top of page
Blog: Blog2
Search

IMEI နဲ့ ဖုန္းထုတ္လုပ္တဲ့ႏိုင္ငံ ထပ္တူက်ရဲ့လား? (IMEI and Manufacturing country)


<Unicode version included> IMEI နဲ့ ဖုန္းထုတ္လုပ္တဲ့ႏိုင္ငံ ထပ္တူက်ရဲ့လား?

ဒီေမးခြန္းရဲ့ လိုရင္းကို ေျဖရရင္ေတာ့ ႏိုးပါ။ IMEI ရဲ့ ခုနစ္လံုးနဲ့ ရွစ္လံုးေျမာက္ဂဏန္းေတြက ထုတ္လုပ္တဲ့ ႏိုင္ငံကို ဘာေၾကာင့္ မေဖာ္ျပႏိုင္လဲဆိုတဲ့ အက္ဒမင္ရဲ့ အျမင္ကို သံုးသပ္တင္ျပေပးသြားပါမယ္။

➡️➡️ ပထမဆံုးအေနနဲ့ IMEI ဆိုတာ International Mobile Equipment Identity ရဲ့အတိုေကာက္ျဖစ္ပါတယ္။ အလြယ္ေျပာရင္ေတာ့ ဖုန္းတစ္လံုးရဲ့ မွတ္ပံုတင္နံပါတ္ဆိုေတာ့။

➡️➡️ ေနာက္ထပ္နားလည္ထားရမွာရွိပါေသးတယ္။ ထုတ္လုပ္တဲ့ႏိုင္ငံ၊ တင္သြင္းေရာင္းခ်တဲ့ႏိုင္ငံနဲ ့ မူရင္းအမွတ္တံဆိပ္ႏိုင္ငံဆိုတာ မတူညီတဲ့ အခ်က္အလက္ေတြျဖစ္ပါတယ္။ ႏိုင္ငံအမည္တစ္ခုေျပာလုိက္တာနဲ ့ ဇာတ္လမ္းအစအဆံုးကို သံုးသပ္ဖို ့ခက္ခဲပါတယ္။

ဥပမာအားျဖင့္ iPhone တစ္လံုးဆိုပါစို ့။

➡️ ထုတ္လုပ္တဲ့ႏိုင္ငံ - တရုတ္ႏိုင္ငံ (Made in China)

➡️ တင္သြင္းေရာင္းခ်တဲ့ႏိုင္ငံ (ဝယ္ယူအသံုးျပဳတဲ့ ႏိုင္ငံ) - စင္ကာပူႏိုင္ငံ (ZP/A)

➡️ မူရင္းအမွတ္တံဆိပ္ႏိုင္ငံ - အေမရိကန္ႏိုင္ငံ (Apple)

နည္းနည္းထပ္ရွဳပ္ပါရေစ။ iPhone ကို တရုတ္ႏိုင္ငံမွာထုတ္တယ္။ ေဒသတြင္း ကုန္သြယ္မွဳ အခ်က္အခ်ာျဖစ္တဲ့ စင္ကာပူမွာတစ္ေထာက္နားျပီး ျမန္မာႏိုင္ငံကို တင္သြင္းတယ္ဆိုပါစို ့။ ဒါဆိုရင္ စာဖတ္သူအေနနဲ ့ စင္ကာပူဖုန္းလို ့ေျပာမလား၊ တရုတ္ဖုန္းလို ့ေျပာမလား၊ အေမရိကန္ဖုန္းေျပာမလားဆိုတာ Comment မွာေျပာသြားခဲ့ေပးပါ။

