<Unicode version included>
![](https://static.wixstatic.com/media/d9b106_0626d4c7f9ab4eb7a9a7582f9538db3f~mv2.png/v1/fill/w_960,h_640,al_c,q_90,enc_auto/d9b106_0626d4c7f9ab4eb7a9a7582f9538db3f~mv2.png)
အက္ဒမင္တို ့ကြန္ပ်ဴတာတစ္လံုးဝယ္ေတာ့မယ္ဆိုရင္ မျဖစ္မေန ေရြးခ်ယ္ရမယ့္အစိတ္အပိုင္းတစ္ခုက CPU (Central Processing Unit) ျဖစ္ပါတယ္။ ကြန္ပ်ဴတာစနစ္တစ္ခုရဲ့ တြက္ခ်က္မွဳေတြကို ျပဳလုပ္ေပးတဲ့ အစိတ္အပိုင္းျဖစ္လို ့အေရးပါပါတယ္။ ကြန္ပ်ဴတာရဲ့ စြမ္းေဆာင္ရည္ ျမန္ျခင္းေႏွးျခင္းကို လြန္စြာသက္ေရာက္မွဳရွိပါတယ္။
⚙️ ၁။ Personal Computer (PC) ေတြမွာ အဓိကအသံုးျပဳတဲ့ CPU အမွတ္တံဆိပ္ႏွစ္ခုရွိပါတယ္။ တစ္ခုက Intel ျဖစ္ျပီး ေနာက္တစ္ခုက AMD ျဖစ္ပါတယ္။ AMD ရဲ့ CPU ေတြကို ျမန္မာႏိုင္ငံမွာ အသံုးအလြန္နည္းပါတယ္။ ေယဘုယ်အားျဖင့္ Intel CPU ေတြက စြမ္းေဆာင္ရည္ပိုေကာင္းတယ္လို ့ဆိုႏိုင္ပါတယ္။ ဒါေပမယ့္ Intel ဆိုတိုင္း ပိုေကာင္းတယ္၊ AMD ဆိုတိုင္း ညံံ့တယ္ဆိုရင္ လံုးဝမွားပါတယ္။ ေမာ္ဒယ္အလိုက္၊ ေစ်းႏွဳန္းအလိုက္အားသာခ်က္၊ အားနည္းခ်က္ေတြရွိပါတယ္။
⚙️ ၂။ Intel က သူရဲ့ CPU ေတြကို အသံုးျပဳသူေတြ နားလည္လြယ္ေအာင္ စီးရီးေတြ ခြဲျခားထုတ္လုပ္ပါတယ္။
🎆 စြမ္းေဆာင္ရည္အနိမ့္ဆံုးစီးရီးကို အက္တမ္ (Atom) စီးရီးနဲ့ ဆယ္လီရြန္ (Celeron) စီးရီး
🎆 ဒုတိယအေနနဲ့ ပင္တီယမ္ (Pentium) စီးရီး၊
🎆 Core i3/ Core i5/ Core i7 စသည္ျဖင့္ စြမ္းေဆာင္ရည္အဆင့္ဆင့္ သတ္မွတ္ေရာင္းခ်ပါတယ္။
🎆 Desktop CPU ေတြမွာ Core i9 ကို ၂၀၁၈ ခုႏွစ္မွာစတင္ထုတ္လုပ္ပါတယ္။
🎆 အလြန္ပါးလႊာတဲ့ လက္ေတာ့ (Ultra-book) နဲ့ တက္ဘလက္ေတြအတြက္ ပါဝါစားသက္သာတဲ့ Core m စီးရီးလည္းရွိပါေသးတယ္။ စြမ္းေဆာင္ရည္က အၾကမ္းအားျဖင့္ေတာ့ Core i3 စီးရီး ဝန္းက်င္ရွိပါတယ္။ ဘက္ထရီစားသက္သာဖုိ ့နဲ ့အပူစြန့္ထုတ္မွုနည္းေအာင္အဓိကထားပါတယ္။
(Pentium စီးရီးဟုဆိုရာတြင္ ယခင္ Pentium III/ Pentium IV/ Pentimum D ကဲ့သို့ ေမာ္ဒယ္ေဟာင္းမ်ားကို ဆိုလိုျခင္းမဟုတ္ပါ။ ၂၀၀၆ ခုႏွစ္မွ စတင္ထုတ္လုပ္တဲ့ Pentium မ်ားကိုဆိုလုိပါတယ္။)
