![](https://static.wixstatic.com/media/d9b106_64af4022741240adb476004fbcd245ab~mv2.png/v1/fill/w_980,h_653,al_c,q_90,usm_0.66_1.00_0.01,enc_auto/d9b106_64af4022741240adb476004fbcd245ab~mv2.png)
<Unicode version included> iPhone တွေမှာ SIM 1️⃣ ကဒ်နဲ့  2️⃣ ကဒ် အသုံးပြုပုံ (Function) ပိုင်း ဘာတွေကွာခြားသလဲဆိုတာကို ဖော်ပြပေးသွားမှာပါ။
![](https://static.wixstatic.com/media/d9b106_6359415444fc4485a998143ecf232bb9~mv2.png/v1/fill/w_980,h_551,al_c,q_90,usm_0.66_1.00_0.01,enc_auto/d9b106_6359415444fc4485a998143ecf232bb9~mv2.png)
![](https://static.wixstatic.com/media/d9b106_f27a37cbaa1a4419b7fd3fff464ef048~mv2.png/v1/fill/w_980,h_551,al_c,q_90,usm_0.66_1.00_0.01,enc_auto/d9b106_f27a37cbaa1a4419b7fd3fff464ef048~mv2.png)
![](https://static.wixstatic.com/media/d9b106_12d8dc1ca395420787f5cae61d29eb01~mv2.png/v1/fill/w_980,h_551,al_c,q_90,usm_0.66_1.00_0.01,enc_auto/d9b106_12d8dc1ca395420787f5cae61d29eb01~mv2.png)
![](https://static.wixstatic.com/media/d9b106_85c3088d6d0c458aa1a0cc3f9eb50493~mv2.png/v1/fill/w_980,h_551,al_c,q_90,usm_0.66_1.00_0.01,enc_auto/d9b106_85c3088d6d0c458aa1a0cc3f9eb50493~mv2.png)
![](https://static.wixstatic.com/media/d9b106_5dd787e3bb70449aa58d46561e5fb004~mv2.png/v1/fill/w_980,h_551,al_c,q_90,usm_0.66_1.00_0.01,enc_auto/d9b106_5dd787e3bb70449aa58d46561e5fb004~mv2.png)
![](https://static.wixstatic.com/media/d9b106_86338c30ebc149ca93d4b18e10341e2c~mv2.png/v1/fill/w_980,h_551,al_c,q_90,usm_0.66_1.00_0.01,enc_auto/d9b106_86338c30ebc149ca93d4b18e10341e2c~mv2.png)
iPhone တွေမှာ SIM 1️⃣ ကဒ်နဲ ့ 2️⃣ ကဒ် အသုံးပြုပုံ (Function) ပိုင်း ဘာတွေကွာခြားသလဲဆိုတာကို ဖော်ပြပေးသွားမှာပါ။
🍎 ပထမဆုံးအနေနဲ ့ သိသင့်သိထိုက်တာတွေကို အရင် ပြောပြပေးပါမယ်။ Dual SIM နဲ ့ E-SIM အကြောင်းကို ကောင်းကောင်းသဘောမပေါက်သေးတဲ့သူတွေအတွက် အတတ်နိုင်ဆုံး နားလည်လွယ်အောင် ရှင်းပြပေးထားပါတယ်။ 🤯😰
🍎 iPhone Dual SIM ဖန်ရှင်ကို iPhone Xs | Xs Max | XR နဲ့ နောက်ပိုင်းထွက်ရှိလာမယ့် မော်ဒယ်တွေမှာသာ အသုံးပြုနိုင်ပါတယ်။ အရင်ကထွက်ခဲ့တဲ့ မော်ဒယ်တွေမှာ မရနိုင်ပါဘူး။
🍎 iPhone Xs | Xs Max | XR တွေမှာ Single SIM ဆိုတာ ဖုန်းထဲမှာ SIM ကဒ် တစ်ကဒ် (သို ့) E-SIM လိုင်းတစ်ခု တည်းထည့်သွင်းထားတာကိုပြောတာဖြစ်ပါတယ်။ လွယ်လွယ်ပြောရင် ဖုန်းလိုင်းတစ်လိုင်းပဲ သုံးနေတဲ့ အနေအထားပါ။
🍎 Dual SIM ဆိုတာ ဖုန်းထဲမှာ SIM ကဒ် နှစ်ကဒ် (သို ့) SIM Card + E-SIM ကို ထည့်သွင်းအသုံးပြုနေတာကို ပြောတာပါ။ လွယ်လွယ်ပြောရင် ဖုန်းလိုင်း နှစ်လိုင်း ပြိုင်တူသုံးနေတဲ့ အနေအထားပါ။
🍎 iPhone Xs | Xs Max | XR ရဲ့ အခေါ်အဝေါ်က နည်းနည်းရှုပ်ထွေးစေပါတယ်။ SIM ကဒ်ထည့်တဲ့ ပုံပေါ်မူတည်ပြီး Dual နဲ့ E-SIM ဆိုပြီး သတ်မှတ်တာဖြစ်ပါတယ်။ နှစ်မျိုးစလုံးမှာ Dual SIM ဖန်ရှင်ပါဝင်ပြီး အလုပ်လုပ်ပုံကတော့ အတူတူပါပဲ။ 🔥🔥
1️⃣ Single SIM Model >> SIM ကဒ် + E-SIM
2️⃣ Dual SIM Model >> SIM ကဒ် + SIM ကဒ်
📍 အသုံးပြုပုံ (Function) ပိုင်းကွာခြားချက်ကတော့ သိပ်တော့ အထူးအဆန်းမဟုတ်လှပါဘူး။ Android Dual SIM ဖန်ရှင်တွေလိုပါပဲ။
📍 ဆင်းကဒ် နှစ်ကဒ်ထည့်တော့ နံပါတ် နှစ်ခု ပြိုင်တူသုံးလို ့ရတယ်။ ဖုန်းခေါ်ရင်ဖြစ်ဖြစ်၊ ဖုန်းလက်ခံရင်ဖြစ်ဖြစ် နှစ်သက်ရာနံပါတ်နဲ ့ခေါ်ဆိုနိုင်မယ်။ အင်တာနက်ကို နှစ်သက်ရာ ကဒ်ကနေ ရွေးချယ်အသုံးပြုနိုင်မယ်။ SIM ကဒ်နှစ်ကစ်အတွက် ရွေးချယ်စရာ Setting တွေပါဝင်လာပါမယ်။ ပြောနေတာထက် ပိုရှင်းသွားအောင် ပုံတစ်ပုံချင်းစီကို ကြည့်လိုက်ကြရအောင်… 👀
Comments