IMEI နဲ့ ပတ္သတ္တဲ့ အေတြ ့အၾကံဳအခ်ိဳ ့ကိုေျပာျပခ်င္ပါေသးတယ္။

➡️➡️ Apple ဖုန္းေတြကို တရုတ္မွာ တပ္ဆင္ထုတ္လုပ္တာ လူတိုင္းလိုလိုသိၾကမွာပါ။ ဘယ္ႏိုင္ငံထုတ္လဲဆိုျပီး ဒုကၡေတြမ်ားေနတာ အက္ဒမင္နားမလည္ႏိုင္ပါဘူး။ ZP/A နဲ့ LL/A ဆိုတာေတြက Region ကုဒ္နံပါတ္ေတြျဖစ္ျပီး တင္သြင္းေရာင္းခ်တဲ့ ႏိုင္ငံအလိုက္ကြဲျပားပါတယ္။ အားလံုးက စက္ရံုတစ္ခုတည္းက လာတာျဖစ္ျပီး ႏိုင္ငံတစ္ႏိုင္ငံခ်င္းစီအလိုက္ မီးပလပ္ေခါင္းပံုစံ၊ အသံုးျပဳပံုအညႊန္းဘာသာ၊ အာမခံဝန္ေဆာင္မွဳစတာေတြ ကြာျခားပါတယ္။ iPhone ကို Taiwan ကုမၸဏီျဖစ္တဲ့ Foxconn (Hon Hai Precision Industry Co., Ltd.,) ရဲ့ တရုတ္ႏိုင္ငံစက္ရံုေတြမွာ အဓိက ထုတ္လုပ္ပါတယ္။ India နဲ့ Brazil စတဲ့ႏိုင္ငံေတြမွာလည္း ထုတ္လုပ္ပါတယ္။

➡️➡️ ၂၀၁၇ ခုႏွစ္ေလာက္က SONY Showroom တစ္ခုမွာ အက္ဒမင္ ဖုန္းသြားဝယ္ပါတယ္။ အေရာင္းသမားက IMEI စစ္ျပျပီး စင္ကာပူ ထုတ္ပါတဲ့။ အက္ဒမင္လည္းျပန္ေမးလိုက္ပါတယ္။ ဖုန္းဘူးေပၚမွာ Made in China လို ့တိတိပပေရးထားတာ ဘာေၾကာင့္ စင္ကာပူ ျဖစ္သြားလဲ့ေပါ့။ အေရာင္းသမားကေျပာတာေတာ့ ဒီနံပါတ္ ႏွစ္လံုးပါရင္ စင္ကာပူမွာထုတ္တာပဲတဲ့။ ဒီမွာ အက္ဒမင္ စဥ္းစားမိတာက စင္ကာပူ မွာထုတ္တဲ့ ဖုန္းကို တရုတ္ လို ့ရိုက္ႏွိပ္ေဖာ္ျပတဲ့ SONY ကလူေတြ ဒီေလာက္ေတာင္ အျမင္ဂြမ္းသလားေပါ့။ ျပီးေတာ့ စင္ကာပူ မွာ SONY ဖုန္းစက္ရံုမရွိေတာ့ ေရေျမာင္းထဲကပဲ ထြက္လာတာလားလို့ေတာင္ ေတြးမိပါေသးတယ္။ အက္ဒမင္ေျပာခ်င္တာက ဖုန္းေတြ တရုတ္ႏိုင္ငံမွာထုတ္တယ္ဆိုတာ ပံုမွန္ပါ။ Electronic ပစၥည္းအမ်ားအျပားလည္း တရုတ္ႏိုင္ငံမွာထုတ္ေနၾကတာပါပဲ။ ဒါေပမယ့္ ဘာပဲ ဝယ္ဝယ္ စင္ကာပူလို ့ပဲ ၾကားခ်င္ေနတဲ့ ဝယ္ယူသူေတြအတြက္ေၾကာင့္ ဒီလို အေလ့အထေတြေပၚေပါက္လာသလားလို ့ေတြးထင္မိပါတယ္။

