top of page
Blog: Blog2
Search

IP rating & Water Resistance

<Unicode version included>




IP rating ပါရင္ ေရစိုခံတာလား၊ ေရစိမ္ခံတာလား... 💧💦💧💦💧


စာဖတ္သူအေပါင္းတို ့။ သၾကၤန္လည္းေရာက္ေတာ့မယ္။ မိုးရာသီလဲနီးျပီဆိုေတာ့ ဖုန္းနဲ့ ေရနဲ့ေတာ့ေတြ့ပါျပီ။

ေရစိုခံဖုန္းေတြက တကယ္ ေရစိုခံပါသလား။


💦 ေရစိုခံဖုန္းေတြက တကယ္ေရစို (ေရစိမ္) ခံပါတယ္။ တစ္ခုရွိတာက သူတို ့ေျပာသလို စိမ္မွ သူတို ့ေျပာသလိုခံပါလိမ့္မယ္။ ဖုန္းထုတ္လုပ္သူေတြက ဖုန္းတစ္လံုးရဲ့ ေရစိုခံႏိုင္ျခင္းကို IP rating နဲ့ေဖာ္ျပပါတယ္။ ဒီေတာ့ ေရစိုခံဖုန္းေတြကို ဘယ္လို ယံုစားၾကမလဲေပါ့။ IP rating ပါတဲ့ဖုန္းေတြကို ေရစိုခ်င္တဲ့သူေတြ၊ ေရစိမ္ခ်င္သူေတြကို အက္ဒမင္အၾကံေပးခ်င္တာက မိုးမိတာ၊ ေရထဲျပဳတ္က်တာ၊ ေရေမွာက္တာ စတဲ့ မေတာ္တစ္ဆေတြအတြက္ေတာ့ တစ္ျခားဖုန္းေတြထက္ စိတ္ခ်ႏိုင္ပါတယ္။ ဒါေပမယ့္ မလိုအပ္ရင္ေတာ့ မစမ္းသပ္ေစခ်င္ပါဘူး။ ကိုယ့္ေဒါသနဲ ့ကိုယ္ပဲေနာ္။ 😰😰 (IP rating အေၾကာင္းဆက္လက္ရွင္းျပေပးပါ့မယ္။)

အက္ဒမင္ေတြးမိတာေလးေတြကို မွ်ေဝခ်င္ပါတယ္။


1⃣ လက္ရွိေစ်းကြက္မွာ ရွိတဲ့ ေရစိုခံဖုန္းေတြကို ထုတ္လုပ္တဲ့ ကုမၸဏီေတြကိုၾကည့္ရင္ အက္ပဲ၊ ဆမ္ေဆာင္း၊ ဆိုနီ၊ ဂူဂဲလ္ အစရွိတဲ့ ကုမၸဏီေတြျဖစ္ပါတယ္။ ဆိုလိုတာက ဒီကုမၸဏီေတြက ကမၻာထိပ္တန္းေတြပါ။ မရတာကို ရတယ္ဆိုျပီး လိမ္စားေနတဲ့ ကုမၸဏီေတြမဟုတ္ပါဘူး။ အမွန္တစ္ကယ္စမ္းသပ္ျပီးမွ ေရစိုခံေၾကာင္း ေၾကျငာတာပါ။

2⃣ ဒါေပမယ့္ ေရစိုခံဖုန္းေတြမွာ ေရဝင္လို ့ပ်က္စီးရင္ သံုးစြဲသူေပါ့ဆမွဳ (User Fault) လို ့ပဲသတ္မွတ္ပါတယ္။ ဝရန္တီအက်ံဳးမဝင္ပါ။ သံုးစြဲသူရဲ့ စရိတ္နဲ ့ျပင္ဆင္ရမွာျဖစ္ပါတယ္။ 💸💸

