<Unicode version included>
![](https://static.wixstatic.com/media/d9b106_98ff8aae930741d8bf48a28a72f00c0b~mv2_d_2000_1259_s_2.jpg/v1/fill/w_980,h_617,al_c,q_85,usm_0.66_1.00_0.01,enc_auto/d9b106_98ff8aae930741d8bf48a28a72f00c0b~mv2_d_2000_1259_s_2.jpg)
Apple က iPhone တစ္လံုးကို ၃ဆ အျမတ္တင္ျပီး ေရာင္းေနတာလား???
iPhone Xs Max တစ္လံုးရဲ့ ခန္ ့မွန္းကုန္ၾကမ္းပစၥည္းတန္ဖိုးက $443 ပဲရွိတယ္။ Apple က ျပန္ေရာင္းေတာ့ $1100-1500 ေတာင္။
ဒို ့ျမန္မာေတြ ဥာဏ္ေကာင္းလြန္းတယ္။ လြယ္လြယ္နဲ ့ေတာ့ ဂ်င္းအထည့္မခံဘူးဆိုျပီး တြက္ၾကတာေပ့ါ။ ပစၥည္းတန္ဖိုးက $443၊ ျပန္ေရာင္းေတာ့ $1100-1500 ဆိုေတာ့ Apple က အျမတ္ေတြ သိပ္ၾကမ္းတယ္ေပါ့။ ၃ ဆ ေလာက္အျမတ္ယူတယ္ေပါ့။ မတန္တစ္ဆေစ်းေတြေတာင္းတယ္ေပါ့။ !@#$%^&* ေျပာၾကတာေပ့ါဗ်ာ။
ပထမဆံုးေျပာခ်င္တာက Apple ဆိုတာ စီးပြားေရးလုပ္ငန္းျဖစ္တဲ့အတြက္ စီးပြားေရးလုပ္ငန္းတိုင္းရဲ ့အဓိကရည္ရြယ္ခ်က္က ကုမၸဏီရဲ့ တန္ဖိုးတိုးတက္ဖို ့နဲ ့ အျမတ္ရရွိေရးဆိုတာ ေသခ်ာေပါက္ပါပဲ။ အျမတ္ေတြရလို ့လည္း ကမၻာ့ပထမဆံုး တန္ဖိုး ၁ ထရီလီယံေဒၚလာရွိတဲ့ ကုမၸဏီၾကီးျဖစ္လာခဲ့ပါျပီ။
(ယခု သံုးသပ္ခ်က္က Apple iPhone တစ္ခုတည္းအတြက္မရည္ရြယ္ပါဘူး။ ထုတ္ကုန္ပစၥည္းေတြရဲ့ ကုန္ၾကမ္းတန္ဖိုး (Bill of material) သာမက အျခားေနာက္ကြယ္က ကုန္က်စရိတ္ေတြအမ်ားအျပားရွိေသးတယ္ဆိုတာကို ေဖာ္ျပလိုတာပါ။)
အထက္မွာေဖာ္ျပခဲ့သလို ့ တစ္ကယ္ ၃ဆ ေလာက္ျမတ္ေနသလားေပါ့။ $443 ဆိုတဲ့ ကုန္က်စရိတ္ကို ေသခ်ာၾကည့္လိုက္ရင္ ဖုန္းတစ္လံုးရဲ့အစိတ္အပုိင္းအားလံုးကို ထည့္သြင္းတြက္ခ်က္ထားတာပါ။ ဖုန္းတစ္လံုးမွာ ထည့္သြင္းတပ္ဆင္ထားတဲ့ အရာအားလံုး (Bill of material) ရဲ့ တန္ဖိုး ျဖစ္ပါတယ္။ ဒီေတာ့ ဖုန္းတစ္လံုးရဲ့ ကုန္ၾကမ္းတန္ဖိုးအျပင္ ဘာကုန္က်စရိတ္ေတြရွိဦးမလဲ ေတြးၾကည့္ရေအာင္...
