top of page
Blog: Blog2
Search

Storage device: SSD and HDD explained.

<Unicode version included>


သင့္ကြန္ပ်ဴတာအတြက္ ဘယ္ Storage Device ကို ေရြးခ်ယ္မွာလဲ...(Hard Disk လား... SSD လား...)


Storage Device ဆိုတာ ကြန္ပ်ဴတာနဲ ့ဖုန္းစတဲ့ လ ွ်ပ္စစ္ပစၥည္းေတြမွာ သင့္ရဲ့ေဒတာအခ်က္အလက္၊ အလုပ္၊ ဓာတ္ပံုနဲ့ ဗီဒီယိုစတာေတြကို စက္ပိတ္လိုက္ရင္ေတာင္ မေပ်ာက္ပ်က္ေအာင္ သိမ္းဆည္းေပးထားႏိုင္တဲ့ အစိတ္အပိုင္းျဖစ္ပါတယ္။

ကြန္ပ်ဴတာတစ္လံုးအတြက္ Operating System (ဥပမာ Windows/ Mac) တင္ဖုိ ့၊ ေဆာ့ဝဲလ္ေတြသြင္းဖို ့အဓိက အသံုးျပဳတဲ့ Storage Device ေတြကေတာ့ Hard Disk နဲ ့SSD (Solid State Drive) ေတြျဖစ္ပါတယ္။

ဒီေတာ့ သင့္အတြက္ ဘယ္ေရြးခ်ယ္မွဳကအေကာင္းဆံုးျဖစ္မလဲ ဆက္လက္ေလ့လာၾကရေအာင္။ လက္ရွိေစ်းကြက္ထဲမွာ အသံုးမ်ားတဲ့ Storage Device ေတြကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

၁။ HDD (Hard Disk) ၂။ HHD (Hybrid Hard Drive) ၃။ SSD [၁။ SSD (SATA) ၂။ M.2 SSD (SATA) ၃။ M.2 SSD (PCIE)]

(၂၀၁၈ မွာ SSD ဆိုတာ သိယံုနဲ ့မလံုေလာက္ေတာ့ပဲ ဘယ္လို SSD လဲဆိုတာပါ နားလည္းထားတဲ့အခ်ိန္ေရာက္လာျပီမို ့ဆက္ျပီး ေလ့လာၾကည့္ၾကပါစို ့။)

===

၁။ HDD (Hard Disk)

အားလံုးရဲ့မိတ္ေဆြေဟာင္းၾကီးပါ။ ေဒတာေတြကို လည္ပတ္ေနတဲ့ သတၱဳျပားေတြေပၚမွာ သိမ္းဆည္းပါတယ္။ အရြယ္အစားအားျဖင့္ 3.5 inch (Desktop) နဲ ့ 2.5 inch (Laptop) ဆိုျပီး ႏွစ္မ်ိဳးလာပါတယ္။

အားသာခ်က္

😘 ေစ်းႏွဳန္းသက္သာျခင္း

😘 သိမ္းဆည္းႏိုင္မွဳပမာဏၾကီးမားျခင္း (၂၀၁၈မွာ 12 TB အထိသိမ္းႏိုင္တဲ့ HDD ေတြရႏိုင္ပါျပီ။)

အားနည္းခ်က္

🤔 ေဒတာေတြ ကူးေျပာင္းတာ အလြန္ေႏွးပါတယ္။ အၾကမ္းအားျဖင့္ တစ္စကၠန့္ကို ေဒတာကူးေျပာင္းႏွဳန္း 100 MBps ဝန္းက်င္ရွိပါတယ္။

🤔 အေလးခ်ိန္နဲ ့ပါဝါစားမွဳမွာ SSD ေတြထက္ပိုမ်ားပါတယ္။

🤔 ျပဳတ္က်တာ၊ ေဆာင့္မိတာနဲ့ အၾကမ္းမခံပါဘူး။ ေဒတာေတြပ်က္စီးဖို ့ျဖစ္ႏိုင္ေျခပိုမ်ားပါတယ္။ (လည္ပတ္ေနတဲ့ အစိတ္အပိုင္းေတြပါဝင္တဲ့အတြက္ အသံုးျပဳခ်ိန္ ႏွစ္အနည္းငယ္ၾကာလာတာနဲ ့အမ်ွ ပ်က္စီးယိုယြင္းလာႏိုင္သလို ထိခိုက္မိရင္လည္းျဖစ္တတ္ပါတယ္။)

===

၂။ HHD (Hybrid Hard Drive)

HHD ဆိုတာ HDD ကို SSD ေသးေသးေလးနဲ ့တြဲဖက္ထားတာျဖစ္ပါတယ္။ SSHD (Solid State Hard Drive) လို ့လည္းေခၚပါတယ္။ ဥပမာအားျဖင့္ 1000GB HDD နဲ ့အတူ 16GB SSD ကိုတပ္ဆင္ထားပါတယ္။ ဒါေပမယ့္ ကြန္ပ်ဴတာမွာ Drive တစ္ခုအေနနဲ ့ပဲအလုပ္လုပ္ပါတယ္။ အသံုးျပဳသူရဲ့ Operating System ဖိုင္ေတြနဲ ့အဖြင့္မ်ားတဲ့ ေဆာ့ဝဲလ္ေတြကို အလိုအေလ်ာက္ SSD ဘက္ျခမ္းကို ကူးယူးေပးထားပါတယ္။ ဒါေၾကာင့္ စက္ဖြင့္တာ၊ ေဆာ့ဝဲလ္ေတြ ဖြင့္တာမွာ ပံုမွန္ HDD ထက္ပိုသြက္ပါတယ္။ ဒါေပမယ့္ ထင္သေလာက္အလုပ္မျဖစ္လို ့သိပ္ျပီး ေစ်းကြက္မဝင္လွပါဘူး။ အရြယ္အစားအားျဖင့္ 3.5 inch (Desktop) နဲ ့ 2.5 inch (Laptop) ဆိုျပီး ႏွစ္မ်ိဳးလာပါတယ္။