3⃣ ျပီးေတာ့ သံုးစြဲသူနဲ ့လည္းသက္ဆိုင္ပါတယ္။ ဥပမာအားျဖင့္ သူငယ္ခ်င္းႏွစ္ေယာက္က ဖုန္းအမ်ိဳးအစား၊ ေမာ္ဒယ္ခၽြတ္စြပ္တူတဲ့ ဖုန္းကို အသံုးျပဳတယ္ဆိုၾကပါေတာ့။ တစ္ေယာက္က ဖုန္းကို အသံုးျပဳရာမွာ ျပဳတ္က်တာ၊ ဖုန္းကို ဖိမိတာ၊ ဖုန္းေပၚကို တက္ထိုင္တာစတာေတြ ျဖစ္ေလ့ရွိတယ္ဆိုပါေတာ့။ ေနာက္တစ္ေယာက္ကေတာ့ ဖုန္းကို အရမ္းဂရုစိုက္တယ္ေပါ့ဗ်ာ။ ဒါဆို သူတို့သံုးေနတဲ့ ေမာ္ဒယ္တူ ဖုန္းႏွစ္လံုးရဲ့ေရစိုခံႏိုင္စြမ္းရည္တူႏိုင္ပါဦးမလား။ ဆိုလိုတာက ဖုန္းကို ထိခိုက္မိတာ၊ ဖိမိတာေတြျဖစ္ရင္ အားအနည္းအမ်ားေပၚမူတည္ျပီး ဖုန္းရဲ့ေရစိုခံအစိတ္အပိုင္းေတြ ယိုယြင္းသြားႏိုင္ပါတယ္။ ပံုမွန္မ်က္စိနဲ ့ၾကည့္ရင္ မျမင္ႏိုင္ေပမယ့္ ေရကေတာ့ ရွိတဲ့ အေပါက္ရွာျပီးဝင္တတ္ပါတယ္။ ဖုန္းထုတ္လုပ္သူေတြက စမ္းသပ္ခန္းမွာ စမ္းသပ္ျပီး IP rating ေတြကို ထုတ္ျပန္တာျဖစ္ပါတယ္။ တစ္ႏွစ္ေလာက္ ကိုယ္တိုင္အသံုးျပဳျပီး စမ္းသပ္ထားတာမဟုတ္ပါဘူး။ (ေရဝင္ပ်က္စီးမွဳျဖစ္တိုင္း သံုးစြဲသူအမွားလို ့အက္ဒမင္ေျပာတာမဟုတ္ဘူးေနာ္။ ဖုန္းမွာလည္း အားနည္းခ်က္ရွိႏိုင္ပါတယ္။) 😭😭


IP rating ဆိုတာ Ingress Protection ကိုဆိုလိုတာပါ။ IP rating ကို ကိန္းဂဏန္း ႏွစ္ခုနဲ ့ေဖာ္ျပေလ့ရွိပါတယ္။ ပထမ ကိန္းဂဏန္းက ဖုန္မွဳန္ ့မ်ားဝင္ေရာက္တာကို ကာကြယ္ေပးႏိုင္တဲ့ ညႊန္းကိန္ျဖစ္ျပီး ဒုတိယကိန္းဂဏန္းက ေရဝင္ေရာက္ျခင္းကို ကာကြယ္ေပးႏိုင္တဲ့ ညႊန္းကိန္းျဖစ္ပါတယ္။

ဥပမာ IP57 = ဖုန္မွဳန့္မ်ားဝင္ေရာက္မွဳကို အေတာ္အတန္ကာကြယ္ေပးႏိုင္သည္။ ေရအနက္ ၁ မီတာ (၃ ေပခန္ ့့) ထက္မပိုေသာအနက္ေတြ ၃၀ မိနစ္ ေရစိမ္ခံႏိုင္သည္။ IP68 = ဖုန္မွဳန့္မ်ားဝင္ေရာက္မွဳကို အျပည့္အဝ ကာကြယ္ေပးႏိုင္သည္။ ေရအနက္ ၁.၅ မီတာ (၅ ေပခန္ ့့) ထက္မပိုေသာအနက္ေတြ ၃၀ မိနစ္ ေရစိမ္ခံႏိုင္သည္။