၁။ Research and Development – iPhone ေတြကို Tim Cook က စဥ္းစားလုိက္ျပီး ေျပာျပလိုက္တာနဲ ့ျဖစ္လာတာမဟုတ္ပါဘူး။ အင္ဂ်င္နီယာေပါင္းမ်ားစြာက စမ္းသပ္မွဳအမ်ိဳးမ်ိဳးကို ျပဳလုပ္ျပီး နမူနာမ်ားစြာအရင္ျပဳလုပ္ၾကည့္ရပါတယ္။ အသံုးမဝင္တာ၊ မေအာင္ျမင္တာနဲ ့ အခ်ိန္၊ ပိုက္ဆံေတြရင္းျပီးမွ ေနာက္ဆံုး အျပီးသတ္ ဆံုးျဖတ္ေရြးခ်ယ္ရတာပါ။ ဟတ္ခ်ေလာင္းလို ့မရပါဘူး။
၂။ Software Development - ကၽြန္ေတာ္တို ့ေျပာေျပာေနတဲ ့ iOS ၾကီးက အလကားမရပါဘူး။ ဖန္ရွင္တိုင္း၊ App တိုင္း၊ ေဆာ့ဝဲလ္ဝန္ေဆာင္မွဳတိုင္းရဲ့ေနာက္ကြယ္မွာ ေငြေတြရင္းႏွီးရပါတယ္။ Update လုပ္ဖို ့ဆိုရင္ေတာင္ Server ေတြ၊ အင္တာနက္ေတြက အလကားရတာမဟုတ္ပါဘူး။
၃။ Marketing - iPhone ေတြထုတ္လိုက္တိုင္း ဝယ္သူေတြလက္ထဲကို ခ်က္ခ်င္းေရာက္မလာပါဘူး။ ဝယ္သူေတြ ဝယ္ခ်င္လာေအာင္ ေၾကျငာနဲ ့အေရာင္းျမွင့္တင္ျခင္းေတြ ကို အလံုးအရင္းနဲ ့လုပ္ၾကရပါတယ္။ Apple နဲ ့ iPhone ေတြရဲ့ အဆင့္အတန္းဆိုတာကို အသိအမွတ္ျပဳဖို ့ ထုတ္ကုန္အမွတ္တံဆိပ္ (Brand) ကို လန္းေနေအာင္ ေငြေတြအမ်ားၾကီးသံုးၾကရပါတယ္။
၄။ Distribution – Apple က ႏိုင္ငံတိုင္း ဆိုင္တိုင္းမွာ ကိုယ္တိုင္ေရာင္းခ်တာမဟုတ္ပါဘူး။ ဆက္သြယ္ေရး ကုမၸဏီေတြ၊ လက္လီ၊ လက္ကားအေရာင္းဆိုင္ေတြ အတြက္ အျမတ္ရာခိုင္ႏွဳန္းေပးျပီး ေရာင္းခ်ရတာပါ။ အျမတ္မရဘဲ ဆိုင္ေတြမွာ တင္ေရာင္းဖို ့မျဖစ္ႏိုင္တဲ့ ကိစၥပါ။
၅။ Logistics - စက္ရံုကေန ထုတ္လိုက္တဲ့ iPhone ေတြက ေရာင္းခ်မယ့္ေနရာကုိ အလိုလို ေတာင္ပံေပါက္ျပီး ေရာက္မလာပါဘူး။ ေလေၾကာင္း၊ ေရေၾကာင္း၊ ကုန္းလမး္တို ့နဲ ့အဆင့္ဆင့္သယ္ယူရပါတယ္။ ျပီးေတာ့ ေရာက္လာသမ ွ် ဖုန္းေတြက ေရာက္ေရာက္ခ်င္း ေရာင္းကုန္ခ်င္မွ ကုန္ပါမယ္။ ဒါေတြကို ထားသိုဖို ့ကုန္က်စရိတ္ေတြ က်ခံရပါတယ္။ ကုန္ပစၥည္းေတြကို တင္သြင္းတယ္ဆိုရင္ အခြန္အေကာက္ေတြေပးေဆာင္ရပါတယ္။ သယ္ယူပို ့ေဆာင္ခ၊ ထိန္းသိမ္းထားသိုခ၊ အခြန္အခ၊ ဝန္ထမ္းခ စတာေတြအားလံုး ဖုန္းရဲ့ တန္ဖိုးထဲမွာပါဝင္ျပီးသားျဖစ္ပါတယ္။ ဖုန္းဖိုးအျပင္ သက္သက္ေပးရတယ္ဆိုတာမရွိပါဘူး။ (ဝယ္သူကေပးေခ်ရမယ့္ ကုန္သြယ္လုပ္ငန္းခြန္ႏွင့္ အလားတူအခြန္မ်ိဳးကေတာ့ ဝယ္သူက ဘာဝယ္ဝယ္ေပးေခ်ရမွာျဖစ္ပါတယ္။)