အားသာခ်က္

😘 စက္ဖြင့္တာ၊ ေဆာ့ဝဲလ္ေတြ ဖြင့္တာမွာ ပံုမွန္ HDD ထက္ပိုသြက္ပါတယ္။

😘 ေစ်းႏွဳန္းက SSD ေတြထက္ပိုျပီး တြက္ေျခကိုက္ပါတယ္။

😘 သိမ္းဆည္းႏိုင္မွဳပမာဏၾကီးမားျခင္း (၂၀၁၈မွာ 2 TB အထိသိမ္းႏိုင္တဲ့ HHD ေတြရႏိုင္ပါျပီ။)

အားနည္းခ်က္

🤔 HDD ကိုအေျခခံထားလို ့အားနည္းခ်က္ေတြကလည္းတူတူပဲျဖစ္ပါတယ္။ ေစ်းႏွဳန္းပိုင္းမွာလဲ HDD ထက္ တစ္ဆခြဲေလာက္ပိုမ်ားပါတယ္။

🤔 ေဒတာေတြ ကူးေျပင္းႏွဳန္းက HDD နဲ ့အတူတူပဲျဖစ္ပါတယ္။ အၾကမ္းအားျဖင့္ တစ္စကၠန့္ကို ေဒတာကူးေျပာင္းႏွဳန္း 100 MBps ဝန္းက်င္ရွိပါတယ္။

🤔 အေလးခ်ိန္နဲ ့ပါဝါစားမွဳမွာ SSD ေတြထက္ပိုမ်ားပါတယ္။

🤔 ျပဳတ္က်တာ၊ ေဆာင့္မိတာစတဲ့ အၾကမ္းမခံပါဘူး။ ေဒတာေတြပ်က္စီးဖို ့ျဖစ္ႏိုင္ေခ်ပိုမ်ားပါတယ္။ (လည္ပတ္ေနတဲ့ အစိ္တ္အပိုင္းေတြပါဝင္တဲ့အတြက္ အသံုးျပဳခ်ိန္ ႏွစ္အနည္းငယ္ၾကာလာတာနဲ ့အမ်ွ ပ်က္စီးယိုယြင္းလာႏိုင္သလို ထိခိုက္မိရင္လည္းျဖစ္တတ္ပါတယ္။)

===

၃။ SSD

SSD အားလံုးမွာ ေဒတာေတြကို အိုင္စီ (Flash Memory) ေပၚမွာ သိမ္းဆည္းၾကပါတယ္။ ေရြ ့ရွားေနတဲ့ အစိတ္အပိုင္းေတြမပါေတာ့လို ့ပ်က္စီးႏိုင္စရာေလ်ာ့နည္းျပီး ပိုအၾကမ္းခံပါတယ္။ အေလးခ်ိန္နဲ ့ပါဝါစားလည္းသက္သာသြားတဲ့အတြက္ Laptop ေတြမွာ အလြန္အက်ိဳးရွိပါတယ္။

SSD (SATA) = ျမင္ေနက် Hard Disk ေတြလို ေလးေထာင့္ပံုပါပဲ။ 2.5 inch (Laptop) အရြယ္တစ္မ်ိဳးပဲလာပါတယ္။ 2.5 inch Drive အတြက္ ေနရာမပါတဲ့ Desktop ပံုး ေတြမွာတပ္ခ်င္တယ္ဆိုရင္ အရြယ္ေျပာင္းတဲ့ ကာဗာ (3.5 inch adapter) ခံျပီးတပ္ဆင္ရမွာပါ။ မာသားဘုတ္ေပၚမွာရွိတဲ့ SATA-3 အေပါက္နဲ ့တြဲဆက္ရမွာျဖစ္ပါတယ္။ (SATA-2 နဲ ့တြဲဆက္လိုက္ရင္ ျမန္ႏွဳန္းတစ္ဝက္ပဲရမွာ ျဖစ္ပါတယ္။)

M.2 SSD (SATA) = M.2 (SATA) ပါတဲ့ မားသားဘုတ္ (Motherboard) ေတြမွာပဲတပ္ဆင္ႏိုင္ပါတယ္။ Laptop ေတြနဲ ့ Desktop ဘုတ္အျမင့္ေတြမွာပါပါတယ္။ အျမန္ႏွဳန္းစြမ္းေဆာင္ရည္ပိုင္းက SSD (SATA) နဲ ့တူတူပါပဲ။ တပ္ဆင္ရတဲ့ေနရာကြာျခားသြားတာပါ။ အရြယ္ေသးသြားတဲ့အတြက္ ပါးလႊာတဲ့ Laptop ေတြမွာေတာ့ ေနရာအဆင္ေျပေစပါတယ္။

M.2 SSD (PCIE) = M.2 (PCIE) ပါတဲ့ မားသားဘုတ္ (Motherboard) ေတြမွာပဲတပ္ဆင္ႏိုင္ပါတယ္။ Laptop ေတြနဲ ့ Desktop ဘုတ္အျမင့္ေတြမွာပါပါတယ္။ NVMe SSD လို ့လည္းေခၚၾကပါတယ္။

