာကို တွေ ့ရပါတယ်။ ငွေကြေးလဲလှယ်နှုန်းအပြောင်းအလဲကြောင့်လို ့နားလည်နိုင်ပေမယ့် Asus ရဲ့တရားဝင် Website ထဲမှာ စျေးနှုန်းအဟောင်းနဲ ့ပဲ ဆက်လက်ဖော်ပြထားတာကို တွေ ့ရပါတယ်။ စျေးပြောင်းလဲပြီး တစ်လလောက်အကြာ ၂၈.၉.၂၀၁၈ ရက်နေ ့အထိစျေးအဟောင်းနဲ ့ရှိနေတုန်းပါ။ ဝယ်ယူသူတွေကို စိတ်ကျေနပ်မှုတွေ အကောင်းဆုံးပေးနိုင်ဖို ့ဆိုရင် ဒီလို အသေးစိတ်လေးတွေကိုလည်း ဂရုပြုသင့်တယ်လို ့ Asus Myanmar ကို အကြံပြုလိုပါတယ်။ ***
---------------------------------
Tips: 👀 👀 👀
နည်းပညာများသည် အစဉ်ပြောင်းလဲတိုးတက်လျှက်ရှိသောကြောင့် အရာအားလုံးကို လှေနံဓားထစ်မှတ်ယူထားခြင်းထက် အမြဲမပြတ်လေ့လာနေရန်လိုအပ်ပါသည်။ ကျွန်တော်တို ့တူတူ ဆက်လက်သင်ယူကြပါစို ့။
33 views
Comments
bottom of page