<Unicode version included>
![](https://static.wixstatic.com/media/d9b106_5e02f1327a6544048599b196b388f616~mv2_d_1604_1230_s_2.jpg/v1/fill/w_980,h_751,al_c,q_85,usm_0.66_1.00_0.01,enc_auto/d9b106_5e02f1327a6544048599b196b388f616~mv2_d_1604_1230_s_2.jpg)
Samsung Galaxy A8 Star က ဘာကြောင့် မြန်မာဖုန်းဈေးကွက်မှာ အောင်မြင်မှုမရခဲ့သလဲ???
၅။ ဈေးနှုန်း
A8 Star မှာ အက်ဒမင်မကြိုက်ဆုံးကိုပြောပါဆိုရင်တော့ ဈေးနှုန်းဖြစ်ပါတယ်။ ၈ သိန်းဆိုတဲ့ ပမာဏက မြန်မာနိုင်ငံအတွက် Mid-range ဈေးနှုန်းမဟုတ်တော့ပါဘူး။ Flagship လို့ ပြောရအောင်ကလည်း Flagship နဲ့ တူတာ ဘာမှမရှိပါဘူး။ လွန်ခဲ့တဲ့ တစ်နှစ်ကသာ A8 Star ကိုရောင်းချခဲ့မယ်ဆိုရင်တော့ ဈေးနှုန်းနဲ့ စွမ်းဆောင်ရည်က မဆိုးဘူးလို့ ဆိုနိုင်ပါသေးတယ်။ ယခုချိန်မှာတော့ ပြိုင်ဘက် စမတ်ဖုန်းတွေရဲ့ ဈေးနှုန်းနဲ့ ပါဝင်အချက်အလက်တွေက ပိုပြီးစွဲဆောင်မှုရှိနေပါပြီ။ ဒီတော့ တိုတိုပြောရရင် ဒီဈေးနှုန်းနဲ့ အဆင်မပြေဘူးပေါ့ဗျာ။
---------------------------------
📱💻📷 နည်းပညာတွေက အစဉ် ပြောင်းလဲတိုးတက်နေတာကြောင့် ကျွန်တော်တို့ တူတူ ဆက်လက်သင်ယူကြပါစို့။
👍👏 စာဖတ်သူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ဒီလို နည်းပညာဆိုင်ရာ သုံးသပ်ချက်တွေကို အမြဲဖတ်ရှုဖို့  Techy_M စာမျက်နှာကို “Like & Share” လုပ်ထားကြဦးနော်...
Samsung Galaxy A8 Star က ဘာကြောင့် မြန်မာဖုန်းစျေးကွက်မှာ အောင်မြင်မှုမရခဲ့သလဲ???
Samsung Galaxy A8 Star ကို ၂၀၁၈ ဇွန်လ မှာစတင်မိတ်ဆက်ခဲ့ပါတယ်။ တရုတ်နိုင်ငံစျေးကွက်မှာတော့ Galaxy A9 Star လို ့လည်းခေါ်ပါတယ်။ ဆမ်းဆောင်း A စီးရီး ဝင်ဖြစ်ပြီး အလယ်အလတ်တန်းစျေးကွက်ကို ရည်ရွယ်ခဲ့တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဒါပေမယ့် ဝမ်းနည်းစွာပဲ စျေးကွက်ထဲမှာ အောင်မြင်မှုမရရှိခဲ့ပါဘူး။
A8 Star က ဘာကြောင့် အသုံးပြုသူတွေရဲ့ အားပေးမှုနဲ ့ ဆိုးရွားစွာ လွဲချော်ခဲ့သလဲ စဉ်းစားကြည့်ရအောင်။ အမှန်အတိုင်းပြောရရင် A8 Star က အလယ်အလတ်တန်း ဖုန်းတွေထဲမှာ တော်တော်ကောင်းတဲ့ ဖုန်းတစ်လုံးလို ့တောင်ပြောနိုင်ပါတယ်။ ဒီဇိုင်းနဲ ့တည်ဆောက်မှုကောင်းမွန်တယ်၊ Display က Midrange တွေထဲမှာ ဆရာကျတယ်လို ့ သတ်မှတ်နိုင်တယ်။ ကင်မရာကလည်း အတော်အတန်အလုပ်ဖြစ်ပါတယ်။ Upper Mid-range လို ့ပြောနိုင်တဲ့ Snapdragon 660 ကိုသုံးထားလို ့ Game တွေဖြစ်ဖြစ်၊ နေ ့စဉ်အသုံးပြုရတာဖြစ်ဖြစ် မဂွမ်းပါဘူး။
အက်ဒမင် စမ်းသပ်သုံးစွဲတဲ့ ၁၀ ရက်ဝန်းကျင်အတွင်းမှာ မဆိုးပါဘူးဆိုတဲ့ ခံစားချက်တွေ ရခဲ့ပါတယ်။ ဒါပေမယ့် အက်ဒမင် ဝယ်သုံးမလားဆိုရင်တော့ "နိုး" ပါခင်ဗျာ။ ဘာကြောင့် ဝယ်မသုံးချင်ဘူးလဲဆိုတာကို အက်ဒမင်ရဲ့အမြင်နဲ ့သုံးသပ်နွေးသွားမှာ ဖြစ်ပါတယ်။