၆။ After-sales service – ထုတ္ကုန္ပစၥည္းဆိုတာ ဘယ္ေလာက္ပဲအရည္အေသြးေကာင္းေကာင္း ခၽြတ္ယြင္းႏိ္ုင္ပါတယ္။ ထုတ္လုပ္သူအမွားေၾကာင့္ပဲပ်က္ပ်က္၊ သံုးစြဲသူအမွားအေၾကာင့္ပဲပ်က္ပ်က္ ျပင္ဆင္ေပးႏိုင္ဖို ့ Service Center ေတြ၊ ကၽြမ္းက်င္ပညာရွင္ေတြ၊ အပိုပစၥည္းေတြကို ထားရွိရပါတယ္။ ဝရန္တီအက်ံဳးဝင္ရင္ အခမဲ့ လဲလွယ္ေပးရပါတယ္။ ဒါေတြကို ကနဦး ကုန္ၾကမ္းတန္ဖိုးထဲမွာ ထည့္သြင္းတြက္ခ်က္ထားျခင္းမရွိပါဘူး။
၇။ Interest & Tax - စီးပြားေရးလုပ္ငန္းေတြမွာ ေခ်းေငြေတြရွိရင္ အတိုးေပးရသလုိ အခြန္အခေတြလဲ ေရွာင္လႊဲလို ့မရပါဘူး။ ဒါေတြကိုလည္း အသားတင္အျမတ္က ဖဲ့ေပးရပါတယ္။ (Apple ကုမၸဏီကေတာ့ အေၾကြးမရွိလို ့အတိုးေတာ့ မေပးရပါဘူး။)
၈။ Intellectual Property - ဥာဏကုန္က်စရိတ္ေတြရွိပါတယ္။ မူပိုင္ခြင့္အသစ္ေတြကို ရွာေဖြေနရသလုိ ရွိျပီးသား မူပိုင္ခြင့္ေတြအတြက္လည္း ကာကြယ္ရပါတယ္။ တစ္ပါးသူပိုင္ မူပိုင္ခြင့္ေတြအတြက္ တရားရင္ဆိုင္ရတာေတြရွိသလို မူပိုင္ခြင့္ေၾကး (Loyalty Fee) ေတြလည္း လိုအပ္ရင္ ေပးေခ်ရပါတယ္။
၉။ HR, Admin and General - ေရွ ့တန္းကျဖစ္ျဖစ္၊ ေနာက္တန္းကျဖစ္ျဖစ္ ဝန္ထမ္းေတြရဲ့ ကုန္က်စရိတ္ေတြ၊ ေျမေနရာနဲ့ ငွားရမ္းခေတြ၊ အေဆာက္အဦးမ်ားနဲ ့ ရံုးပစၥည္းအားလံုးရဲ့ကုန္က်စရိတ္ေတြနဲ ့အျခားကုန္က်စရိတ္အမ်ားအျပားလည္းရွိဦးမွာျဖစ္ပါတယ္။
၁၀။ ေနာက္ထပ္ေျပာျပခ်င္တာက ေတာ့ Economies of Scale ဆိုတဲ့ အေရအတြက္ေၾကာင့္ တြက္ေခ်ကိုက္ျခင္းပါ။ ျမင္လြယ္ေအာင္ေျပာရရင္ iPhone Xs Max ရဲ့ မ်က္ႏွာျပင္ (Display) အခုေရ သန္း ၃၀ မွာလို ့တစ္ခုကို $80 ေပးရတယ္ဆိုရင္ အခုေရ တစ္ေသာင္းသာမွာရင္ $80 ထက္ပိုျပီး ေပးရမွာေတာ့ ေသခ်ာပါတယ္။ ဆိုလိုတာက အခုလို Economies of Scale ျဖစ္ဖို ့ သန္း ၃၀ ေရာင္းရဖိုု ့တာဝန္ယူမွဳနဲ ့ စြန္ ့စားမွဳတစ္ခုေတာ့လုပ္ရပါတယ္။ တစ္စံုတစ္ခုခၽြတ္ေခ်ာ္ခဲ့ရင္ ၾကီးမားတဲ့ တန္ဖိုးတစ္ခု ဆံုးရွံဳးႏိုင္ပါတယ္။