➡️➡️ Samsung ဖုန္းေတြကို ဗီယက္နမ္၊ ကိုရီးယားနဲ ့ တရုတ္ႏိုင္ငံေတြမွာ အဓိကထုတ္လုပ္ပါတယ္။ အက္ဒမင္သိသေလာက္ဆိုရင္ ဗီယက္ႏိုင္ႏိုင္ငံမွာ တစ္ကမၻာလံုးေရာင္းအားရဲ့တစ္ဝက္ေက်ာ္ထုတ္လုပ္ျပီး အာရွနဲ ့ ဥေရာပႏုိင္ငံေတြကို တင္ပို ့ေရာင္းခ်ပါတယ္။ စင္ကာပူ၊ ဂ်ာမနီ နဲ ့ဖင္လန္ႏိုင္ငံေတြမွာ Samsung ဖုန္းမထုတ္ပါဘူး။ လက္ရွိ ျမန္မာႏိုင္ငံကုိ တရားဝင္တင္သြင္းေနတာေတြကလည္း ဗီယက္နမ္ႏိုင္ငံမွ ျဖစ္တယ္လို ့သိရပါတယ္။ ဖုန္းဘူးခြံေပၚမွာလည္း Made in Vietnam လို ့ ရွင္းလင္းျပတ္သားစြာေရးသားထားပါတယ္။ IMEI စစ္လိုက္လို ့ Samsung ဖုန္းစက္ရံုမရွိတဲ့ ႏိုင္ငံမွာ ထုတ္လုပ္တယ္ဆိုတဲ့ အေျဖထြက္လာခဲ့ရင္ ဘယ္အရာကို ကပိုျပီးမွန္ႏိုင္မလဲ။

➡️➡️ Huawei၊ Xiaomi၊ Oppo၊ Vivo နဲ ့Meizu အမွတ္တံဆိပ္ေတြကေတာ့ ရွင္းပါတယ္။ တရုတ္ကုမၸဏီေတြ တရုတ္မွ ထုတ္ၾကသည္ေပါ့။ ဒီဖုန္းေတြရဲ့ IMEI စစ္လိုက္လို ့ ဂ်ာမနီ၊ စင္ကာပူ၊ ဖင္လန္ စတာေတြ ထြက္လာရင္ ဘယ္လို ယူဆၾကမလဲ အက္ဒမင္သိခ်င္မိပါတယ္။

➡️➡️ ေနာက္ထပ္တစ္ခုတင္ျပခ်င္တာ အက္ဒမင္ရွာၾကည့္သေလာက္ IMEI နဲ့ ထုတ္လုပ္တဲ့ႏိုင္ငံေတြကို ဆက္စပ္မွဳရွိတယ္ဆိုတာကို ဆက္သြယ္ေရးအဖြဲ ့အစည္းနဲ့ ယံုၾကည္ကိုးစားရေလာက္တဲ့ အင္တာနက္စာမ်က္ႏွာေတြမွာ မေတြ ့ရွိရပါဘူး။ အခ်ိဳ ့စာမ်က္ႏွာေတြမွာ ေတြ ့ရေပမယ့္ အမ်ားစုဟာ ဘေလာ့စာမ်က္ႏွာေတြျဖစ္ျပီး အတည္ျပဳဖို ့ခက္ခဲပါတယ္။ ေနာက္ထပ္တစ္ခုအေနနဲ ့ အဆိုပါ IMEI စာရင္းထဲမွာ ႏိုင္ငံ ၁၀ ခုေလာက္ပဲေဖာ္ျပထားပါတယ္။ အကယ္၍ အျခားႏိုင္ငံတစ္ခုမွာထုတ္လုပ္တဲ့ ဖုန္းဆိုရင္ ဘယ္လို ေဖာ္ျပမွာလဲဆိုတဲ့ ကြဲလြဲခ်က္လည္းရွိႏိုင္ပါတယ္။