(M.2 SSD ေတြမွာလည္းအရြယ္အစားရွိပါတယ္။ 2280 ဆုိတာ ၂၂ မီလီမီတာ x ၈၀မီလီမီတာ အရြယ္ကိုဆိုလိုပါတယ္။ 2242 ဆိုရင္ ၂၂ မီလီမီတာ x ၄၂ မီလီမီတာကိုဆိုလလိုတာပါ။)

(M.2 အေပါက္က တူေပမယ့္ PCIE လား၊ SATA လား၊ ႏွစ္ခုစလံုးရသလားဆိုတာကို Laptop (သို ့) Motherboard ေမာ္ဒယ္ကိုၾကည့္ျပီး သက္ဆိုင္ရာ Website မွာသြားရွာရမွာပါ။ ဒါမွမဟုတ္ စက္ကိုဖြင့္ၾကည့္ျပီး ဘာေရးထားလဲကိုရွာႏိုင္ပါတယ္။ ဘာမွာ မေရးထားရင္ မ်က္လံုးအျမင္နဲ ့ဆံုးျဖတ္ဖို ့ခက္ပါတယ္။)

အားသာခ်က္

😘 SSD ေတြက စြမ္းေဆာင္ရည္အလြန္ျမန္ပါတယ္။ ေဒတာကူးေျပာင္းႏိုင္စြမ္းမွာ HDD ေတြထက္ ၅-၁၀ ဆေလာက္အထိပိုေကာင္းၾကပါတယ္။ စက္ဖြင့္တာျဖစ္ျဖစ္၊ ေဆာ့ဝဲလ္ေတြ သံုးတာျဖစ္ျဖစ္၊ ဖိုင္ေတြကူးတာျဖစ္ျဖစ္ သိသိသာသာသာ ျမန္ပါတယ္။ SSD သံုးျပီး HDD ကို ျပန္လွည့္မၾကည့္ခ်င္ေလာက္ေအာင္ကြာပါတယ္။

SSD အမ်ိဳးအစားအလိုက္ ေဒတာကူးေျပာင္းႏွဳန္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

⏱️SSD (SATA) = 550 MBps

⏱️M.2 SSD (SATA) = 550 MBps

⏱️M.2 SSD (PCIE) = 3000 MBps++

(💥💥💥SSD မွာ ေမာ္ဒယ္နဲ ့သိမ္းဆည္းႏိုင္မွဳပမာဏအလိုက္ အျမန္ႏွဳန္းကြာျခားပါတယ္။)

😘 ပါဝါစားသက္သာတယ္။ အပူထုတ္လုပ္မွဳနည္းတယ္။ အေလးခ်ိန္ေပါ့တယ္။

😘 အရြယ္အစားေသးငယ္လို ့ ေပါ့ေ့ပါ့ပါးပါး Laptop ဒီဇိုင္းေတြမွာ ထည့္သြင္းအသံုးျပဳပါတယ္။

😘 အၾကမ္းခံတယ္၊ ပ်က္ဖို ့လည္းျဖစ္ႏိုင္ေျခပိုနည္းပါတယ္။

အားနည္းခ်က္

🤔 ေစ်းႏွဳန္းျမင့္မားျခင္း။ HDD ေတြထက္ေစ်းႏွဳန္း သိသိသာသာ ျမင့္မားပါတယ္။ ဒါေၾကာင့္ Operating System သြင္းတာ၊ ေဆာ့ဝဲလ္သြင္းတာေတြအတြက္ အဓိကထားျပီးသံုးၾကပါတယ္။ ပံုေတြ၊ ဗီဒီယိုေတြ ေဒတာေတြအမ်ားၾကီး သိမ္းဖို ့ဆို Hard Disk သီးျခားနဲ ့အသံုးျပဳၾကပါတယ္။ Laptop ေတြမွာ ေနရာတစ္ခုပဲရွိရင္ သိမ္းဆည္းႏိုင္မွဳ ငယ္တဲ့ SSD သံုးမလား၊ အမ်ားၾကီးသိမ္းႏိုင္တဲ့ HDD သံုးမလား ေဝခြဲရခက္တတ္ပါတယ္။ (အက္ဒမင္ကေတာ့ SSD ကိုပဲေရြးမွာပါ။ အမ်ားၾကီးသိမ္းခ်င္ရင္ External HDD နဲ ့တြဲသံုးလုိက္ပါမယ္။)

🤔 M.2 SSD ခ်ိတ္ဆက္ဖို ့အေပါက္ေတြက ကြန္ပ်ဴတာတိုင္းမွာ မပါပါဘူး။

===

ခန့္မွန္ေစ်းႏွဳန္းမ်ား (July 2018)

(ဝယ္ယူသည့္အမွတ္တံဆိပ္ႏွင့္ အမ်ိဳးအစား၊ ပရိုမိုးရွင္းတို ့ေပၚတြင္မူတည္ျပီး ကြာျခားႏိုင္ပါတယ္။

HDD (Desktop)

1TB - 55000 က်ပ္ 2TB - 80000 က်ပ္ 3TB - 120000 က်ပ္ 4TB - 150000 က်ပ္

HDD (Laptop)

1TB - 70000 က်ပ္ 2TB - 100000 က်ပ္

SSD (SATA/ M.2 SATA)

120/128 GB - 80000 က်ပ္ 240/256 GB - 110000-150000 က်ပ္ 480/500/512 GB - 200000-300000 က်ပ္ 1TB - 500000 က်ပ္

SSD (M.2 PCIE)

128 GB - 80000 က်ပ္ ...

⁉️⁉️ သင့္ကြန္ပ်ဴတာအတြက္ ဘယ္ Storage Device ကို ေရြးခ်ယ္မွာလဲ...