(အထူးအသံုးျပဳပံုေတြအတြက္ အျခား CPU စီးရီးမ်ားလည္းရွိပါေသးသည္။ ပံုမွန္အသံုးျပဳေသာ စီးရီးမ်ားကိုသာ ေရြးခ်ယ္ေဖာ္ျပထားပါသည္။)
⚙️ ၃။ ေနာက္တစ္ခုက Core i7 တိုင္းက Core i5 ထက္ေကာင္းတယ္။ Core i3 တိုင္းက Pentium ထက္ေကာင္းတယ္လုိ ့မွတ္ထားရင္ လံုးဝမွားပါတယ္။ CPU ရဲ့ စြမ္းေဆာင္ရည္မွာ Core i3/ Core i5 စသည္ျဖင့္ သိရွိရန္လိုသလို ထြက္ရွိတဲ့ ခုႏွစ္ (Generation) နဲ့ ့ေမာ္ဒယ္နံပါတ္ကလည္း အေရးၾကီးပါတယ္။ ဥပမာအားျဖင့္ ၂၀၁၈ မွာထြက္ရွိတဲ့ ေဒၚလာ ၁၃၀ တန္ Core i3 8100 က ၂၀၁၀ ခုႏွစ္က ထြက္ရွိတဲ့ ေဒၚလာ ၅၀၀ ေက်ာ္တန္ခဲ့တဲ့ Core i7 880 ထက္ စြမ္းေဆာင္ရည္ ၆၀% ေလာက္ပိုျမန္ပါတယ္။
⚙️ ၄။ Intel Core CPU (i3/ i5/ i7) ေတြမွာ အေရွ့ဆံုးနံပါတ္က ထြက္ရွိတဲ့အမွတ္စဥ္ (Generation) ကိုေဖာ္ျပပါတယ္။ ဥပမာ i3-8100 ဆိုတာ 8th Generation ျဖစ္ျပီး i3-7100 ဆိုတာ 7th Generation ျဖစ္ပါတယ္။ i3-6100 ဆိုရင္ေတာ့ 6th Generation ပါ။ အေနာက္မွာပါဝင္တဲ့ အကၡရာေတြမွာလည္း ဆိုလိုခ်က္ေတြရွိပါတယ္။
🎆 “u” ဆိုတာ လက္ေတာ့ မွာသံုးတဲ့ စီးရီးျဖစ္ပါတယ္။ (i3-7100u)
🎆 “HQ” ဆိုတာ လက္ေတာ့မွာသံုးတဲ့ စြမ္းေဆာင္ရည္ျမင့္ High Performance စီးရီးျဖစ္ပါတယ္။ (i7-7700HQ)
🎆 ရိုးရိုး Desktop CPU ေတြမွာ မည္သည့္ အကၡရာမွ ပါေလ့မရွိပါ။ (i3-7100)
🎆 “T” ဆိုတာ Desktop CPU ကို ပါဝါစားနဲ ့အပူထြက္ရွိမွဳသက္သာတဲ့ အမ်ိဳးအစားျဖစ္ပါတယ္ (အဆင္သင့္ တပ္ဆင္ျပီး ကြန္ပ်ဴတာေတြမွာ ေတြ ့ရတတ္ပါတယ္။ အျပင္ေစ်းကြက္မွာ ေတြ ့ရေလ့မရွိပါ။) (i3-7100T)
🎆 “K” ဆိုရင္ Desktop ရဲ့စြမ္းေဆာင္ရည္ျမင့္ေမာ္ဒယ္ပါ။ အျမန္ႏွဳန္းျမွင့္တင္ျခင္း (Overclocking) ကို အသံုးျပဳႏိုင္တဲ့ စီးရီးျဖစ္ပါတယ္။ (i7-7500K)