🔹◾⚪ဖုန္မွဳန္ ့မ်ားကို ကာကြယ္ေပးႏိုင္ျခင္း (ပထမ ကိန္းဂဏန္း)

1 = ၅၀ မီလီမီတာ ထက္ၾကီးေသာ အရာဝတၱဳမ်ား ဝင္ေရာက္မွဳကို ကာကြယ္ေပးႏိုင္သည္။ 2 = ၁၂.၅ မီလီမီတာ ထက္ၾကီးေသာ အရာဝတၱဳမ်ားဝင္ေရာက္မွဳကို ကာကြယ္ေပးႏိုင္သည္။ 3 = ၂.၅ မီလီမီတာ ထက္ၾကီးေသာ အရာဝတၱဳမ်ားဝင္ေရာက္မွဳကို ကာကြယ္ေပးႏိုင္သည္။ 4 = ၁ မီလီမီတာ ထက္ၾကီးေသာ အမွဳန္မ်ားဝင္ေရာက္မွဳကို ကာကြယ္ေပးႏိုင္သည္။ 5 = ဖုန္မွဳန့္မ်ားဝင္ေရာက္မွဳကို အေတာ္အတန္ကာကြယ္ေပးႏိုင္သည္။ 6 = ဖုန္မွဳန့္မ်ားဝင္ေရာက္မွဳကို အျပည့္အဝ ကာကြယ္ေပးႏိုင္သည္။


💦💦💦 ေရဝင္ေရာက္မွဳကို ကာကြယ္ေပးႏိုင္ျခင္း (ဒုတိယ ကိန္းဂဏန္း) 1 = အေပၚတည့္တည့္မွက်ေသာ ေရစက္ေရေပါက္ မ်ားကိုကာကြယ္ေပးႏိုင္သည္။ 2 = အေပၚမွက်ေသာ ေရစက္ေရေပါက္ မ်ားကိုကာကြယ္ေပးႏိုင္သည္။ 3 = ေရစက္ေရေပါက္ မ်ားကိုကာကြယ္ေပးႏိုင္သည္။ 4 = ေရစက္ေရေပါက္ မ်ားကိုကာကြယ္ေပးႏိုင္သည္။ 5 = ေရအားအနည္းငယ္ရွိေသာ ေရပက္ျခင္းကို ကာကြယ္ေပးႏိုင္သည္။ 6 = ေရအားအသင့္အတင့္ရွိေသာ ေရပက္ျခင္းကို ကာကြယ္ေပးႏိုင္သည္။ 7 = ေရအနက္ ၁ မီတာ (၃ ေပခန္ ့့) ထက္မပိုေသာအနက္ေတြ ၃၀ မိနစ္ ေရစိမ္ခံႏိုင္သည္။ 8 = ေရအနက္ ၁.၅ မီတာ (၅ ေပခန္ ့့) ထက္မပိုေသာအနက္ေတြ ၃၀ မိနစ္ ေရစိမ္ခံႏိုင္သည္။

(IP rating အမွတ္မ်ားကို လြယ္လင့္တစ္ကူ နားလည္းႏိုင္ရန္ အနီးစပ္ဆံုး ျပန္ဆိုေပးထားပါသည္။ အေသးစိတ္ကို https://en.wikipedia.org/wiki/IP_Code တြင္ဝင္ေရာက္ေလ့လာနိုင္ပါသည္။)