Apple ရဲ့ ဝင္ေငြေၾကျငာလႊာကို ေအာက္ပါ လင့္(ခ) မွာ ေလ့လာႏိုင္ပါတယ္။
Apple ရဲ့ ၂၀၁၇ခုႏွစ္ အသားတင္ အျမတ္ေငြက ေရာင္းရေငြရဲ့ ၂၀% ေလာက္ပဲရွိတာကို ေတြ ့ရမွာပါ။ ၂၃၀ ဘီလီယံ ေဒၚလာေလာက္ အေရာင္းဝင္ေငြရွိခဲ့ျပီး အသားတင္အျမတ္က ၄၈ ဘီလီယံ ေဒၚလာရရွိခဲ့ပါတယ္။
(ကုမၸဏီၾကီးတစ္ခုအတြက္ အလြန္ေကာင္းတဲ့ အျမတ္ရာခိုင္ႏွဳန္းတန္ဖို းျဖစ္ပါတယ္။) ဖုန္းတန္ဖိုးကေျပာသလို ၃ဆ (၃၀၀%) ေလာက္ေတာ့ ျမတ္မေနပါဘူး။
ဥပမာေလးတစ္ခုေပးပါရေစ။ သင္က ငါးအစိမ္းတစ္ေကာင္ကို ၁၀၀၀ က်ပ္နဲ ့ဝယ္ျပီး ငါးကင္ကုိ ၃၀၀၀ က်ပ္နဲ ့ေရာင္းတယ္ဆိုပါေတာ့။ သင္ ၂၀၀၀ က်ပ္ျမတ္ေနျပီလား။ ငါးတစ္ေကာင္းခ်င္းမွာေတာ့ ၂၀၀၀ က်ပ္ျမတ္ပါလိမ့္မယ္။ ဒါေပမယ့္ စာရင္းခ်ဳတ္လိုက္ရင္ေတာ့ ၂၀၀၀ က်ပ္မျမတ္ႏိုင္ပါဘူး။ ဆိုင္ခန္းငွားခ၊ စည္ပင္ခ၊ ဆိုင္းဘုတ္ခ၊ အကင္ဆရာ၊ စားပြဲထိုး၊ ပန္းကန္ခြက္ေယာက္၊ဆိုင္အျပင္အဆင္၊ ေရာင္းမကုန္လို ့ေစ်းေလ်ာ့ေရာင္းတာ၊ လႊင့္ပစ္လိုက္ရတာ၊ ပိုက္ဆံေပ်ာက္တာ၊ အခြန္အခစတာေတြကို ပါထည့္သြင္းတြက္ခ်က္ရပါတယ္။ သင့္ဆိုင္က အျခားငါးကင္ဆိုင္ေတြထက္ပိုလန္းခ်င္လို ့ မီႏူးအသစ္ေတြအျမဲတီထြင္ေနမယ္၊ ဆိုင္ထဲမွာ အျမဲအဲယားကြန္းဖြင့္ေပးထားမယ္၊ ဆိုင္အျပင္အဆင္ကုိ အဆင္ျမင့္ပစၥည္းေတြသံုးမယ္၊ စားပြဲထိုး ဝန္ထမ္းအလန္းေတြအမ်ားၾကီးထားမယ္၊ ႏိုင္ငံတကာ စားဖိုမွဳးလက္မွတ္ရတဲ့သူနဲ ့ငါးကင္မယ္၊ ငါးနည္းနည္းတူးသြားတာနဲ ့အသစ္တစ္ေကာင္ကင္ေပးမယ္စတဲ့ ဝန္ေဆာင္မွဳအပိုေတြ ထပ္ေဆာင္းေပးရင္ေရာ ငါးကင္တစ္ေကာင္ ၃၀၀၀ က်ပ္နဲ ့ေရာင္းမွာပဲလား။
နိဂံုးခ်ဳပ္အေနနဲ ့ "တြက္ေရးက စက္သူေဌး" ဆိုတာမ်ိဳးမျဖစ္ရေအာင္ စီးပြားေရးလုပ္ငန္းတစ္ခုလံုးနဲ ့ကုန္စည္ေတြ ဆန္းသစ္တီထြင္တာ၊ သိုေလွာင္တင္ပို ့ေရာင္းခ်တာ၊ ဝယ္ယူသူေတြကို ဝန္ေဆာင္မွဳေပးတာ စသည့္ျဖင့္ အရပ္ရပ္ကို ထည့္သြင္းစဥ္းစားၾကပါဦးလို ့။
Apple က iPhone တစ်လုံးကို ၃ဆ အမြတ်တင်ပြီး ရောင်းနေတာလား???