🌟ဘက္ဂ်က္နည္းနည္းနဲ ့ ေဒတာေတြ အမ်ားၾကီးသိမ္းခ်င္တယ္ဆိုရင္ေတာ့ HDD ကိုေရြးပါ။ ေႏွးတယ္ဆိုေပမယ့္ ေပးရတဲ့ တန္ဖိုးနဲ ့အမ်ားၾကီးသံုးရပါတယ္။

🌟ဘက္ဂ်က္လည္းသံုးႏိုင္တယ္။ ျမန္တာလည္းၾကိဳက္တယ္ဆိုရင္ေတာ့ SSD ကိုသံုးပါ။ ၂၀၁၈ မွာ SSD ကိုဦးစားေပးသံုးသင့္ေနပါျပီ။

-လက္ရွိ ကြန္ပ်ဴတာကို SSD ျဖည့္စြက္လိုက္ရင္လည္း အျမန္ႏွဳန္းကိုသိသိသာသာခံစားရမွာျဖစ္ပါတယ္။ အေကာင္းဆံုးအဆင့္ျမွင့္တင္မွဳတစ္ခုလို့ေျပာခ်င္ပါတယ္။

- Desktop ေတြမွာ အလြယ္တစ္ကူ SSD တစ္လံုးထပ္မံ ျဖည့္စြက္ႏိုင္ပါတယ္။ Operating system နဲ ့ေဆာ့ဝဲလ္ ေတြကို SSD မွာထားျပီး ေဒတာေတြကို HDD မွာထားႏိုင္ပါတယ္။ 240GB ေလာက္ေတာ့ အနည္းဆံုး သံုးသင့္ပါတယ္။

- Laptop ဆိုရင္လညး္ SSD နဲ ့လဲလွယ္ျပီး HDD အေဟာင္းကို External အေနနဲ ့ျပန္သံုးလို ့ရပါတယ္။ External HDD လုပ္တဲ့ ကာဗာ (HDD Enclosure) ကလည္း ၁၅၀၀၀ က်ပ္ဝန္းက်င္နဲ ့ဝယ္လို ့ရပါတယ္။

🌟 Gaming Laptop နဲ့ Gaming Desktop မွာ HDD ပဲသံုးေနေသးတယ္ဆိုရင္ေတာ့ အဆင့္ျမွင့္သင့္ပါျပီ။ အသံုးစရိတ္နည္းနည္းေခၽြတာျပီး SSD ဝယ္လိုက္ပါ။

🌟 Business အတြက္သံုးေန တဲ ့လက္ေတာ့ေတြလား။ သင့္ ဘက္ဂ်က္နဲ ့ကြန္ပ်ဴတာက လက္ခံႏိုင္ရင္ SSD လဲလိုက္ပါ။ ကိုယ္တစ္ေယာက္တည္း အလုပ္ထုိင္လုပ္ေနတာျဖစ္ျဖစ္၊ မီတင္ေတြမွာျဖစ္ျဖစ္ စက္ၾကီးဂြမ္းေနတာေတြ ကင္းေဝးသြားပါလိမ့္မယ္။

🌟 ပရိုဖက္ရွင္နယ္အလုပ္ေတြလုပ္မယ္ဆိုရင္၊ ေစာင့္ဆိုင္းေနရမယ့္အခ်ိန္ေတြကို ဝင္ေငြအျဖစ္ေျပာင္းလဲႏိုင္တယ္ဆိုရင္ေတာ့ M.2 PCIE ကိုေရြးခ်ယ္သင့္ပါတယ္။ SSD တန္ဖိုးသာမက သင့္ရဲ့ Motherboard ကိုပါအဆင့္ျမွင့္တင္ရတဲ့ ကုန္က်စရိတ္ပါရွိႏိုင္တယ္ဆိုတာ ေတာ့ ၾကိဳတင္တြက္ခ်က္ထားေစခ်င္ပါတယ္။

===

Bonus:

🌟 သင့္ စက္က CPU နိမ့္ေနလို ့၊ က်န္တာေတြ ေဟာင္းေနလို ့SSD လဲရင္ အက်ိဳးရွိမွာလား။ အရိုးရွင္းဆံုးေျပာရရင္ ပိုျမန္ျပီး အလုပ္လုပ္ရတာ ပိုအဆင္ေျပလာပါတယ္။ အက္ဒမင္ကိုယ္တိုင္ Celeron CPU နဲ ့SSD ကို သံုးတာ အလုပ္ပိုတြင္လာတာေတြ ့ရပါတယ္။

🌟 ဒါေပမယ့္ တစ္ဖက္က ခ်ိန္ရမွာက SSD ရဲ့ေစ်းက မေသးပါဘူး။ ဒီေတာ့ SSD လဲသင့္မလဲသင့္ဆိုတာ သင့္စက္ေပၚမွာ ပိုျပီးမူတည္ပါတယ္။ စက္ရဲ့အျခားအေျခအေနနဲ ့လက္က်န္သက္တမ္းစတာေတြကိုလည္း ခ်င့္ခ်ိန္စဥ္းစားရမွာပါ။

...