📲📲 ဖုန္းထဲေရဝင္ရင္ ပ်က္စီးႏိုင္ပါလား။

ဖုန္းထဲေရဝင္ရင္ ဖုန္းကိုအသံုးျပဳလို ့မရႏိုင္သည္အထိသာမက ျပန္လည္ျပဳျပင္လို ့မရႏိုင္သည္အထိ ပ်က္စီးႏိုင္ပါတယ္။ တခါတရံ ဖုန္းအားသြင္းမရတာ၊ ကင္မရာပ်က္တာ၊ မ်က္ႏွာျပင္ (Display) မွာေရေတြကြက္ေနတာလိုမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ ေရဝင္ရင္ ဖုန္းရဲ့ အီလက္ထေရာနစ္အစိတ္အပိုင္းေတြကို ပ်က္စီးေစႏိုင္သလို ေရနဲ့အတူပါဝင္တဲ့ အညစ္အေၾကးေတြေၾကာင့္လည္းပ်က္စီးႏိုင္ပါတယ္။


📲📲 ဖုန္းတစ္လံုးမွာေရဝင္ႏိုင္တဲ့ ေနရာဘယ္ႏွစ္ခုရွိပါလဲ။

အက္ဒမင္အျမင္ေျပာရရင္ ဖုန္းတစ္လံုးလံုးဟာ ေရဝင္ႏိုင္တဲ့အပိုင္းေတြၾကီးပါပဲ။ 😨😨အားသြင္းေပါက္၊ နားၾကပ္ေပါက္၊ စပီကာ၊ ဆင္းကဒ္ေပါက္၊ မန္မီရီကဒ္အေပါက္ေတြအားလံုးကေရဝင္ႏိုင္ပါတယ္။ ဒါပဲလားဆိုေတာ့ မဟုတ္ပါဘူး။ ဖုန္းအေရွ ့မွန္နဲ့ အေနာက္ဘက္အဖံုးေတြ ကြဲေနတာ၊ ဟေနတာ၊ ကြာေနရင္လည္းေရဝင္ႏိုင္ပါတယ္။


Tips: 👀 👀 👀 စာဖတ္သူတို ့၏ထင္ျမင္ယူဆမ်ားကို အခ်က္အလက္က်က် ၀င္ေရာက္ေဆြးေႏြးေပးရန္လည္းဖိတ္ေခၚပါသည္။

Tips: 🤳 🤳 🤳 နည္းပညာမ်ားသည္ အစဥ္ေျပာင္းလဲတိုးတက္လွ်က္ရွိေသာေၾကာင့္ အရာအားလံုးကို ေလွနံဓားထစ္မွတ္ယူထားျခင္းထက္ အျမဲမျပတ္ေလ့လာေနရန္လိုအပ္ပါသည္။ ကၽြန္ေတာ္တို ့တူတူ ဆက္လက္သင္ယူၾကပါစို ့။



 

IP rating ပါရင် ရေစိုခံတာလား၊ ရေစိမ်ခံတာလား... 💧💦💧💦💧


စာဖတ်သူအပေါင်းတို ့။ သင်္ကြန်လည်းရောက်တော့မယ်။ မိုးရာသီလဲနီးပြီဆိုတော့ ဖုန်းနဲ့ ရေနဲ့တော့တွေ့ပါပြီ။

ရေစိုခံဖုန်းတွေက တကယ် ရေစိုခံပါသလား။


💦 ရေစိုခံဖုန်းတွေက တကယ်ရေစို (ရေစိမ်) ခံပါတယ်။ တစ်ခုရှိတာက သူတို ့ပြောသလို စိမ်မှ သူတို ့ပြောသလိုခံပါလိမ့်မယ်။ ဖုန်းထုတ်လုပ်သူတွေက ဖုန်းတစ်လုံးရဲ့ ရေစိုခံနိုင်ခြင်းကို IP rating နဲ့ဖော်ပြပါတယ်။ ဒီတော့ ရေစိုခံဖုန်းတွေကို ဘယ်လို ယုံစားကြမလဲပေါ့။ IP rating ပါတဲ့ဖုန်းတွေကို ရေစိုချင်တဲ့သူတွေ၊ ရေစိမ်ချင်သူတွေကို အက်ဒမင်အကြံပေးချင်တာက မိုးမိတာ၊ ရေထဲပြုတ်ကျတာ၊ ရေမှောက်တာ စတဲ့ မတော်တစ်ဆတွေအတွက်တော့ တစ်ခြားဖုန်းတွေထက် စိတ်ချနိုင်ပါတယ်။ ဒါပေမယ့် မလိုအပ်ရင်တော့ မစမ်းသပ်စေချင်ပါဘူး။ ကိုယ့်ဒေါသနဲ ့ကိုယ်ပဲနော်။ 😰😰 (IP rating အကြောင်းဆက်လက်ရှင်းပြပေးပါ့မယ်။)