➡️➡️ နိဂံုးခ်ဳပ္အေနနဲ့ IMEI ရဲ့ ခုနစ္လံုးေျမာက္နဲ့ ရွစ္လံုးေျမာက္ကို ၾကည့္ျပီး ထုတ္လုပ္တဲ့ႏိုင္ငံကို ခြဲျခားမယ္ဆိုတဲ့ အခ်က္အလက္ေတြက လက္ရွိဖုန္းေလာကအေနအထားအရ မဆီေလွ်ာ္ မမွန္ကန္ႏိုင္ေတာ့ဘူးလို ့ေျပာခ်င္ပါတယ္။


 

IMEI နဲ့ ဖုန်းထုတ်လုပ်တဲ့နိုင်ငံ ထပ်တူကျရဲ့လား?


ဒီမေးခွန်းရဲ့ လိုရင်းကို ဖြေရရင်တော့ နိုးပါ။ IMEI ရဲ့ ခုနစ်လုံးနဲ့ ရှစ်လုံးမြောက်ဂဏန်းတွေက ထုတ်လုပ်တဲ့ နိုင်ငံကို ဘာကြောင့် မဖော်ပြနိုင်လဲဆိုတဲ့ အက်ဒမင်ရဲ့ အမြင်ကို သုံးသပ်တင်ပြပေးသွားပါမယ်။


➡️➡️ ပထမဆုံးအနေနဲ့ IMEI ဆိုတာ International Mobile Equipment Identity ရဲ့အတိုကောက်ဖြစ်ပါတယ်။ အလွယ်ပြောရင်တော့ ဖုန်းတစ်လုံးရဲ့ မှတ်ပုံတင်နံပါတ်ဆိုတော့။


➡️➡️ နောက်ထပ်နားလည်ထားရမှာရှိပါသေးတယ်။ ထုတ်လုပ်တဲ့နိုင်ငံ၊ တင်သွင်းရောင်းချတဲ့နိုင်ငံနဲ ့

မူရင်းအမှတ်တံဆိပ်နိုင်ငံဆိုတာ မတူညီတဲ့ အချက်အလက်တွေဖြစ်ပါတယ်။ နိုင်ငံအမည်တစ်ခုပြောလိုက်တာနဲ ့ ဇာတ်လမ်းအစအဆုံးကို သုံးသပ်ဖို ့ခက်ခဲပါတယ်။


ဥပမာအားဖြင့် iPhone တစ်လုံးဆိုပါစို ့။


➡️ ထုတ်လုပ်တဲ့နိုင်ငံ - တရုတ်နိုင်ငံ (Made in China)


➡️ တင်သွင်းရောင်းချတဲ့နိုင်ငံ (ဝယ်ယူအသုံးပြုတဲ့ နိုင်ငံ) - စင်ကာပူနိုင်ငံ (ZP/A)


➡️ မူရင်းအမှတ်တံဆိပ်နိုင်ငံ - အမေရိကန်နိုင်ငံ (Apple)


နည်းနည်းထပ်ရှုပ်ပါရစေ။ iPhone ကို တရုတ်နိုင်ငံမှာထုတ်တယ်။ ဒေသတွင်း ကုန်သွယ်မှု အချက်အချာဖြစ်တဲ့ စင်ကာပူမှာတစ်ထောက်နားပြီး မြန်မာနိုင်ငံကို တင်သွင်းတယ်ဆိုပါစို ့။ ဒါဆိုရင် စာဖတ်သူအနေနဲ ့ စင်ကာပူဖုန်းလို ့ပြောမလား၊ တရုတ်ဖုန်းလို ့ပြောမလား၊ အမေရိကန်ဖုန်းပြောမလားဆိုတာ Comment မှာပြောသွားခဲ့ပေးပါ။