🔹 Operating System = ကြန္ပ်ဴတာမွာဆို Windows, Mac, Linus စတာေတြနဲ ့၊ မိုဘိုင္းမွာဆို Android, iOs စတာေတြကိုေျပာတာပါ။

🔹 TB = Terabyte (1TB = 1000GB)

🔹 MBps = Megabyte per second (တစ္စကၠန့္အတြင္း ကူးေျပာင္းႏုိင္သည္ ေဒတာပမာဏ မီဂါဘိုက္)

...

Tips: 👀 👀 👀

နည္းပညာမ်ားသည္ အစဥ္ေျပာင္းလဲတိုးတက္လွ်က္ရွိေသာေၾကာင့္ အရာအားလံုးကို ေလွနံဓားထစ္မွတ္ယူထားျခင္းထက္ အျမဲမျပတ္ေလ့လာေနရန္လိုအပ္ပါသည္။ ကၽြန္ေတာ္တို ့တူတူ ဆက္လက္သင္ယူၾကပါစို ့။


 

သင့်ကွန်ပျူတာအတွက် ဘယ် Storage Device ကို ရွေးချယ်မှာလဲ...(Hard Disk လား... SSD လား...)


Storage Device ဆိုတာ ကွန်ပျူတာနဲ ့ဖုန်းစတဲ့ လ ျှပ်စစ်ပစ္စည်းတွေမှာ သင့်ရဲ့ဒေတာအချက်အလက်၊ အလုပ်၊ ဓာတ်ပုံနဲ့ ဗီဒီယိုစတာတွေကို စက်ပိတ်လိုက်ရင်တောင် မပျောက်ပျက်အောင် သိမ်းဆည်းပေးထားနိုင်တဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။

ကွန်ပျူတာတစ်လုံးအတွက် Operating System (ဥပမာ Windows/ Mac) တင်ဖို ့၊ ဆော့ဝဲလ်တွေသွင်းဖို ့အဓိက အသုံးပြုတဲ့ Storage Device တွေကတော့ Hard Disk နဲ ့SSD (Solid State Drive) တွေဖြစ်ပါတယ်။

ဒီတော့ သင့်အတွက် ဘယ်ရွေးချယ်မှုကအကောင်းဆုံးဖြစ်မလဲ ဆက်လက်လေ့လာကြရအောင်။ လက်ရှိစျေးကွက်ထဲမှာ အသုံးများတဲ့ Storage Device တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ HDD (Hard Disk)

၂။ HHD (Hybrid Hard Drive)

၃။ SSD

[၁။ SSD (SATA) ၂။ M.2 SSD (SATA) ၃။ M.2 SSD (PCIE)]

(၂၀၁၈ မှာ SSD ဆိုတာ သိယုံနဲ ့မလုံလောက်တော့ပဲ ဘယ်လို SSD လဲဆိုတာပါ နားလည်းထားတဲ့အချိန်ရောက်လာပြီမို ့ဆက်ပြီး လေ့လာကြည့်ကြပါစို ့။)

===

၁။ HDD (Hard Disk)

အားလုံးရဲ့မိတ်ဆွေဟောင်းကြီးပါ။ ဒေတာတွေကို လည်ပတ်နေတဲ့ သတ္တုပြားတွေပေါ်မှာ သိမ်းဆည်းပါတယ်။ အရွယ်အစားအားဖြင့် 3.5 inch (Desktop) နဲ ့ 2.5 inch (Laptop) ဆိုပြီး နှစ်မျိုးလာပါတယ်။

အားသာချက်

😘 စျေးနှုန်းသက်သာခြင်း

😘 သိမ်းဆည်းနိုင်မှုပမာဏကြီးမားခြင်း (၂၀၁၈မှာ 12 TB အထိသိမ်းနိုင်တဲ့ HDD တွေရနိုင်ပါပြီ။)

အားနည်းချက်

🤔 ဒေတာတွေ ကူးပြောင်းတာ အလွန်နှေးပါတယ်။ အကြမ်းအားဖြင့် တစ်စက္ကန့်ကို ဒေတာကူးပြောင်းနှုန်း 100 MBps ဝန်းကျင်ရှိပါတယ်။

🤔 အလေးချိန်နဲ ့ပါဝါစားမှုမှာ SSD တွေထက်ပိုများပါတယ်။

🤔 ပြုတ်ကျတာ၊ ဆောင့်မိတာနဲ့ အကြမ်းမခံပါဘူး။ ဒေတာတွေပျက်စီးဖို ့ဖြစ်နိုင်ခြေပိုများပါတယ်။

(လည်ပတ်နေတဲ့ အစိတ်အပိုင်းတွေပါဝင်တဲ့အတွက် အသုံးပြုချိန် နှစ်အနည်းငယ်ကြာလာတာနဲ ့အမျှ ပျက်စီးယိုယွင်းလာနိုင်သလို ထိခိုက်မိရင်လည်းဖြစ်တတ်ပါတယ်။)

===

၂။ HHD (Hybrid Hard Drive)

HHD ဆိုတာ HDD ကို SSD သေးသေးလေးနဲ ့တွဲဖက်ထားတာဖြစ်ပါတယ်။ SSHD (Solid State Hard Drive) လို ့လည်းခေါ်ပါတယ်။