၁။ ပြောင်းလဲလာတဲ့ မြန်မာ ဖုန်းလောက
မြန်မာနိုင်ငံဖုန်းလောက အခြေအနေက လွန်ခဲ့တဲ့ ၃-၄ နှစ်လောက်နဲ ့ဆိုရင် အတော်လေးပြောင်းလဲခဲ့ပါပြီ။ ဖန်ရှင်စုံ၊ အရည်အသွေးသင့် ဖုန်းတွေကို စျေးနှုန်းသက်သက်သာသာနဲ ့ရလာနိုင်တယ်။
ဖုန်းအသုံးပြုသူတွေကလည်း ဖုန်းပါးဝလာတဲ့အတွက် ကြေငြာတိုင်းမယုံတော့ပါဘူး။ မီဒီယာပေါင်းစုံကလည်း ပညာပေးအစီအစဉ်တွေကို အပြိုင်အဆိုင် တင်ဆက်ကြတော့ စာတွေတတ်လာပါတယ်။ ဥပမာပြောရရင် အရင်ကလို ့Octa-core လို ့ပြောယုံနဲ ့မရတော့ပါဘူး။ ဘာ Chipset (SOC) လဲလို ့ပြန်မေးတတ်လာပါပြီ။ သိချင်တဲ့ အကြောင်းအရာတွေကို ဆိုရှယ်မီဒီယာမှာ အသုံးပြုသူတွေက မေးမြန်းဆွေးနွေးနိုင်ပါပြီ။
ပြီးတော့ Price to performance ဆိုတဲ့ အတွေးအခေါ်ကြီးက စျေးနှုန်းသက်သာတဲ့စျေးကွက်နဲ့ အလယ်အလတ်တန်းစျေးကွက်မှာ ရေပန်းစားလာပါတယ်။ User experience တို ့၊ After-sales services တို ့ထက် ဖုန်းတစ်လုံးရဲ့ တန်ဖိုးကို တိုင်းတာတဲ့ နေရာမှာ Price to performance ကပိုပြီး တွင်ကျယ်လာတယ်။
၂။ တီတွင်ဆန်းသစ်မှု ကင်းမဲ့ခြင်း
ဖုန်းလောကကို ဦးဆောင်နေတဲ့ Samsung ဖုန်းတစ်လုံးကို တီထွင်ဆန်းသစ်မှုမရှိလို ့မရှိဘူးလို ့ပြောရင် ဖြစ်နိုင်ပါ့မလား။ Galaxy A8 Star မှာ အခြားအလယ်အလတ်တန်းဖုန်းတွေထက် ပိုကောင်းတယ်ပြောရလောက်တဲ့ အချက်အလက်တွေ ဘာမှမပါရှိပါဘူး။ Galaxy S နဲ ့ Note စီးရီးတွေရဲ့ အရည်အသွေးမြင့်ကင်မရာ၊ S-Pen၊ QHD resolution၊ IP rating၊ စွမ်းဆောင်ရည်မြင့် SOCနဲ ့ ဖန်ရှင်အပိုစတာတွေ မပါဝင်ပါဘူး။
A8 Star ကို ဝယ်စေဖို ့Samsung ဆိုတဲ့ တံဆိပ်ကလွဲရင် ကျန်အချက်တွေက ပြိုင်ဘက်တွေ ဆီမှာ လည်းရရှိနိုင်ပါတယ်။ Samsung အနေနဲ ့ Upper Mid-range စျေးကွက်အတွက် ထုတ်ကုန်ပေါ်လစီကို ပြန်သုံးသပ်ပြင်ဆင်သင့်တဲ့ အချိန်ဖြစ်နေပါပြီ။
၃။ Samsung ရဲ့ အရေးပေးမှုမရှိခြင်း
A8 Star က တစ်ခြား Samsung ဖုန်းတွေနဲ ့ယှဉ်ရင် မားကတ်တင်းပိုင်းမှာ အတော်အားနည်းခဲ့တာကို တွေ ့ရပါတယ်။ Samsung အမှတ်တံဆိပ်ဖုန်းဆိုင်တွေမှာတောင် စမ်းသပ်စရာ Demo ဖုန်းမရှိ။ Samsung Myanmar Website မှာ ဖော်ပြထားခြင်းမရှိ။ ပရိုမိုးရှင်းတွေ၊ ငွေပြန်အမ်းအစီအစဉ်တွေမှာလည်း အားထည့်တာကို မတွေ ့ရပါဘူး။ Samsung ရဲ့ ကြော်ငြာတွေမှာကော ဆိုရှယ်မီဒီယာမှာလည်း အခြားဖုန်းတွေလောက် ဖော်ပြခြင်းမခံရပါဘူး။ ဖုန်းတစ်လုံးအနေရဲ့ လုပ်ဆောင်ချက်တွေကောင်းနေရင်တောင် လူတွေမသိရင် ဘယ်သူမှ ဝယ်မှာမဟုတ်ပါဘူး။
၄။ ဖုန်းဆက်စပ်ပစ္စည်းများ ရှားပါးခြင်း