iPhone Xs Max တစ်လုံးရဲ့ ခန် ့မှန်းကုန်ကြမ်းပစ္စည်းတန်ဖိုးက $443 ပဲရှိတယ်။ Apple က ပြန်ရောင်းတော့ $1100-1500 တောင်။
ဒို ့မြန်မာတွေ ဉာဏ်ကောင်းလွန်းတယ်။ လွယ်လွယ်နဲ ့တော့ ဂျင်းအထည့်မခံဘူးဆိုပြီး တွက်ကြတာပေ့ါ။ ပစ္စည်းတန်ဖိုးက $443၊ ပြန်ရောင်းတော့ $1100-1500 ဆိုတော့ Apple က အမြတ်တွေ သိပ်ကြမ်းတယ်ပေါ့။ ၃ ဆ လောက်အမြတ်ယူတယ်ပေါ့။ မတန်တစ်ဆစျေးတွေတောင်းတယ်ပေါ့။ !@#$%^&* ပြောကြတာပေ့ါဗျာ။
ပထမဆုံးပြောချင်တာက Apple ဆိုတာ စီးပွားရေးလုပ်ငန်းဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းတိုင်းရဲ ့အဓိကရည်ရွယ်ချက်က ကုမ္ပဏီရဲ့ တန်ဖိုးတိုးတက်ဖို ့နဲ ့ အမြတ်ရရှိရေးဆိုတာ သေချာပေါက်ပါပဲ။ အမြတ်တွေရလို ့လည်း ကမ္ဘာ့ပထမဆုံး တန်ဖိုး ၁ ထရီလီယံဒေါ်လာရှိတဲ့ ကုမ္ပဏီကြီးဖြစ်လာခဲ့ပါပြီ။
(ယခု သုံးသပ်ချက်က Apple iPhone တစ်ခုတည်းအတွက်မရည်ရွယ်ပါဘူး။ ထုတ်ကုန်ပစ္စည်းတွေရဲ့ ကုန်ကြမ်းတန်ဖိုး (Bill of material) သာမက အခြားနောက်ကွယ်က ကုန်ကျစရိတ်တွေအများအပြားရှိသေးတယ်ဆိုတာကို ဖော်ပြလိုတာပါ။)
အထက်မှာဖော်ပြခဲ့သလို ့ တစ်ကယ် ၃ဆ လောက်မြတ်နေသလားပေါ့။ $443 ဆိုတဲ့ ကုန်ကျစရိတ်ကို သေချာကြည့်လိုက်ရင် ဖုန်းတစ်လုံးရဲ့အစိတ်အပိုင်းအားလုံးကို ထည့်သွင်းတွက်ချက်ထားတာပါ။ ဖုန်းတစ်လုံးမှာ ထည့်သွင်းတပ်ဆင်ထားတဲ့ အရာအားလုံး (Bill of material) ရဲ့ တန်ဖိုး ဖြစ်ပါတယ်။ ဒီတော့ ဖုန်းတစ်လုံးရဲ့ ကုန်ကြမ်းတန်ဖိုးအပြင် ဘာကုန်ကျစရိတ်တွေရှိဦးမလဲ တွေးကြည့်ရအောင်...