အက်ဒမင်တွေးမိတာလေးတွေကို မျှဝေချင်ပါတယ်။


1⃣ လက်ရှိစျေးကွက်မှာ ရှိတဲ့ ရေစိုခံဖုန်းတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကိုကြည့်ရင် အက်ပဲ၊ ဆမ်ဆောင်း၊ ဆိုနီ၊ ဂူဂဲလ် အစရှိတဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။ ဆိုလိုတာက ဒီကုမ္ပဏီတွေက ကမ္ဘာထိပ်တန်းတွေပါ။ မရတာကို ရတယ်ဆိုပြီး လိမ်စားနေတဲ့ ကုမ္ပဏီတွေမဟုတ်ပါဘူး။ အမှန်တစ်ကယ်စမ်းသပ်ပြီးမှ ရေစိုခံကြောင်း ကြေငြာတာပါ။


2⃣ ဒါပေမယ့် ရေစိုခံဖုန်းတွေမှာ ရေဝင်လို ့ပျက်စီးရင် သုံးစွဲသူပေါ့ဆမှု (User Fault) လို ့ပဲသတ်မှတ်ပါတယ်။ ဝရန်တီအကျုံးမဝင်ပါ။ သုံးစွဲသူရဲ့ စရိတ်နဲ ့ပြင်ဆင်ရမှာဖြစ်ပါတယ်။ 💸💸


3⃣ ပြီးတော့ သုံးစွဲသူနဲ ့လည်းသက်ဆိုင်ပါတယ်။ ဥပမာအားဖြင့် သူငယ်ချင်းနှစ်ယောက်က ဖုန်းအမျိုးအစား၊ မော်ဒယ်ချွတ်စွပ်တူတဲ့ ဖုန်းကို အသုံးပြုတယ်ဆိုကြပါတော့။ တစ်ယောက်က ဖုန်းကို အသုံးပြုရာမှာ ပြုတ်ကျတာ၊ ဖုန်းကို ဖိမိတာ၊ ဖုန်းပေါ်ကို တက်ထိုင်တာစတာတွေ ဖြစ်လေ့ရှိတယ်ဆိုပါတော့။ နောက်တစ်ယောက်ကတော့ ဖုန်းကို အရမ်းဂရုစိုက်တယ်ပေါ့ဗျာ။ ဒါဆို သူတို့သုံးနေတဲ့ မော်ဒယ်တူ ဖုန်းနှစ်လုံးရဲ့ရေစိုခံနိုင်စွမ်းရည်တူနိုင်ပါဦးမလား။ ဆိုလိုတာက ဖုန်းကို ထိခိုက်မိတာ၊ ဖိမိတာတွေဖြစ်ရင် အားအနည်းအများပေါ်မူတည်ပြီး ဖုန်းရဲ့ရေစိုခံအစိတ်အပိုင်းတွေ ယိုယွင်းသွားနိုင်ပါတယ်။ ပုံမှန်မျက်စိနဲ ့ကြည့်ရင် မမြင်နိုင်ပေမယ့် ရေကတော့ ရှိတဲ့ အပေါက်ရှာပြီးဝင်တတ်ပါတယ်။ ဖုန်းထုတ်လုပ်သူတွေက စမ်းသပ်ခန်းမှာ စမ်းသပ်ပြီး IP rating တွေကို ထုတ်ပြန်တာဖြစ်ပါတယ်။ တစ်နှစ်လောက် ကိုယ်တိုင်အသုံးပြုပြီး စမ်းသပ်ထားတာမဟုတ်ပါဘူး။ (ရေဝင်ပျက်စီးမှုဖြစ်တိုင်း သုံးစွဲသူအမှားလို ့အက်ဒမင်ပြောတာမဟုတ်ဘူးနော်။ ဖုန်းမှာလည်း အားနည်းချက်ရှိနိုင်ပါတယ်။) 😭😭