ဒါကတော့ မုန် ့လုံးစက္ကူကပ်တာပါ။ A8 Star ရောင်းအားနည်းတယ်။ လူတွေမမေးဘူး။ ဖြန် ့ချီတဲ့ နိုင်ငံလည်းနည်းတယ်ဆိုတော့ ကာဗာ၊ Screen Guard စတဲ့ အပိုပစ္စည်းတွေလည်း ရှားပါးပြန်တယ်။
၅။ စျေးနှုန်း
A8 Star မှာ အက်ဒမင်မကြိုက်ဆုံးကိုပြောပါဆိုရင်တော့ စျေးနှုန်းဖြစ်ပါတယ်။ ၈ သိန်းဆိုတဲ့ ပမာဏက မြန်မာနိုင်ငံအတွက် Mid-range စျေးနှုန်းမဟုတ်တော့ပါဘူး။ Flagship လို ့ပြောရအောင်ကလညး် Flagship နဲ ့တူတာ ဘာမှမရှိပါဘူး။ လွန်ခဲ့တဲ့ တစ်နှစ်ကသာ A8 Star ကိုရောင်းချခဲ့မယ်ဆိုရင်တော့ စျေးနှုန်းနဲ ့စွမ်းဆောင်ရည်က မဆိုးဘူးလို ့ဆိုနိုင်ပါသေးတယ်။ ယခုချိန်မှာတော့ ပြိုင်ဘက် စမတ်ဖုန်းတွေရဲ့ စျေးနှုန်းနဲ ့ပါဝင်အချက်အလက်တွေက ပိုပြီးစွဲဆောင်မှုရှိနေပါပြီ။ ဒီတော့ တိုတိုပြောရရင် ဒီစျေးနှုန်းနဲ့ အဆင်မပြေဘူးပေါ့ဗျာ။
နိဂုံးချုပ်အနေနဲ ့ပြောရရင် A8 Star ကဖုန်းကောင်းတစ်လုံးဖြစ်ပေမယ့် လူစွမ်းကောင်းတစ်ယောက်တော့ဖြစ်မလာခဲ့ပါဘူး။ ဆမ်ဆောင်းရဲ့ A Series တွေမှာ SOC နဲ ့ကင်မရာလိုမျိုး အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုခုကိုမှ ရှယ်မထည့်ပေးပဲ အားလုံးကို ယေဘုယျနဲ့ သွားနေရင်တော့ A စီးရီးတွေက စျေးကွက်နဲ့အလှမ်းဝေးနေဦးမှာလို ့မြင်မိပါတယ်။
![](https://static.wixstatic.com/media/d9b106_8844e168f81448ba85493a8a2e3edbe0~mv2_d_1604_1230_s_2.jpg/v1/fill/w_980,h_751,al_c,q_85,usm_0.66_1.00_0.01,enc_auto/d9b106_8844e168f81448ba85493a8a2e3edbe0~mv2_d_1604_1230_s_2.jpg)
![](https://static.wixstatic.com/media/d9b106_844356795ec8421496159c231a07f52b~mv2_d_1604_1230_s_2.jpg/v1/fill/w_980,h_751,al_c,q_85,usm_0.66_1.00_0.01,enc_auto/d9b106_844356795ec8421496159c231a07f52b~mv2_d_1604_1230_s_2.jpg)
![](https://static.wixstatic.com/media/d9b106_0c69ba032db04a0c8459d29371f1dffd~mv2_d_1604_1230_s_2.jpg/v1/fill/w_980,h_751,al_c,q_85,usm_0.66_1.00_0.01,enc_auto/d9b106_0c69ba032db04a0c8459d29371f1dffd~mv2_d_1604_1230_s_2.jpg)
![](https://static.wixstatic.com/media/d9b106_9d443d29badb4f619697ec707372570f~mv2_d_1604_1230_s_2.jpg/v1/fill/w_980,h_751,al_c,q_85,usm_0.66_1.00_0.01,enc_auto/d9b106_9d443d29badb4f619697ec707372570f~mv2_d_1604_1230_s_2.jpg)
![](https://static.wixstatic.com/media/d9b106_c1ccb297b9c94d278356579d5a79754b~mv2_d_1604_1230_s_2.jpg/v1/fill/w_980,h_751,al_c,q_85,usm_0.66_1.00_0.01,enc_auto/d9b106_c1ccb297b9c94d278356579d5a79754b~mv2_d_1604_1230_s_2.jpg)
Comments