⚙️ ၅။ ကြန္ပ်ဴတာတစ္ခုမွာ CPU အျပင္ Memory၊ Storage (Hard Disk, SSD)၊ Graphic Card (GPU) နဲ ့အျခားအစိတ္အပိုင္းေတြရွိပါေသးတယ္။ ဒါ့အျပင္ Operating System (Windows/ Mac/ Linus) နဲ ့အသံုးျပဳထားတဲ့ ေဆာ့ဝဲလ္ (ဥပမာအားျဖင့္ Antivirus လို ့ေဆာ့ဝဲလ္) ကိုလည္းထည့္သြင္း စဥ္းစားရမွာပါ။ ကြန္ပ်ဴတာ တစ္လံုးထဲကိုပဲ မတူတဲ့ Windows ဗားရွင္း (ဥပမာ Windows 10 ႏွင့္ Windows 7) အသံုးျပဳရင္ အျမန္ႏွဳန္းကြာျခားပါတယ္။ Antivirus သြင္းထားတာနဲ ့မသြင္းထားတာ အျမန္ႏွဳန္းမတူပါဘူး။ စာဖတ္သူအေနနဲ့ သေဘာေပါက္ရမွာက Core i7 သံုးလိုက္ရံုနဲ့ ခ်က္ခ်င္း လိပ္က ဒံုးပ်ံျဖစ္ခ်င္မွျဖစ္မယ္။ အျခားအစိတ္အပိုင္းေတြကလည္း Core i7 နဲ့ လိုက္မွီေအာင္အလုပ္လုပ္ႏိုင္မွ အျပည့္အဝ အျမန္ႏွဳန္းကို ရရွိမွာပါ။ (ဥပမာအားျဖင့္ လုပ္သားတစ္ေယာက္က မုန့္ဖုတ္တယ္။ ေနာက္တစ္ေယက္က မုန္ ့ကို ပါကင္ထုပ္တယ္ဆိုပါစို ့။ လုပ္သားတစ္ေယာက္ကို သံုးဆပိုျမန္တဲ့ သူနဲ ့အစားထုိးလိုက္ရင္ မုန္ ့သံုးဆ ပိုရမွာလား။ ေနာက္တစ္ေယာက္ေပၚလည္း မူတည္တယ္မဟုတ္လားဗ်။)
⚙️ ၆။ ကြန္ပ်ဴတာတစ္လံုးကို ျမန္တယ္လို ့ေျပာခ်င္ရင္ ဘာေတြျမန္တာလဲဆိုတာရွိပါတယ္။ Windows တက္တာ (ကြန္ပ်ဴတာဖြင့္တာ) ျမန္ခ်င္တာလား။ ဂိမ္းေတြ ေဆာ့ဝဲလ္ေတြ ဖြင့္လိုက္ရင္ ခ်က္ခ်င္းပြင့္ခ်င္တာလား။ ဂိမ္းေဆာ့ရင္ မထစ္ခ်င္တာလား။ Photoshop တို ့၊ Video Editing တို ့မွာ လုပ္ေဆာင္ခ်က္ျမန္ခ်င္တာလား စသည္ျဖင့္အမ်ိဳးမ်ိဳးရွိပါတယ္။ အသံုးျပဳသူေပၚမူတည္ျပီး လိုအပ္ခ်က္ေတြကြာျခားပါတယ္။ အားလံုးေကာင္းတဲ့ ကြန္ပ်ဴတာမရွိဘူးလားဆိုေတာ့ ရွိပါတယ္။ ေစ်းလည္းအၾကီးဆံုးျဖစ္မွာပါ။
ဒါေပမယ့္ ကြန္ပ်ဴတာအသံုးျပဳသူေတြက ဖန္ရွင္အားလံုးကို အသံုးမျပဳသလို ေစ်းအၾကီးဆံုးကိုလည္းမဝယ္ၾကပါဘူး။ ဒီေတာ့ လိုအပ္တဲ့ဖန္ရွင္ေပၚမူတည္ျပီး ပိုမိုအေလးေပးသင့္တဲ့ အပိုင္းေတြကို ေဖာ္ျပလိုက္ပါတယ္။
🎆 တြက္ခ်က္မွဳ (Photo editing, Video editing, Auto CAD rendering,…) ေတြအတြက္ CPU ရဲ့ စြမ္းေဆာင္ရည္ေပၚပိုမုိမူတည္ပါတယ္။
🎆 ဂိမ္းေဆာ့ဖို ့အတြက္ဆိုရင္ Graphic Card ရဲ့ စြမ္းေဆာင္ရည္က ပိုျပီးအေရးပါပါတယ္။
🎆 ဖြင့္တာ ပိတ္တာ (Windows တက္တာ၊ ဂိမ္းနဲ့ ေဆာ့ဝဲလ္ေတြစတင္တာ) ျမန္ခ်င္တယ္ဆိုရင္ SSD (Solid State Drive) က ပိုအေရးၾကီးပါတယ္။ Hard Disk Drive (HDD) ေတြက ဖြင့္တာပိတ္တာ ေႏွးပါတယ္။