၁။ Research and Development – iPhone တွေကို Tim Cook က စဉ်းစားလိုက်ပြီး ပြောပြလိုက်တာနဲ ့ဖြစ်လာတာမဟုတ်ပါဘူး။ အင်ဂျင်နီယာပေါင်းများစွာက စမ်းသပ်မှုအမျိုးမျိုးကို ပြုလုပ်ပြီး နမူနာများစွာအရင်ပြုလုပ်ကြည့်ရပါတယ်။ အသုံးမဝင်တာ၊ မအောင်မြင်တာနဲ ့ အချိန်၊ ပိုက်ဆံတွေရင်းပြီးမှ နောက်ဆုံး အပြီးသတ် ဆုံးဖြတ်ရွေးချယ်ရတာပါ။ ဟတ်ချလောင်းလို ့မရပါဘူး။
၂။ Software Development - ကျွန်တော်တို ့ပြောပြောနေတဲ ့ iOS ကြီးက အလကားမရပါဘူး။ ဖန်ရှင်တိုင်း၊ App တိုင်း၊ ဆော့ဝဲလ်ဝန်ဆောင်မှုတိုင်းရဲ့နောက်ကွယ်မှာ ငွေတွေရင်းနှီးရပါတယ်။ Update လုပ်ဖို ့ဆိုရင်တောင် Server တွေ၊ အင်တာနက်တွေက အလကားရတာမဟုတ်ပါဘူး။
၃။ Marketing - iPhone တွေထုတ်လိုက်တိုင်း ဝယ်သူတွေလက်ထဲကို ချက်ချင်းရောက်မလာပါဘူး။ ဝယ်သူတွေ ဝယ်ချင်လာအောင် ကြေငြာနဲ ့အရောင်းမြှင့်တင်ခြင်းတွေ ကို အလုံးအရင်းနဲ ့လုပ်ကြရပါတယ်။ Apple နဲ ့ iPhone တွေရဲ့ အဆင့်အတန်းဆိုတာကို အသိအမှတ်ပြုဖို ့ ထုတ်ကုန်အမှတ်တံဆိပ် (Brand) ကို လန်းနေအောင် ငွေတွေအများကြီးသုံးကြရပါတယ်။
၄။ Distribution – Apple က နိုင်ငံတိုင်း ဆိုင်တိုင်းမှာ ကိုယ်တိုင်ရောင်းချတာမဟုတ်ပါဘူး။ ဆက်သွယ်ရေး ကုမ္ပဏီတွေ၊ လက်လီ၊ လက်ကားအရောင်းဆိုင်တွေ အတွက် အမြတ်ရာခိုင်နှုန်းပေးပြီး ရောင်းချရတာပါ။ အမြတ်မရဘဲ ဆိုင်တွေမှာ တင်ရောင်းဖို ့မဖြစ်နိုင်တဲ့ ကိစ္စပါ။
၅။ Logistics - စက်ရုံကနေ ထုတ်လိုက်တဲ့ iPhone တွေက ရောင်းချမယ့်နေရာကို အလိုလို တောင်ပံပေါက်ပြီး ရောက်မလာပါဘူး။ လေကြောင်း၊ ရေကြောင်း၊ ကုန်းလမး်တို ့နဲ ့အဆင့်ဆင့်သယ်ယူရပါတယ်။ ပြီးတော့ ရောက်လာသမ ျှ ဖုန်းတွေက ရောက်ရောက်ချင်း ရောင်းကုန်ချင်မှ ကုန်ပါမယ်။ ဒါတွေကို ထားသိုဖို ့ကုန်ကျစရိတ်တွေ ကျခံရပါတယ်။ ကုန်ပစ္စည်းတွေကို တင်သွင်းတယ်ဆိုရင် အခွန်အကောက်တွေပေးဆောင်ရပါတယ်။ သယ်ယူပို ့ဆောင်ခ၊ ထိန်းသိမ်းထားသိုခ၊ အခွန်အခ၊ ဝန်ထမ်းခ စတာတွေအားလုံး ဖုန်းရဲ့ တန်ဖိုးထဲမှာပါဝင်ပြီးသားဖြစ်ပါတယ်။ ဖုန်းဖိုးအပြင် သက်သက်ပေးရတယ်ဆိုတာမရှိပါဘူး။