IP rating ဆိုတာ Ingress Protection ကိုဆိုလိုတာပါ။ IP rating ကို ကိန်းဂဏန်း နှစ်ခုနဲ ့ဖော်ပြလေ့ရှိပါတယ်။ ပထမ ကိန်းဂဏန်းက ဖုန်မှုန် ့များဝင်ရောက်တာကို ကာကွယ်ပေးနိုင်တဲ့ ညွှန်းကိန်ဖြစ်ပြီး ဒုတိယကိန်းဂဏန်းက ရေဝင်ရောက်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ ညွှန်းကိန်းဖြစ်ပါတယ်။


ဥပမာ

IP57 = ဖုန်မှုန့်များဝင်ရောက်မှုကို အတော်အတန်ကာကွယ်ပေးနိုင်သည်။ ရေအနက် ၁ မီတာ (၃ ပေခန် ့့) ထက်မပိုသောအနက်တွေ ၃၀ မိနစ် ရေစိမ်ခံနိုင်သည်။

IP68 = ဖုန်မှုန့်များဝင်ရောက်မှုကို အပြည့်အဝ ကာကွယ်ပေးနိုင်သည်။ ရေအနက် ၁.၅ မီတာ (၅ ပေခန် ့့) ထက်မပိုသောအနက်တွေ ၃၀ မိနစ် ရေစိမ်ခံနိုင်သည်။


🔹◾⚪ဖုန်မှုန် ့များကို ကာကွယ်ပေးနိုင်ခြင်း (ပထမ ကိန်းဂဏန်း)

1 = ၅၀ မီလီမီတာ ထက်ကြီးသော အရာဝတ္တုများ ဝင်ရောက်မှုကို ကာကွယ်ပေးနိုင်သည်။

2 = ၁၂.၅ မီလီမီတာ ထက်ကြီးသော အရာဝတ္တုများဝင်ရောက်မှုကို ကာကွယ်ပေးနိုင်သည်။

3 = ၂.၅ မီလီမီတာ ထက်ကြီးသော အရာဝတ္တုများဝင်ရောက်မှုကို ကာကွယ်ပေးနိုင်သည်။

4 = ၁ မီလီမီတာ ထက်ကြီးသော အမှုန်များဝင်ရောက်မှုကို ကာကွယ်ပေးနိုင်သည်။

5 = ဖုန်မှုန့်များဝင်ရောက်မှုကို အတော်အတန်ကာကွယ်ပေးနိုင်သည်။

6 = ဖုန်မှုန့်များဝင်ရောက်မှုကို အပြည့်အဝ ကာကွယ်ပေးနိုင်သည်။


💦💦💦 ရေဝင်ရောက်မှုကို ကာကွယ်ပေးနိုင်ခြင်း (ဒုတိယ ကိန်းဂဏန်း)

