top of page
Blog: Blog2
Search
Oppo F7 review
<Unicode version included>
Oppo F7 ဆိုတာ ပေးရတဲ့ဈေးအတွက် အကောင်းဆုံးစွမ်းဆောင်ရည်ရှိတဲ့ ဖုန်းတစ်လုံးလား?
-----
>> တည်ဆောက်ပုံ
---------------------------------
>> Display (မျက်နှာပြင်) 📱 📱 📱
---------------------------------
>> ကင်မရာ 📷 📸
---------------------------------
>> Audio 🔊 🔊
---------------------------------
---------------------------------
>> Software
---------------------------------
>> သိမ်းဆည်းနိုင်မှု 🗄️ 🗃️ 🗄️ 🗃️
---------------------------------
>> Battery 🔋 🔋 🔋
💡 ၃၄၀၀ mAh ဘက်ထရီပါ။
---------------------------------
>> လုံခြုံရေး (Security)
---------------------------------
💡 FM ရေဒီယို ပါဝင်တယ်။
---------------------------------
အားသာချက်
😘 အလန်း ဆယ်ဖီ ကင်မရာ
---
အားနည်းချက်
---------------------------------
⁉️⁉️
---------------------------------
Oppo F7 ဆိုတာ ပေးရတဲ့ဈေးအတွက် အကောင်းဆုံးစွမ်းဆောင်ရည်ရှိတဲ့ ဖုန်းတစ်လုံးလားဆိုတဲ့မေးခွန်းကို ဖြေရရင်...
---------------------------------
Tips: 👀 👀 👀
Oppo F7 ဆိုတာ ပေးရတဲ့စျေးအတွက် အကောင်းဆုံးစွမ်းဆောင်ရည်ရှိတဲ့ ဖုန်းတစ်လုံးလား?
-----
Oppo ဖုန်းတွေက ကင်မရာကို အဓိကအားပြုပြီး စျေးကွက်ထိုးဖောက်လေ့ရှိပါတယ်။ ဒါပေမယ့် ကင်မရာက မီဂါပစ်ဆယ်များ၊ ဖန်ရှင်တွေများပေမယ် နောက်ကွယ်က Display နဲ ့စွမ်းဆောင်ရည်တွေမှာ အားနည်းနေတော့ ပြောသလောက်အလုပ်မဖြစ်ကြပါဘူး။
ကဲ... Oppo F7 က ဒီအစဉ်အလာတွေကို ပြောင်းလဲပြီး ရွေးချယ်စရာ ဖုန်းကောင်းတစ်လုံးဖြစ်လာမလား ကြည့်ကြရအောင်...
>> တည်ဆောက်ပုံ
💡 အရှေ ့ဘက်က မှန်အပြည့်ဖြစ်ပြီး အနောက်ဘက်က ပလပ်စတစ် ဘော်ဒီဖြစ်ပါတယ်။
💡 မှန်ကို Gorilla Glass 5 အသုံးပြုထားတော့ အတိုင်းအတာတစ်ခုအထိ စိတ်ချယုံကြည်နိုင်ပါတယ်။
💡 ဘယ်ဘက်မှာ အသံအတိုးအကျယ်ခလုတ်ရှိပါတယ်။
💡 ညာဘက်မှာ ပါဝါခလုတ်နဲ ့ဆင်းကဒ်အပေါက်ရှိပါတယ်။
💡 စပီကာ၊ microUSB နဲ ့3.5mm audio jack ကို ဖုန်းရဲ့ အောက်လက်မှာ တွေ ့ရမှာပါ။
💡 3.5mm audio jack ပါတဲ့အတွက် နားကြပ်သမားတွေအတွက်တော့ အဆင်ပြေပါတယ်။
💡 အပေါ်ဘက်မှာ ဒုတိယ မိုက်ခရိုဖုန်းတစ်ခုပဲရှိပါတယ်။