ဥပမာအားဖြင့် 1000GB HDD နဲ ့အတူ 16GB SSD ကိုတပ်ဆင်ထားပါတယ်။ ဒါပေမယ့် ကွန်ပျူတာမှာ Drive တစ်ခုအနေနဲ ့ပဲအလုပ်လုပ်ပါတယ်။ အသုံးပြုသူရဲ့ Operating System ဖိုင်တွေနဲ ့အဖွင့်များတဲ့ ဆော့ဝဲလ်တွေကို အလိုအလျောက် SSD ဘက်ခြမ်းကို ကူးယူးပေးထားပါတယ်။ ဒါကြောင့် စက်ဖွင့်တာ၊ ဆော့ဝဲလ်တွေ ဖွင့်တာမှာ ပုံမှန် HDD ထက်ပိုသွက်ပါတယ်။ ဒါပေမယ့် ထင်သလောက်အလုပ်မဖြစ်လို ့သိပ်ပြီး စျေးကွက်မဝင်လှပါဘူး။ အရွယ်အစားအားဖြင့် 3.5 inch (Desktop) နဲ ့ 2.5 inch (Laptop) ဆိုပြီး နှစ်မျိုးလာပါတယ်။

အားသာချက်

😘 စက်ဖွင့်တာ၊ ဆော့ဝဲလ်တွေ ဖွင့်တာမှာ ပုံမှန် HDD ထက်ပိုသွက်ပါတယ်။

😘 စျေးနှုန်းက SSD တွေထက်ပိုပြီး တွက်ခြေကိုက်ပါတယ်။

😘 သိမ်းဆည်းနိုင်မှုပမာဏကြီးမားခြင်း (၂၀၁၈မှာ 2 TB အထိသိမ်းနိုင်တဲ့ HHD တွေရနိုင်ပါပြီ။)

အားနည်းချက်

🤔 HDD ကိုအခြေခံထားလို ့အားနည်းချက်တွေကလည်းတူတူပဲဖြစ်ပါတယ်။ စျေးနှုန်းပိုင်းမှာလဲ HDD ထက် တစ်ဆခွဲလောက်ပိုများပါတယ်။

🤔 ဒေတာတွေ ကူးပြေင်းနှုန်းက HDD နဲ ့အတူတူပဲဖြစ်ပါတယ်။ အကြမ်းအားဖြင့် တစ်စက္ကန့်ကို ဒေတာကူးပြောင်းနှုန်း 100 MBps ဝန်းကျင်ရှိပါတယ်။

🤔 အလေးချိန်နဲ ့ပါဝါစားမှုမှာ SSD တွေထက်ပိုများပါတယ်။

🤔 ပြုတ်ကျတာ၊ ဆောင့်မိတာစတဲ့ အကြမ်းမခံပါဘူး။ ဒေတာတွေပျက်စီးဖို ့ဖြစ်နိုင်ချေပိုများပါတယ်။ (လည်ပတ်နေတဲ့ အစိ်တ်အပိုင်းတွေပါဝင်တဲ့အတွက် အသုံးပြုချိန် နှစ်အနည်းငယ်ကြာလာတာနဲ ့အမျှ ပျက်စီးယိုယွင်းလာနိုင်သလို ထိခိုက်မိရင်လည်းဖြစ်တတ်ပါတယ်။)

===

၃။ SSD

SSD အားလုံးမှာ ဒေတာတွေကို အိုင်စီ (Flash Memory) ပေါ်မှာ သိမ်းဆည်းကြပါတယ်။ ရွေ ့ရှားနေတဲ့ အစိတ်အပိုင်းတွေမပါတော့လို ့ပျက်စီးနိုင်စရာလျော့နည်းပြီး ပိုအကြမ်းခံပါတယ်။ အလေးချိန်နဲ ့ပါဝါစားလည်းသက်သာသွားတဲ့အတွက် Laptop တွေမှာ အလွန်အကျိုးရှိပါတယ်။

SSD (SATA) = မြင်နေကျ Hard Disk တွေလို လေးထောင့်ပုံပါပဲ။ 2.5 inch (Laptop) အရွယ်တစ်မျိုးပဲလာပါတယ်။ 2.5 inch Drive အတွက် နေရာမပါတဲ့ Desktop ပုံး တွေမှာတပ်ချင်တယ်ဆိုရင် အရွယ်ပြောင်းတဲ့ ကာဗာ (3.5 inch adapter) ခံပြီးတပ်ဆင်ရမှာပါ။ မာသားဘုတ်ပေါ်မှာရှိတဲ့ SATA-3 အပေါက်နဲ ့တွဲဆက်ရမှာဖြစ်ပါတယ်။

(SATA-2 နဲ ့တွဲဆက်လိုက်ရင် မြန်နှုန်းတစ်ဝက်ပဲရမှာ ဖြစ်ပါတယ်။)

M.2 SSD (SATA) = M.2 (SATA) ပါတဲ့ မားသားဘုတ် (Motherboard) တွေမှာပဲတပ်ဆင်နိုင်ပါတယ်။ Laptop တွေနဲ ့ Desktop ဘုတ်အမြင့်တွေမှာပါပါတယ်။ အမြန်နှုန်းစွမ်းဆောင်ရည်ပိုင်းက SSD (SATA) နဲ ့တူတူပါပဲ။ တပ်ဆင်ရတဲ့နေရာကွာခြားသွားတာပါ။ အရွယ်သေးသွားတဲ့အတွက် ပါးလွှာတဲ့ Laptop တွေမှာတော့ နေရာအဆင်ပြေစေပါတယ်။

M.2 SSD (PCIE) = M.2 (PCIE) ပါတဲ့ မားသားဘုတ် (Motherboard) တွေမှာပဲတပ်ဆင်နိုင်ပါတယ်။ Laptop တွေနဲ ့ Desktop ဘုတ်အမြင့်တွေမှာပါပါတယ်။ NVMe SSD လို ့လည်းခေါ်ကြပါတယ်။