1 = အပေါ်တည့်တည့်မှကျသော ရေစက်ရေပေါက် များကိုကာကွယ်ပေးနိုင်သည်။

2 = အပေါ်မှကျသော ရေစက်ရေပေါက် များကိုကာကွယ်ပေးနိုင်သည်။

3 = ရေစက်ရေပေါက် များကိုကာကွယ်ပေးနိုင်သည်။

4 = ရေစက်ရေပေါက် များကိုကာကွယ်ပေးနိုင်သည်။

5 = ရေအားအနည်းငယ်ရှိသော ရေပက်ခြင်းကို ကာကွယ်ပေးနိုင်သည်။

6 = ရေအားအသင့်အတင့်ရှိသော ရေပက်ခြင်းကို ကာကွယ်ပေးနိုင်သည်။

7 = ရေအနက် ၁ မီတာ (၃ ပေခန် ့့) ထက်မပိုသောအနက်တွေ ၃၀ မိနစ် ရေစိမ်ခံနိုင်သည်။

8 = ရေအနက် ၁.၅ မီတာ (၅ ပေခန် ့့) ထက်မပိုသောအနက်တွေ ၃၀ မိနစ် ရေစိမ်ခံနိုင်သည်။

(IP rating အမှတ်များကို လွယ်လင့်တစ်ကူ နားလည်းနိုင်ရန် အနီးစပ်ဆုံး ပြန်ဆိုပေးထားပါသည်။ အသေးစိတ်ကို https://en.wikipedia.org/wiki/IP_Code တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။)


📲📲 ဖုန်းထဲရေဝင်ရင် ပျက်စီးနိုင်ပါလား။

ဖုန်းထဲရေဝင်ရင် ဖုန်းကိုအသုံးပြုလို ့မရနိုင်သည်အထိသာမက ပြန်လည်ပြုပြင်လို ့မရနိုင်သည်အထိ ပျက်စီးနိုင်ပါတယ်။ တခါတရံ ဖုန်းအားသွင်းမရတာ၊ ကင်မရာပျက်တာ၊ မျက်နှာပြင် (Display) မှာရေတွေကွက်နေတာလိုမျိုးလည်း ဖြစ်တတ်ပါတယ်။ ရေဝင်ရင် ဖုန်းရဲ့ အီလက်ထရောနစ်အစိတ်အပိုင်းတွေကို ပျက်စီးစေနိုင်သလို ရေနဲ့အတူပါဝင်တဲ့ အညစ်အကြေးတွေကြောင့်လည်းပျက်စီးနိုင်ပါတယ်။


📲📲 ဖုန်းတစ်လုံးမှာရေဝင်နိုင်တဲ့ နေရာဘယ်နှစ်ခုရှိပါလဲ။

အက်ဒမင်အမြင်ပြောရရင် ဖုန်းတစ်လုံးလုံးဟာ ရေဝင်နိုင်တဲ့အပိုင်းတွေကြီးပါပဲ။ 😨😨အားသွင်းပေါက်၊ နားကြပ်ပေါက်၊ စပီကာ၊ ဆင်းကဒ်ပေါက်၊ မန်မီရီကဒ်အပေါက်တွေအားလုံးကရေဝင်နိုင်ပါတယ်။ ဒါပဲလားဆိုတော့ မဟုတ်ပါဘူး။ ဖုန်းအရှေ ့မှန်နဲ့ အနောက်ဘက်အဖုံးတွေ ကွဲနေတာ၊ ဟနေတာ၊ ကွာနေရင်လည်းရေဝင်နိုင်ပါတယ်။


Tips: 👀 👀 👀

စာဖတ်သူတို ့၏ထင်မြင်ယူဆများကို အချက်အလက်ကျကျ ဝင်ရောက်ဆွေးနွေးပေးရန်လည်းဖိတ်ခေါ်ပါသည်။

Tips: 🤳 🤳 🤳

နည်းပညာများသည် အစဉ်ပြောင်းလဲတိုးတက်လျှက်ရှိသောကြောင့် အရာအားလုံးကို လှေနံဓားထစ်မှတ်ယူထားခြင်းထက် အမြဲမပြတ်လေ့လာနေရန်လိုအပ်ပါသည်။ ကျွန်တော်တို ့တူတူ ဆက်လက်သင်ယူကြပါစို ့။


 

53 views

Comments


bottom of page