💡 အနောက်ဘက်မှာ ကင်မရာနဲ့အတူ LED မီး၊ လက်ဗွေစနစ်နဲ ့ Oppo အမှတ်တံဆိပ်ရှိပါတယ်။
💡 အနောက်ဘက်ကင်မရာက မဆိုသလောက်လေးပဲ ဖုထွက်နေပါတယ်။
💡 အလေးချိန်က ၁၅၈ ဂရမ်ရှိတယ်ဆိုတော့ မျက်နှာပြင်ကြီးဖုန်းတွေထဲမှာ ပေါ့တယ်လို ့ဆိုရမှာပါ။
💡 ရေနဲ့ ဖုန်မှုန် ့များကိုခံနိုင်ရည် (IP rating) မပါရှိပါဘူး။
💡 အနောက်ဘက်ဘော်ဒီက ပြောင်ပြောင်လက်လက်နဲ ့တော်တေ်ာလှပါတယ်။ အထူးသဖြင့် အက်ဒမင်ကတော့ အနီလေးကိုကြိုက်ပါတယ်။ ဒါပေမယ့် ပြောင်ပြောင်လက်လက်က လက်ဗွေရာအလွန်ထင်ပါတယ်။ ခဏလေးနဲ ့ပေပွသွားနိုင်ပါတယ်။
💡 နောက်တစ်ခုက အင်မတန် နုပါတယ်။ အက်ဒမင် စမ်းသုံးတဲ့ နှစ်ပတ်အတွင်းမှာ ပွန်းရာအနည်းငယ်ထင်နေပါပြီ။
💡 ပလပ်စတစ်ဘော်ဒီကြောင့် အလေးချိန်ပေါ့ပါးပေမယ့် သတ္တုကိုယ်ထည်တွေကို ကိုင်ရသလောက် ဖီလင်မရှိပါဘူး။ လေးသိန်းဝန်းကျင် အခြားဖုန်တွေထက်တော့ ဒီနေရာမှာ နညန်းနည်း ဂွမ်းပါတယ်။
---------------------------------
>> Display (မျက်နှာပြင်) 📱 📱 📱
💡 ၆.၂၃ လက်မရှိတဲ့ IPS LCD က F7 ရဲ့ အထင်ကရဖြစ်ပါတယ်။
💡 19:9 အချိုးရှိတဲ့ မျက်နှာပြင်အရှည်ဖြစ်ပြီး ချို (Notch) လေးနဲ ့ပါ။
💡 FullHD+ Resolution နဲ့ ဆိုတော့ ပေမှီ ဒေါက်မှီဖြစ်ပါတယ်။
💡 Screen to body ratio က ၈၂.၅% ဆိုတော့ ဘောင်တွေတော်တော်ပါးသွားပါပြီ။ အောက်ဘက်မှာပဲ ဘောင်နေရာသိသိသာသာကျန်ပါတော့တယ်။
💡 မျက်နှာပြင် (Display) အရည်အသွေးကို ပြောရရင် ကျေနပ်အားရဖွယ်ရာဖြစ်ပါတယ်။ အရောင်တွေလည်းစို၊ ကြည်လင်ပြတ်သားမှုလည်းရှိပါတယ်။ မျက်နှာပြင်ကျယ်ကြီးနဲ ့ဆိုတော့ အလယ်အလတ်ဖုန်းတစ်လုံးအနေနဲ ့တော်တေ်ာကောင်းနေပါပြီ။
💡ကြံဖန်ပြီးပြောရရင် ဘေးဘက်ကစောင်းကြည့်ရင် (Viewing angle) က ထိပ်တန်းဖုန်းတွေလောက်တော့ မကောင်းသေးပါဘူး။ ပြီးတော့ အရောင်မှန်ကန်မှုမှာလညး်အနည်းငယ်လိုသည်ပေါ့။ ဒါပေမယ့် မပြောပလောက်တဲ့ ကိစ္စတွေပါ။
---------------------------------
>> ကင်မရာ 📷 📸
💡 ကျောဘက်ကင်မရာမှာ ၁၆ မီဂါပစ်ဆယ် (f/ 1.8) ဖြစ်ပါတယ်။
💡 အရည်အသွေးကိုပြောပါဆိုရင် အလင်းရောင်အားကောင်းရင် အခြား အလယ်အလတ်ဖုန်းတွေ နည်းတူ ဂွတ်တယ်ပေါ့။
💡 အလင်းရောင် အားနည်းလာရင်တော့ Focus ဖြတ်တာ နှေးလာတယ်၊ အစက်အပြောက် (Noise) တွေတက်လာတယ်။ အကောင်းဆုံး Low Light စွမ်းဆောင်ရည်ရှိတဲ ့ဖုန်းတွေနဲ ့ဝေးပါသေးတယ်။