(M.2 SSD တွေမှာလည်းအရွယ်အစားရှိပါတယ်။ 2280 ဆိုတာ ၂၂ မီလီမီတာ x ၈ဝမီလီမီတာ အရွယ်ကိုဆိုလိုပါတယ်။ 2242 ဆိုရင် ၂၂ မီလီမီတာ x ၄၂ မီလီမီတာကိုဆိုလလိုတာပါ။)

(M.2 အပေါက်က တူပေမယ့် PCIE လား၊ SATA လား၊ နှစ်ခုစလုံးရသလားဆိုတာကို Laptop (သို ့) Motherboard မော်ဒယ်ကိုကြည့်ပြီး သက်ဆိုင်ရာ Website မှာသွားရှာရမှာပါ။ ဒါမှမဟုတ် စက်ကိုဖွင့်ကြည့်ပြီး ဘာရေးထားလဲကိုရှာနိုင်ပါတယ်။ ဘာမှာ မရေးထားရင် မျက်လုံးအမြင်နဲ ့ဆုံးဖြတ်ဖို ့ခက်ပါတယ်။)

အားသာချက်

😘 SSD တွေက စွမ်းဆောင်ရည်အလွန်မြန်ပါတယ်။ ဒေတာကူးပြောင်းနိုင်စွမ်းမှာ HDD တွေထက် ၅-၁၀ ဆလောက်အထိပိုကောင်းကြပါတယ်။ စက်ဖွင့်တာဖြစ်ဖြစ်၊ ဆော့ဝဲလ်တွေ သုံးတာဖြစ်ဖြစ်၊ ဖိုင်တွေကူးတာဖြစ်ဖြစ် သိသိသာသာသာ မြန်ပါတယ်။ SSD သုံးပြီး HDD ကို ပြန်လှည့်မကြည့်ချင်လောက်အောင်ကွာပါတယ်။

SSD အမျိုးအစားအလိုက် ဒေတာကူးပြောင်းနှုန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

⏱️SSD (SATA) = 550 MBps

⏱️M.2 SSD (SATA) = 550 MBps

⏱️M.2 SSD (PCIE) = 3000 MBps++

(💥💥💥SSD မှာ မော်ဒယ်နဲ ့သိမ်းဆည်းနိုင်မှုပမာဏအလိုက် အမြန်နှုန်းကွာခြားပါတယ်။)

😘 ပါဝါစားသက်သာတယ်။ အပူထုတ်လုပ်မှုနည်းတယ်။ အလေးချိန်ပေါ့တယ်။

😘 အရွယ်အစားသေးငယ်လို ့ ပေါ့ေ့ပါ့ပါးပါး Laptop ဒီဇိုင်းတွေမှာ ထည့်သွင်းအသုံးပြုပါတယ်။

😘 အကြမ်းခံတယ်၊ ပျက်ဖို ့လည်းဖြစ်နိုင်ခြေပိုနည်းပါတယ်။

အားနည်းချက်

🤔 စျေးနှုန်းမြင့်မားခြင်း။ HDD တွေထက်စျေးနှုန်း သိသိသာသာ မြင့်မားပါတယ်။ ဒါကြောင့် Operating System သွင်းတာ၊ ဆော့ဝဲလ်သွင်းတာတွေအတွက် အဓိကထားပြီးသုံးကြပါတယ်။ ပုံတွေ၊ ဗီဒီယိုတွေ ဒေတာတွေအများကြီး သိမ်းဖို ့ဆို Hard Disk သီးခြားနဲ ့အသုံးပြုကြပါတယ်။ Laptop တွေမှာ နေရာတစ်ခုပဲရှိရင် သိမ်းဆည်းနိုင်မှု ငယ်တဲ့ SSD သုံးမလား၊ အများကြီးသိမ်းနိုင်တဲ့ HDD သုံးမလား ဝေခွဲရခက်တတ်ပါတယ်။

(အက်ဒမင်ကတော့ SSD ကိုပဲရွေးမှာပါ။ အများကြီးသိမ်းချင်ရင် External HDD နဲ ့တွဲသုံးလိုက်ပါမယ်။)

🤔 M.2 SSD ချိတ်ဆက်ဖို ့အပေါက်တွေက ကွန်ပျူတာတိုင်းမှာ မပါပါဘူး။

===

ခန့်မှန်စျေးနှုန်းများ (July 2018)

(ဝယ်ယူသည့်အမှတ်တံဆိပ်နှင့် အမျိုးအစား၊ ပရိုမိုးရှင်းတို ့ပေါ်တွင်မူတည်ပြီး ကွာခြားနိုင်ပါတယ်။

HDD (Desktop)

1TB - 55000 ကျပ်

2TB - 80000 ကျပ်

3TB - 120000 ကျပ်

4TB - 150000 ကျပ်

HDD (Laptop)

1TB - 70000 ကျပ်

2TB - 100000 ကျပ်

SSD (SATA/ M.2 SATA)

120/128 GB - 80000 ကျပ်

240/256 GB - 110000-150000 ကျပ်

480/500/512 GB - 200000-300000 ကျပ်

1TB - 500000 ကျပ်

SSD (M.2 PCIE)

128 GB - 80000 ကျပ်

...

⁉️⁉️ သင့်ကွန်ပျူတာအတွက် ဘယ် Storage Device ကို ရွေးချယ်မှာလဲ...