IMEI နဲ့ ပတ်သတ်တဲ့ အတွေ ့အကြုံအချို ့ကိုပြောပြချင်ပါသေးတယ်။


➡️➡️ Apple ဖုန်းတွေကို တရုတ်မှာ တပ်ဆင်ထုတ်လုပ်တာ လူတိုင်းလိုလိုသိကြမှာပါ။ ဘယ်နိုင်ငံထုတ်လဲဆိုပြီး ဒုက္ခတွေများနေတာ အက်ဒမင်နားမလည်နိုင်ပါဘူး။ ZP/A နဲ့ LL/A ဆိုတာတွေက Region ကုဒ်နံပါတ်တွေဖြစ်ပြီး တင်သွင်းရောင်းချတဲ့ နိုင်ငံအလိုက်ကွဲပြားပါတယ်။ အားလုံးက စက်ရုံတစ်ခုတည်းက လာတာဖြစ်ပြီး နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် မီးပလပ်ခေါင်းပုံစံ၊ အသုံးပြုပုံအညွှန်းဘာသာ၊ အာမခံဝန်ဆောင်မှုစတာတွေ ကွာခြားပါတယ်။ iPhone ကို Taiwan ကုမ္ပဏီဖြစ်တဲ့ Foxconn (Hon Hai Precision Industry Co., Ltd.,) ရဲ့ တရုတ်နိုင်ငံစက်ရုံတွေမှာ အဓိက ထုတ်လုပ်ပါတယ်။ India နဲ့ Brazil စတဲ့နိုင်ငံတွေမှာလည်း ထုတ်လုပ်ပါတယ်။


➡️➡️ ၂၀၁၇ ခုနှစ်လောက်က SONY Showroom တစ်ခုမှာ အက်ဒမင် ဖုန်းသွားဝယ်ပါတယ်။ အရောင်းသမားက IMEI စစ်ပြပြီး စင်ကာပူ ထုတ်ပါတဲ့။ အက်ဒမင်လည်းပြန်မေးလိုက်ပါတယ်။ ဖုန်းဘူးပေါ်မှာ Made in China လို ့တိတိပပရေးထားတာ ဘာကြောင့် စင်ကာပူ ဖြစ်သွားလဲ့ပေါ့။ အရောင်းသမားကပြောတာတော့ ဒီနံပါတ် နှစ်လုံးပါရင် စင်ကာပူမှာထုတ်တာပဲတဲ့။ ဒီမှာ အက်ဒမင် စဉ်းစားမိတာက စင်ကာပူ မှာထုတ်တဲ့ ဖုန်းကို တရုတ် လို ့ရိုက်နှိပ်ဖော်ပြတဲ့ SONY ကလူတွေ ဒီလောက်တောင် အမြင်ဂွမ်းသလားပေါ့။ ပြီးတော့ စင်ကာပူ မှာ SONY ဖုန်းစက်ရုံမရှိတော့ ရေမြောင်းထဲကပဲ ထွက်လာတာလားလို့တောင် တွေးမိပါသေးတယ်။ အက်ဒမင်ပြောချင်တာက ဖုန်းတွေ တရုတ်နိုင်ငံမှာထုတ်တယ်ဆိုတာ ပုံမှန်ပါ။ Electronic ပစ္စည်းအများအပြားလည်း တရုတ်နိုင်ငံမှာထုတ်နေကြတာပါပဲ။ ဒါပေမယ့် ဘာပဲ ဝယ်ဝယ် စင်ကာပူလို ့ပဲ ကြားချင်နေတဲ့ ဝယ်ယူသူတွေအတွက်ကြောင့် ဒီလို အလေ့အထတွေပေါ်ပေါက်လာသလားလို ့တွေးထင်မိပါတယ်။