💡 အရှေ့ (Selfie) မှာ ၂၅ မီဂါပစ်ဆယ် (f/ 2.0) ဖြစ်ပါတယ်။ ဆယ်ဖီကင်မရာတွေထဲမှာ လက်ရှိ မီဂါပစ်ဆယ်အများဆုံးပါ။
💡 ပုံထွက်ကလည်းတော်တော်အားရစရာပါ။ Effect ပေါင်းစုံနဲ ့ မယုံနိုင်အောင်ချောချင်သူတွေအတွက်လည်းကောင်း၊ အနုစိတ် (Details) ပုံထွက်ချင်သူတွေအတွက်လည်း အားရစရာပါ။
💡 Selfie Expert ဖုန်းတစ်လုံးရယ်လို ့အက်ဒမင်ကတော့ လက်ခံလိုက်ပါတယ်။ Congratualations ပါ Oppo။
💡 Video Recording ကို FullHD (1080) နဲ ့ပြုလုပ်နိုင်ပါတယ်။ အလယ်အလတ်တန်းဖုန်းတွေရဲ့ ပုံမှန်ပဲပေါ့။
💡အခြားအနေနဲ ့AI စတေကာ၊ Portrait Mode၊ Manual Mode နဲ ့ဖန်ရှင်ပေါင်းများစွာလည်းပါပါသေးတယ်။
💡 ကင်မရာဖွင့်တာကော၊ ရိုက်တာပါ မြန်တယ်ပြောရမှာပါ။ ဒါပေမယ့် အလင်းရောင်အားနည်းတဲ့အချိန်မှာ ရိုက်ပြီးရင် ကင်မရာကို မရွေ ့သေးပဲခဏစောင့်ပေးရပါတယ်။ ရိုက်ပြီးတာနဲ ့ချက်ချင်းရွေ ့လိုက်ရင် ပုံဝါးဝါးတွေ ဖြစ်တတ်ပါတယ်။
💡 လက်ရဲ့ တုန်ခါမှုတွေကို လျော့ချပေးတဲ့ OIS (Optical Image Stabilization) မပါဝင်ပါဘူး။
💡 ဗီဒီယိုအနေနဲ့ 4K မရပါဘူး။
💡 Portrait ပုံတွေက မဆိုးပါဘူး။ ဒါပေမယ့် Zoom အနီးကပ်ချဲ ့ကြည့်ရင် အနားသတ်တွေမှာ အသေမသပ်တွေတွေ ့ရပါတယ်။
---------------------------------
>> Audio 🔊 🔊
💡 မိုနိုစပီကာ (စပီကာတစ်ခုတည်း) ဖြစ်ပါတယ်။
💡 အသံကျယ်ပါတယ်။ အရည်အသွေးကတော့ အကောင်းကြီးမဟုတ်ပါဘူး။ ကြားတော့ကြားရတယ်။ အရမ်းတော့ မလန်းပါဘူး။
---------------------------------
>> Performance (စွမ်းဆောင်ရည်) 💪 💪 💪
💡 F7 ရဲ့ အားသာချက်တစ်ခုပါ။
💡 အမှတ်တံဆိပ်အစွဲကြီးတဲ့ ဒို ့မြန်မာတွေက ဂျင်းလို ့သတ်မှတ်ထားတဲ့ Mediatek ကထုတ်လုပ်တဲ့ Helio P60 က အလယ်အလတ်တန်းမှာ တော်တော်ကြီးကို ကောင်းပါတယ်။
💡SD450, SD625, SD630, SD636, Kirin 659, Exynos 7870, Exynos 7880 တို ့ထက်အများကြီးသာပါတယ်။ SD660 နဲ ့မတိမ်းမယိမ်းဖြစ်ပါတယ်။
💡 စာရွက်ပေါ်မှာသာမက တစ်ကယ်အသုံးပြုရတာလည်း သွက်ပါတယ်။ ဂိမ်းတွေဆော့ရင်လည်း အရမ်းမပူပါဘူး။
💡 အလယ်အလတ်တန်းထဲမှာ ဆရာတစ်ဆူအဖြစ် သတ်မှတ်နိုင်ပါတယ်။
---------------------------------
>> Software
💡 Android Version ကတော့ 8.1 (Oreo) နဲ့ လာပါတယ်။
💡 Color OS ကိုအသုံးပြုထားပြီး iOS နဲ ့တော်တော်ကြီးကို ဆင်တူအောင် ပြုလုပ်ထားပါတယ်။
💡ဖုန်းကို လိုသလို မွန်းမံခြယ်သဖို ့ဖန်ရှင်နဲ ့ရွေးချယ်ခွင့်များစွာပါဝင်ပါတယ်။