🎆 ေဆာ့ဝဲလ္ေတြအမ်ားၾကီးျပိဳင္တူသံုးမယ္၊ ေဆာ့ဝဲလ္အၾကီးေတြသံုးမယ္၊ ပေရာဂ်က္အၾကီးေတြလုပ္မယ္၊ အင္တာနက္ ဗေရာက္စာ (Internet Explorer, Chrome, Firefox, …) မွာ Tab ေတြအမ်ားၾကီးသံုးမယ္ဆိုရင္ RAM မ်ားဖို ့လိုပါတယ္။
⚙️ ၇။ CPU တစ္ခုမွာ ေမာ္ဒယ္နံပါတ္ကို သိရင္ သူ ့ရဲ့အခ်က္အလက္ (Specification) ေတာ္ေတာ္မ်ားမ်ားကို သိႏိုင္ပါတယ္။ ေစ်းကြက္ထဲမွာအေျပာမ်ားတဲ့ အျမန္ႏွဳန္း (GHz) အျပင္ အျခားအေရးၾကီးတဲ့အခ်က္ေတြလည္းရွိပါေသးတယ္။ တည္ေဆာက္ထားတဲ့ နည္းပညာ (နာႏိုမီတာ)၊ ပါဝါစားႏွဳန္း (TDP/ Watt)၊ CPU အစိတ္အပိုင္းအေရအတြက္ (Cores/ Threads)၊ Cache Memory၊ တြဲဖက္ပါရွိတဲ့ internal GPU တို ့ကိုမူတည္ျပီး စြမ္းေဆာင္ရည္၊ အသံုးဝင္ပံုနဲ ့ေရြးခ်ယ္မွဳတို ့ကြာျခားႏိုင္ပါတယ္။
စာဖတ္သူတို ့လည္း လိုအပ္ခ်က္နဲ ့ဘက္ဂ်က္ကို ခ်ိန္ဆျပီး မိမိအတြက္ အေကာင္းဆံုး ကြန္ပ်ဴတာမ်ားကို အသံုးျပဳႏိုင္ၾကပါေစ။
-----
✨ ျမန္မာ ကြန္ပ်ဴတာေစ်းကြက္ထဲမွာ အေတြ ့မ်ားတဲ့ CPU အခ်ိဳ ့ရဲ့စြမ္းေဆာင္ရည္အမွတ္ေတြကို ေဖာ္ျပေပးထားပါတယ္။ အမွတ္မ်ားရင္ စြမ္းေဆာင္မွဳပိုေကာင္းတယ္လို့ မွတ္ယူႏိုင္ပါတယ္။ (Benchmark အမွတ္ေတြက တစ္ကယ္အသံုးျပဳရတဲ့ အေတြ ့အၾကံဳတိုင္းကို ကိုယ္စားမျပဳႏိုင္ဘူးဆိုေပမယ့္ အလြယ္ကူဆံုးနဲ့ နားလည္အလြယ္ဆံုးျဖစ္ပါတယ္။)
Celeron (Notebook)
N3060 (2016) – 997 N3350 (2016) – 1129 N4000 (2018) – 1542
---
Celeron (Desktop)
J3060 (2016) – 985 J4050 (2018) – 1566 G3930 (2018) – 3050
---
Pentium (Notebook)
N3700 (2015) – 1843 N4200 (2016) – 2033 N5000 (2018) – 2807
---
Pentium (Desktop)
G4400 (2015) – 3571 G4560 (2016) – 4889 G5500 (2018) – 5137
---
Core i3 (Notebook)
i3 6100u (2015) – 3582 i3 7100u (2016) – 3830 i3 8130u (2018) – 5353
---
Core i3 (Desktop)
i3 6100 (2015) – 5493 i3 7100 (2017) – 5790 i3 8130 (2017) – 8050