(ဝယ်သူကပေးချေရမယ့် ကုန်သွယ်လုပ်ငန်းခွန်နှင့် အလားတူအခွန်မျိုးကတော့ ဝယ်သူက ဘာဝယ်ဝယ်ပေးချေရမှာဖြစ်ပါတယ်။)
၆။ After-sales service – ထုတ်ကုန်ပစ္စည်းဆိုတာ ဘယ်လောက်ပဲအရည်အသွေးကောင်းကောင်း ချွတ်ယွင်းနိ်ုင်ပါတယ်။ ထုတ်လုပ်သူအမှားကြောင့်ပဲပျက်ပျက်၊ သုံးစွဲသူအမှားအကြောင့်ပဲပျက်ပျက် ပြင်ဆင်ပေးနိုင်ဖို ့ Service Center တွေ၊ ကျွမ်းကျင်ပညာရှင်တွေ၊ အပိုပစ္စည်းတွေကို ထားရှိရပါတယ်။ ဝရန်တီအကျုံးဝင်ရင် အခမဲ့ လဲလှယ်ပေးရပါတယ်။ ဒါတွေကို ကနဦး ကုန်ကြမ်းတန်ဖိုးထဲမှာ ထည့်သွင်းတွက်ချက်ထားခြင်းမရှိပါဘူး။
၇။ Interest & Tax - စီးပွားရေးလုပ်ငန်းတွေမှာ ချေးငွေတွေရှိရင် အတိုးပေးရသလို အခွန်အခတွေလဲ ရှောင်လွှဲလို ့မရပါဘူး။ ဒါတွေကိုလည်း အသားတင်အမြတ်က ဖဲ့ပေးရပါတယ်။ (Apple ကုမ္ပဏီကတော့ အကြွေးမရှိလို ့အတိုးတော့ မပေးရပါဘူး။)
၈။ Intellectual Property - ဉာဏကုန်ကျစရိတ်တွေရှိပါတယ်။ မူပိုင်ခွင့်အသစ်တွေကို ရှာဖွေနေရသလို ရှိပြီးသား မူပိုင်ခွင့်တွေအတွက်လည်း ကာကွယ်ရပါတယ်။ တစ်ပါးသူပိုင် မူပိုင်ခွင့်တွေအတွက် တရားရင်ဆိုင်ရတာတွေရှိသလို မူပိုင်ခွင့်ကြေး (Loyalty Fee) တွေလည်း လိုအပ်ရင် ပေးချေရပါတယ်။
၉။ HR, Admin and General - ရှေ ့တန်းကဖြစ်ဖြစ်၊ နောက်တန်းကဖြစ်ဖြစ် ဝန်ထမ်းတွေရဲ့ ကုန်ကျစရိတ်တွေ၊ မြေနေရာနဲ့ ငှားရမ်းခတွေ၊ အဆောက်အဦးများနဲ ့ ရုံးပစ္စည်းအားလုံးရဲ့ကုန်ကျစရိတ်တွေနဲ ့အခြားကုန်ကျစရိတ်အများအပြားလည်းရှိဦးမှာဖြစ်ပါတယ်။
၁၀။ နောက်ထပ်ပြောပြချင်တာက တော့ Economies of Scale ဆိုတဲ့ အရေအတွက်ကြောင့် တွက်ချေကိုက်ခြင်းပါ။ မြင်လွယ်အောင်ပြောရရင် iPhone Xs Max ရဲ့ မျက်နှာပြင် (Display) အခုရေ သန်း ၃၀ မှာလို ့တစ်ခုကို $80 ပေးရတယ်ဆိုရင် အခုရေ တစ်သောင်းသာမှာရင် $80 ထက်ပိုပြီး ပေးရမှာတော့ သေချာပါတယ်။ ဆိုလိုတာက အခုလို Economies of Scale ဖြစ်ဖို ့ သန်း ၃၀ ရောင်းရဖိုု ့တာဝန်ယူမှုနဲ ့ စွန် ့စားမှုတစ်ခုတော့လုပ်ရပါတယ်။ တစ်စုံတစ်ခုချွတ်ချော်ခဲ့ရင် ကြီးမားတဲ့ တန်ဖိုးတစ်ခု ဆုံးရှုံးနိုင်ပါတယ်။