💡 Google Play Store၊ ဇော်ဂျီ/ ယူနီကုဒ် အသင့်ပါဝင်ပြီးသားဖြစ်ပါတယ်။
💡 Themes တွေအသုံးပြုနိုင်ပါတယ်။
💡 Facebook/ messenger/ Viber စတဲ့ ဆက်သွယ်ရေး အပလီကေးရှင်းတွေကို နှစ်ခုခွဲပြီး အသုံးပြုနိုင်ပါတယ်။
💡 Home/Back/Task Switcher ခလုတ်တွေကို တစ်ခြား Android ဖုန်းတွေလို မျက်နှာပြင်ပေါ်မှာ ထားပြီးသုံးနိုင်သလို iPhone X လို Gesture အနေနဲ ့လည်းအသုံးပြုနိုင်ပါတယ်။
💡 ဒီဖုန်းကို သုံးနေတဲ ့နှစ်ပတ်အတွင်း အဆင်မပြေတာလေးတွေ ကြုံရပါတယ်။ အက်ဒမင်က TT Keyboard ကို အသုံးပြုပါတယ်။ ဒါပေမယ့် သူ ့အလိုလို ကီးဘုတ်ပြောင်းသွားတာ ၃ ခါလောက်ဖြစ်ပါတယ်။ နောက်တစ်ခုက Night Mode နဲ ့သုံးနေတဲ့ အချိန်မှာ မျက်နှာပြင်က အဝါရောင်ဖြစ်လိုက်၊ ပုံမှန်အရောင်ဖြစ်လိုက်နဲ ့ပြောင်းနေပါတယ်။ ဒါလည်းပုံမှန်မဟုတ်ပါဘူး။
💡 Notch ကိုလည်းကောင်းကောင်းမချိန်ညှိနိုင်ပါဘူး။ စာတွေက Notch အောက်မှာ ကွယ်တာ App တော်တော်များများမှာကြုံရပါတယ်။ နောက်ဆုံး Notch ကို ပိတ်ပြီးသုံးလိုက်မှပဲ အဆင်ပြေသွားပါတယ်။
💡အက်ဒမင်က ဆော့ဝဲလ်ပိုင်းကို ထူးထူးခြားခြားပြောလေ့မရှိပါဘူး။ ဒါပေမယ့် F7 မှာအဆင်ပြေတာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒါပေမယ့် ကြီးကြီးမားမား ပြသနာတွေမဟုတ်သလို Update လုပ်ရင်းနဲ ့လည်းပြေလည်သွားနိုင်ပါတယ်။
---------------------------------
>> သိမ်းဆည်းနိုင်မှု 🗄️ 🗃️ 🗄️ 🗃️
💡 RAM 4GB + Storage 64GB နဲ့ RAM 6GB + Storage 128GB ဆိုပြီးနှစ်မျိုးရှိပါတယ်။
💡 microSD ကို 256GB အထိထပ်စိုက်နိုင်ပါတယ်။
💡 ကောင်းတာတစ်ခုက ဆင်းကဒ်နှစ်ကဒ်နဲ ့မန်မိုရီကဒ် နေရာလုစရာမလိုပါဘူး။ ပြိုင်တူသုံးလို ့ရပါတယ်။
---------------------------------
>> Battery 🔋 🔋 🔋
💡 ၃၄၀၀ mAh ဘက်ထရီပါ။
💡 ဘက်ထရီခံပါတယ်။ ပုံမှန်သုံးသူတွေအတွက် မနက်ကနေ ညအထိအေးဆေးပါ။
💡 အမြန်အားသွင်းစနစ် (Fast Charging) မပါပါဘူး။
---------------------------------
>> လုံခြုံရေး (Security)
💡 လက်ဗွေစနစ် (Finger Print) နဲ ့ မျက်နှာ (Face Unlock) နှစ်ခုပေါင်းပြီး အသုံးပြုနိုင်ပါတယ်။
💡 နှစ်ခုစလုံးက ရေလည်မြန်ပါတယ်။ Unlock လုပ်ရတာ စိတ်မညစ်ရမယ့်ဖုန်းပါ။
(Face Unlock မှာတော့ အခြားဖုန်းတွေနည်းတူ လုံခြုံရေးအားနည်းချက်ရှိနိုင်ပါတယ်။)