---
Core i5 (Notebook)
i5 6200u (2015) – 4014 i5 7200u (2016) – 4641 i5 8250u (2017) – 7649
---
Core i5 (Desktop)
i5 6400 (2015) – 6760 i5 7400 (2017) – 7392 i5 8400 (2017) – 11780
---
Core i7 (Notebook)
i7 6500u (2015) – 4433 i7 7500u (2016) – 5196 i7 8550u (2017) – 8336 i7 6700HQ (2015) – 8140 i7 7700HQ (2016) – 8861
---
Core i7 (Desktop)
i7 6700K (2015) – 11113 i7 7700K (2016) – 12060 i7 8700K (2017) – 16031 i7 6700 (2015) – 10012 i7 7700 (2016) – 10782 i7 8700 (2017) – 15269
---
Core i9 (Laptop)
i9 8950HK (2018) - 14812
---
Core i9 (Desktop)
i9 7900X (2017) - 22098
---
Core m (Notebook)
m3-6Y30 (2015) – 3051 m5-6Y64 (2015) – 3359 m3-7Y30 (2016) – 3555
---
ကိုယ္ရဲ့ CPU ေတြရဲ့ Benchmark အမွတ္ကိုသိခ်င္ရင္ ျဖစ္ျဖစ္၊ အျခား CPU နဲ ့စြမ္းေဆာင္ရည္ႏွိဳင္းယွဥ္ခ်င္ရင္ျဖစ္ျဖစ္ Google မွာရွာေဖြႏိုင္ပါတယ္။
(ဥပမာ Intel i5 6200u vs 7200u လို ့ရွာလို ့ရပါတယ္။)
⭐⭐⭐ "Celeron CPU က တစ္ကယ္အလုပ္ျဖစ္ရဲ့လား"ဆိုတာ ကို စမ္းသပ္ျပီး ေဖာ္ျပေပးသြားမွာျဖစ္လို ့ Like & Share လုပ္ထားျပီး ဆက္လက္အားေပးၾကဦးေနာ္…
Tips: 👀 👀 👀
နည္းပညာမ်ားသည္ အစဥ္ေျပာင္းလဲတိုးတက္လွ်က္ရွိေသာေၾကာင့္ အရာအားလံုးကို ေလွနံဓားထစ္မွတ္ယူထားျခင္းထက္ အျမဲမျပတ္ေလ့လာေနရန္လိုအပ္ပါသည္။ ကၽြန္ေတာ္တို ့တူတူ ဆက္လက္သင္ယူၾကပါစို ့။
အက်ဒမင်တို ့ကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုရင် မဖြစ်မနေ ရွေးချယ်ရမယ့်အစိတ်အပိုင်းတစ်ခုက CPU (Central Processing Unit) ဖြစ်ပါတယ်။ ကွန်ပျူတာစနစ်တစ်ခုရဲ့ တွက်ချက်မှုတွေကို ပြုလုပ်ပေးတဲ့ အစိတ်အပိုင်းဖြစ်လို ့အရေးပါပါတယ်။ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည် မြန်ခြင်းနှေးခြင်းကို လွန်စွာသက်ရောက်မှုရှိပါတယ်။