➡️➡️ Samsung ဖုန်းတွေကို ဗီယက်နမ်၊ ကိုရီးယားနဲ ့ တရုတ်နိုင်ငံတွေမှာ အဓိကထုတ်လုပ်ပါတယ်။ အက်ဒမင်သိသလောက်ဆိုရင် ဗီယက်နိုင်နိုင်ငံမှာ တစ်ကမ္ဘာလုံးရောင်းအားရဲ့တစ်ဝက်ကျော်ထုတ်လုပ်ပြီး အာရှနဲ ့ ဥရောပနိုင်ငံတွေကို တင်ပို ့ရောင်းချပါတယ်။ စင်ကာပူ၊ ဂျာမနီ နဲ ့ဖင်လန်နိုင်ငံတွေမှာ Samsung ဖုန်းမထုတ်ပါဘူး။ လက်ရှိ မြန်မာနိုင်ငံကို တရားဝင်တင်သွင်းနေတာတွေကလည်း ဗီယက်နမ်နိုင်ငံမှ ဖြစ်တယ်လို ့သိရပါတယ်။ ဖုန်းဘူးခွံပေါ်မှာလည်း Made in Vietnam လို ့ ရှင်းလင်းပြတ်သားစွာရေးသားထားပါတယ်။ IMEI စစ်လိုက်လို ့ Samsung ဖုန်းစက်ရုံမရှိတဲ့ နိုင်ငံမှာ ထုတ်လုပ်တယ်ဆိုတဲ့ အဖြေထွက်လာခဲ့ရင် ဘယ်အရာကို ကပိုပြီးမှန်နိုင်မလဲ။


➡️➡️ Huawei၊ Xiaomi၊ Oppo၊ Vivo နဲ ့Meizu အမှတ်တံဆိပ်တွေကတော့ ရှင်းပါတယ်။ တရုတ်ကုမ္ပဏီတွေ တရုတ်မှ ထုတ်ကြသည်ပေါ့။ ဒီဖုန်းတွေရဲ့ IMEI စစ်လိုက်လို ့ ဂျာမနီ၊ စင်ကာပူ၊ ဖင်လန် စတာတွေ ထွက်လာရင် ဘယ်လို ယူဆကြမလဲ အက်ဒမင်သိချင်မိပါတယ်။


➡️➡️ နောက်ထပ်တစ်ခုတင်ပြချင်တာ အက်ဒမင်ရှာကြည့်သလောက် IMEI နဲ့ ထုတ်လုပ်တဲ့နိုင်ငံတွေကို ဆက်စပ်မှုရှိတယ်ဆိုတာကို ဆက်သွယ်ရေးအဖွဲ ့အစည်းနဲ့ ယုံကြည်ကိုးစားရလောက်တဲ့ အင်တာနက်စာမျက်နှာတွေမှာ မတွေ ့ရှိရပါဘူး။ အချို ့စာမျက်နှာတွေမှာ တွေ ့ရပေမယ့် အများစုဟာ ဘလော့စာမျက်နှာတွေဖြစ်ပြီး အတည်ပြုဖို ့ခက်ခဲပါတယ်။ နောက်ထပ်တစ်ခုအနေနဲ ့ အဆိုပါ IMEI စာရင်းထဲမှာ နိုင်ငံ ၁၀ ခုလောက်ပဲဖော်ပြထားပါတယ်။ အကယ်၍ အခြားနိုင်ငံတစ်ခုမှာထုတ်လုပ်တဲ့ ဖုန်းဆိုရင် ဘယ်လို ဖော်ပြမှာလဲဆိုတဲ့ ကွဲလွဲချက်လည်းရှိနိုင်ပါတယ်။


➡️➡️ နိဂုံးချုပ်အနေနဲ့ IMEI ရဲ့ ခုနစ်လုံးမြောက်နဲ့ ရှစ်လုံးမြောက်ကို ကြည့်ပြီး ထုတ်လုပ်တဲ့နိုင်ငံကို ခွဲခြားမယ်ဆိုတဲ့ အချက်အလက်တွေက လက်ရှိဖုန်းလောကအနေအထားအရ မဆီလျှော် မမှန်ကန်နိုင်တော့ဘူးလို ့ပြောချင်ပါတယ်။



 

455 views

Comments


bottom of page