Apple ရဲ့ ဝင်ငွေကြေငြာလွှာကို အောက်ပါ လင့်(ခ) မှာ လေ့လာနိုင်ပါတယ်။
https://www.nasdaq.com/symbol/aapl/financials…
Apple ရဲ့ ၂၀၁ရခုနှစ် အသားတင် အမြတ်ငွေက ရောင်းရငွေရဲ့ ၂၀% လောက်ပဲရှိတာကို တွေ ့ရမှာပါ။ ၂၃၀ ဘီလီယံ ဒေါ်လာလောက် အရောင်းဝင်ငွေရှိခဲ့ပြီး အသားတင်အမြတ်က ၄၈ ဘီလီယံ ဒေါ်လာရရှိခဲ့ပါတယ်။
(ကုမ္ပဏီကြီးတစ်ခုအတွက် အလွန်ကောင်းတဲ့ အမြတ်ရာခိုင်နှုန်းတန်ဖို းဖြစ်ပါတယ်။) ဖုန်းတန်ဖိုးကပြောသလို ၃ဆ (၃၀၀%) လောက်တော့ မြတ်မနေပါဘူး။
ဥပမာလေးတစ်ခုပေးပါရစေ။ သင်က ငါးအစိမ်းတစ်ကောင်ကို ၁၀၀၀ ကျပ်နဲ ့ဝယ်ပြီး ငါးကင်ကို ၃၀၀၀ ကျပ်နဲ ့ရောင်းတယ်ဆိုပါတော့။ သင် ၂၀၀၀ ကျပ်မြတ်နေပြီလား။ ငါးတစ်ကောင်းချင်းမှာတော့ ၂၀၀၀ ကျပ်မြတ်ပါလိမ့်မယ်။ ဒါပေမယ့် စာရင်းချုတ်လိုက်ရင်တော့ ၂၀၀၀ ကျပ်မမြတ်နိုင်ပါဘူး။
ဆိုင်ခန်းငှားခ၊ စည်ပင်ခ၊ ဆိုင်းဘုတ်ခ၊ အကင်ဆရာ၊ စားပွဲထိုး၊ ပန်းကန်ခွက်ယောက်၊ဆိုင်အပြင်အဆင်၊ ရောင်းမကုန်လို ့စျေးလျော့ရောင်းတာ၊ လွှင့်ပစ်လိုက်ရတာ၊ ပိုက်ဆံပျောက်တာ၊ အခွန်အခစတာတွေကို ပါထည့်သွင်းတွက်ချက်ရပါတယ်။ သင့်ဆိုင်က အခြားငါးကင်ဆိုင်တွေထက်ပိုလန်းချင်လို ့ မီနူးအသစ်တွေအမြဲတီထွင်နေမယ်၊ ဆိုင်ထဲမှာ အမြဲအဲယားကွန်းဖွင့်ပေးထားမယ်၊ ဆိုင်အပြင်အဆင်ကို အဆင်မြင့်ပစ္စည်းတွေသုံးမယ်၊ စားပွဲထိုး ဝန်ထမ်းအလန်းတွေအများကြီးထားမယ်၊ နိုင်ငံတကာ စားဖိုမှုးလက်မှတ်ရတဲ့သူနဲ ့ငါးကင်မယ်၊ ငါးနည်းနည်းတူးသွားတာနဲ ့အသစ်တစ်ကောင်ကင်ပေးမယ်စတဲ့ ဝန်ဆောင်မှုအပိုတွေ ထပ်ဆောင်းပေးရင်ရော ငါးကင်တစ်ကောင် ၃၀၀၀ ကျပ်နဲ ့ရောင်းမှာပဲလား။
နိဂုံးချုပ်အနေနဲ ့ "တွက်ရေးက စက်သူဌေး" ဆိုတာမျိုးမဖြစ်ရအောင် စီးပွားရေးလုပ်ငန်းတစ်ခုလုံးနဲ ့ကုန်စည်တွေ ဆန်းသစ်တီထွင်တာ၊ သိုလှောင်တင်ပို ့ရောင်းချတာ၊ ဝယ်ယူသူတွေကို ဝန်ဆောင်မှုပေးတာ စသည့်ဖြင့် အရပ်ရပ်ကို ထည့်သွင်းစဉ်းစားကြပါဦးလို ့။
Comentarios