⚙️ ၁။ Personal Computer (PC) တွေမှာ အဓိကအသုံးပြုတဲ့ CPU အမှတ်တံဆိပ်နှစ်ခုရှိပါတယ်။ တစ်ခုက Intel ဖြစ်ပြီး နောက်တစ်ခုက AMD ဖြစ်ပါတယ်။ AMD ရဲ့ CPU တွေကို မြန်မာနိုင်ငံမှာ အသုံးအလွန်နည်းပါတယ်။ ယေဘုယျအားဖြင့် Intel CPU တွေက စွမ်းဆောင်ရည်ပိုကောင်းတယ်လို ့ဆိုနိုင်ပါတယ်။ ဒါပေမယ့် Intel ဆိုတိုင်း ပိုကောင်းတယ်၊ AMD ဆိုတိုင်း ညံံ့တယ်ဆိုရင် လုံးဝမှားပါတယ်။ မော်ဒယ်အလိုက်၊ စျေးနှုန်းအလိုက်အားသာချက်၊ အားနည်းချက်တွေရှိပါတယ်။
⚙️ ၂။ Intel က သူရဲ့ CPU တွေကို အသုံးပြုသူတွေ နားလည်လွယ်အောင် စီးရီးတွေ ခွဲခြားထုတ်လုပ်ပါတယ်။
🎆 စွမ်းဆောင်ရည်အနိမ့်ဆုံးစီးရီးကို အက်တမ် (Atom) စီးရီးနဲ့ ဆယ်လီရွန် (Celeron) စီးရီး
🎆 ဒုတိယအနေနဲ့ ပင်တီယမ် (Pentium) စီးရီး၊
🎆 Core i3/ Core i5/ Core i7 စသည်ဖြင့် စွမ်းဆောင်ရည်အဆင့်ဆင့် သတ်မှတ်ရောင်းချပါတယ်။
🎆 Desktop CPU တွေမှာ Core i9 ကို ၂၀၁၈ ခုနှစ်မှာစတင်ထုတ်လုပ်ပါတယ်။
🎆 အလွန်ပါးလွှာတဲ့ လက်တော့ (Ultra-book) နဲ့ တက်ဘလက်တွေအတွက် ပါဝါစားသက်သာတဲ့ Core m စီးရီးလည်းရှိပါသေးတယ်။ စွမ်းဆောင်ရည်က အကြမ်းအားဖြင့်တော့ Core i3 စီးရီး ဝန်းကျင်ရှိပါတယ်။ ဘက်ထရီစားသက်သာဖို ့နဲ ့အပူစွန့်ထုတ်မှုနည်းအောင်အဓိကထားပါတယ်။
(Pentium စီးရီးဟုဆိုရာတွင် ယခင် Pentium III/ Pentium IV/ Pentimum D ကဲ့သို့ မော်ဒယ်ဟောင်းများကို ဆိုလိုခြင်းမဟုတ်ပါ။ ၂၀၀၆ ခုနှစ်မှ စတင်ထုတ်လုပ်တဲ့ Pentium များကိုဆိုလိုပါတယ်။)
(အထူးအသုံးပြုပုံတွေအတွက် အခြား CPU စီးရီးများလည်းရှိပါသေးသည်။ ပုံမှန်အသုံးပြုသော စီးရီးများကိုသာ ရွေးချယ်ဖော်ပြထားပါသည်။)
⚙️ ၃။ နောက်တစ်ခုက Core i7 တိုင်းက Core i5 ထက်ကောင်းတယ်။ Core i3 တိုင်းက Pentium ထက်ကောင်းတယ်လို ့မှတ်ထားရင် လုံးဝမှားပါတယ်။ CPU ရဲ့ စွမ်းဆောင်ရည်မှာ Core i3/ Core i5 စသည်ဖြင့် သိရှိရန်လိုသလို ထွက်ရှိတဲ့ ခုနှစ် (Generation) နဲ့ ့မော်ဒယ်နံပါတ်ကလည်း အရေးကြီးပါတယ်။ ဥပမာအားဖြင့် ၂၀၁၈ မှာထွက်ရှိတဲ့ ဒေါ်လာ ၁၃၀ တန် Core i3 8100 က ၂၀၁၀ ခုနှစ်က ထွက်ရှိတဲ့ ဒေါ်လာ ၅၀၀ ကျော်တန်ခဲ့တဲ့ Core i7 880 ထက် စွမ်းဆောင်ရည် ၆၀% လောက်ပိုမြန်ပါတယ်။