---------------------------------
>> ဆက်သွယ်ရေး (Connectivity)
💡 4G နှစ်ကဒ်ပြိုင်တူတက်ပါတယ်။ တစ်ခြား 4G+3G ဖုန်းတွေနဲ ့သိပ်မကွာပေမယ့် အားသာချက်တစ်ခုအနေနဲ ့အသိအမှတ်ပြုရမှာပါ။
💡 OTG ဖုန်ရှင်ပါဝင်လို ့မန်မိုရီစတစ်နဲ ့တိုက်ရိုက်ချိတ်ဆက်ပြီး ဒေတာတွေကူးနိုင်တယ်။ USB အပေါက်ကတော့ Type C တော့မဖြစ်သေးပါဘူး။
💡 FM ရေဒီယို ပါဝင်တယ်။
💡 အလယ်အလတ်ဖုန်းတို ့ရဲ့ ထုံးစံအတိုင်း ကြိုးမဲ့အားသွင်းစနစ် (Wireless charging) နဲ ့ NFC မပါဝင်ပါဘူး။
---------------------------------
အားသာချက်
😘 စွမ်းဆောင်ရည်မြင့် SOC
😘 စွဲဆောင်မှုရှိပြီး အရည်အသွေးကောင်းတဲ့ Display
😘 အလန်း ဆယ်ဖီ ကင်မရာ
---
အားနည်းချက်
😡 ပွန်းလွယ်ထိလွယ် ဘော်ဒီ
😡 အမြန်အားသွင်းစနစ်မပါသော microUSD
😡 ဆော့ဝဲလ်အထစ်အငေါ့လေးများ
---------------------------------
⁉️⁉️
Oppo F7 (RAM 4, Storage 64) – 389,000
Oppo F7 (RAM 6, Storage 128) – 489,000
အရောင် - အနီ၊ အနက်၊ ငွေရောင်။
!!! F7 ကို မန်မိုရီပမာဏ (၂) မျိုးနဲ ့ရရှိနိုင်ပါတယ်။ ဒါပေမယ့် အက်ဒမင်ကတော့ RAM 4, Storage 64 ကိုပဲဝယ်မှာပါ။ Storage ကို MicroSD card နဲ ့စျေးသက်သက်သာသာ တိုးမြှင့်နိုင်ပါတယ်။�RAM 4 GB နဲ ့ 6 GB ကလည်း လက်တွေ ့မှာ ဘာမှသိပ်ထူးခြားမှာ မဟုတ်ပါဘူး။
---------------------------------
Oppo F7 ဆိုတာ ပေးရတဲ့စျေးအတွက် အကောင်းဆုံးစွမ်းဆောင်ရည်ရှိတဲ့ ဖုန်းတစ်လုံးလားဆိုတဲ့မေးခွန်းကို ဖြေရရင်...
😨 သင်က အာမခံဝန်ဆောင်မှုတွေ စိတ်မဝင်စားဘူး၊ မြန်မာဖောင့်တွေ၊ Google service တွေအဆင်သင့်ပါလာကို ဂရုမစိုက်ဘူးဆိုရင်တော့ နိုးပါ။ဘာကြောင့်လဲဆိုတော့ Mi 8 SE လိုမျိုး ပါဖောင်မန် ့ပိုကြမ်းတဲ့ ဖုန်းတွေရှိနေသေးလို ့ပါ။
😍 ဒါပေမယ့် အာမခံပါတာလေးလိုချင်တယ်၊ မြန်မာဖောင့်အတွက် စိတ်ရှုပ်မခံချင်ဘူး၊ Google services တွေကို အပြည့်အဝသုံးချင်တယ်ဆိုရင်တော့ ရှေ ့တန်းကရွေးချယ်သင့်တယ် အလယ်အလတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။
---------------------------------
Tips: 👀 👀 👀
နည်းပညာများသည် အစဉ်ပြောင်းလဲတိုးတက်လျှက်ရှိသောကြောင့် အရာအားလုံးကို လှေနံဓားထစ်မှတ်ယူထားခြင်းထက် အမြဲမပြတ်လေ့လာနေရန်လိုအပ်ပါသည်။ ကျွန်တော်တို ့တူတူ ဆက်လက်သင်ယူကြပါစို ့။
62 views
Comments
bottom of page