🌟ဘက်ဂျက်နည်းနည်းနဲ ့ ဒေတာတွေ အများကြီးသိမ်းချင်တယ်ဆိုရင်တော့ HDD ကိုရွေးပါ။ နှေးတယ်ဆိုပေမယ့် ပေးရတဲ့ တန်ဖိုးနဲ ့အများကြီးသုံးရပါတယ်။

🌟ဘက်ဂျက်လည်းသုံးနိုင်တယ်။ မြန်တာလည်းကြိုက်တယ်ဆိုရင်တော့ SSD ကိုသုံးပါ။ ၂၀၁၈ မှာ SSD ကိုဦးစားပေးသုံးသင့်နေပါပြီ။

-လက်ရှိ ကွန်ပျူတာကို SSD ဖြည့်စွက်လိုက်ရင်လည်း အမြန်နှုန်းကိုသိသိသာသာခံစားရမှာဖြစ်ပါတယ်။ အကောင်းဆုံးအဆင့်မြှင့်တင်မှုတစ်ခုလို့ပြောချင်ပါတယ်။

- Desktop တွေမှာ အလွယ်တစ်ကူ SSD တစ်လုံးထပ်မံ ဖြည့်စွက်နိုင်ပါတယ်။ Operating system နဲ ့ဆော့ဝဲလ် တွေကို SSD မှာထားပြီး ဒေတာတွေကို HDD မှာထားနိုင်ပါတယ်။ 240GB လောက်တော့ အနည်းဆုံး သုံးသင့်ပါတယ်။

- Laptop ဆိုရင်လညး် SSD နဲ ့လဲလှယ်ပြီး HDD အဟောင်းကို External အနေနဲ ့ပြန်သုံးလို ့ရပါတယ်။ External HDD လုပ်တဲ့ ကာဗာ (HDD Enclosure) ကလည်း ၁၅၀၀၀ ကျပ်ဝန်းကျင်နဲ ့ဝယ်လို ့ရပါတယ်။

🌟 Gaming Laptop နဲ့ Gaming Desktop မှာ HDD ပဲသုံးနေသေးတယ်ဆိုရင်တော့ အဆင့်မြှင့်သင့်ပါပြီ။ အသုံးစရိတ်နည်းနည်းချွေတာပြီး SSD ဝယ်လိုက်ပါ။

🌟 Business အတွက်သုံးနေ တဲ ့လက်တော့တွေလား။ သင့် ဘက်ဂျက်နဲ ့ကွန်ပျူတာက လက်ခံနိုင်ရင် SSD လဲလိုက်ပါ။ ကိုယ်တစ်ယောက်တည်း အလုပ်ထိုင်လုပ်နေတာဖြစ်ဖြစ်၊ မီတင်တွေမှာဖြစ်ဖြစ် စက်ကြီးဂွမ်းနေတာတွေ ကင်းဝေးသွားပါလိမ့်မယ်။

🌟 ပရိုဖက်ရှင်နယ်အလုပ်တွေလုပ်မယ်ဆိုရင်၊ စောင့်ဆိုင်းနေရမယ့်အချိန်တွေကို ဝင်ငွေအဖြစ်ပြောင်းလဲနိုင်တယ်ဆိုရင်တော့ M.2 PCIE ကိုရွေးချယ်သင့်ပါတယ်။ SSD တန်ဖိုးသာမက သင့်ရဲ့ Motherboard ကိုပါအဆင့်မြှင့်တင်ရတဲ့ ကုန်ကျစရိတ်ပါရှိနိုင်တယ်ဆိုတာ တော့ ကြိုတင်တွက်ချက်ထားစေချင်ပါတယ်။

===

Bonus:

🌟 သင့် စက်က CPU နိမ့်နေလို ့၊ ကျန်တာတွေ ဟောင်းနေလို ့SSD လဲရင် အကျိုးရှိမှာလား။ အရိုးရှင်းဆုံးပြောရရင် ပိုမြန်ပြီး အလုပ်လုပ်ရတာ ပိုအဆင်ပြေလာပါတယ်။ အက်ဒမင်ကိုယ်တိုင် Celeron CPU နဲ ့SSD ကို သုံးတာ အလုပ်ပိုတွင်လာတာတွေ ့ရပါတယ်။

🌟 ဒါပေမယ့် တစ်ဖက်က ချိန်ရမှာက SSD ရဲ့စျေးက မသေးပါဘူး။ ဒီတော့ SSD လဲသင့်မလဲသင့်ဆိုတာ သင့်စက်ပေါ်မှာ ပိုပြီးမူတည်ပါတယ်။ စက်ရဲ့အခြားအခြေအနေနဲ ့လက်ကျန်သက်တမ်းစတာတွေကိုလည်း ချင့်ချိန်စဉ်းစားရမှာပါ။

...

🔹 Operating System = ကွန်ပျူတာမှာဆို Windows, Mac, Linus စတာတွေနဲ ့၊ မိုဘိုင်းမှာဆို Android, iOs စတာတွေကိုပြောတာပါ။

🔹 TB = Terabyte (1TB = 1000GB)

🔹 MBps = Megabyte per second (တစ်စက္ကန့်အတွင်း ကူးပြောင်းနိုင်သည် ဒေတာပမာဏ မီဂါဘိုက်)

...

Tips: 👀 👀 👀

နည်းပညာများသည် အစဉ်ပြောင်းလဲတိုးတက်လျှက်ရှိသောကြောင့် အရာအားလုံးကို လှေနံဓားထစ်မှတ်ယူထားခြင်းထက် အမြဲမပြတ်လေ့လာနေရန်လိုအပ်ပါသည်။ ကျွန်တော်တို ့တူတူ ဆက်လက်သင်ယူကြပါစို ့။

 
152 views

תגובות


bottom of page