⚙️ ၄။ Intel Core CPU (i3/ i5/ i7) တွေမှာ အရှေ့ဆုံးနံပါတ်က ထွက်ရှိတဲ့အမှတ်စဉ် (Generation) ကိုဖော်ပြပါတယ်။ ဥပမာ i3-8100 ဆိုတာ 8th Generation ဖြစ်ပြီး i3-7100 ဆိုတာ 7th Generation ဖြစ်ပါတယ်။ i3-6100 ဆိုရင်တော့ 6th Generation ပါ။
အနောက်မှာပါဝင်တဲ့ အက္ခရာတွေမှာလည်း ဆိုလိုချက်တွေရှိပါတယ်။
🎆 “u” ဆိုတာ လက်တော့ မှာသုံးတဲ့ စီးရီးဖြစ်ပါတယ်။ (i3-7100u)
🎆 “HQ” ဆိုတာ လက်တော့မှာသုံးတဲ့ စွမ်းဆောင်ရည်မြင့် High Performance စီးရီးဖြစ်ပါတယ်။ (i7-7700HQ)
🎆 ရိုးရိုး Desktop CPU တွေမှာ မည်သည့် အက္ခရာမှ ပါလေ့မရှိပါ။ (i3-7100)
🎆 “T” ဆိုတာ Desktop CPU ကို ပါဝါစားနဲ ့အပူထွက်ရှိမှုသက်သာတဲ့ အမျိုးအစားဖြစ်ပါတယ် (အဆင်သင့် တပ်ဆင်ပြီး ကွန်ပျူတာတွေမှာ တွေ ့ရတတ်ပါတယ်။ အပြင်စျေးကွက်မှာ တွေ ့ရလေ့မရှိပါ။) (i3-7100T)
🎆 “K” ဆိုရင် Desktop ရဲ့စွမ်းဆောင်ရည်မြင့်မော်ဒယ်ပါ။ အမြန်နှုန်းမြှင့်တင်ခြင်း (Overclocking) ကို အသုံးပြုနိုင်တဲ့ စီးရီးဖြစ်ပါတယ်။ (i7-7500K)
⚙️ ၅။ ကွန်ပျူတာတစ်ခုမှာ CPU အပြင် Memory၊ Storage (Hard Disk, SSD)၊ Graphic Card (GPU) နဲ ့အခြားအစိတ်အပိုင်းတွေရှိပါသေးတယ်။ ဒါ့အပြင် Operating System (Windows/ Mac/ Linus) နဲ ့အသုံးပြုထားတဲ့ ဆော့ဝဲလ် (ဥပမာအားဖြင့် Antivirus လို ့ဆော့ဝဲလ်) ကိုလည်းထည့်သွင်း စဉ်းစားရမှာပါ။ ကွန်ပျူတာ တစ်လုံးထဲကိုပဲ မတူတဲ့ Windows ဗားရှင်း (ဥပမာ Windows 10 နှင့် Windows 7) အသုံးပြုရင် အမြန်နှုန်းကွာခြားပါတယ်။ Antivirus သွင်းထားတာနဲ ့မသွင်းထားတာ အမြန်နှုန်းမတူပါဘူး။ စာဖတ်သူအနေနဲ့ သဘောပေါက်ရမှာက Core i7 သုံးလိုက်ရုံနဲ့ ချက်ချင်း လိပ်က ဒုံးပျံဖြစ်ချင်မှဖြစ်မယ်။ အခြားအစိတ်အပိုင်းတွေကလည်း Core i7 နဲ့ လိုက်မှီအောင်အလုပ်လုပ်နိုင်မှ အပြည့်အဝ အမြန်နှုန်းကို ရရှိမှာပါ။ (ဥပမာအားဖြင့် လုပ်သားတစ်ယောက်က မုန့်ဖုတ်တယ်။ နောက်တစ်ယေက်က မုန် ့ကို ပါကင်ထုပ်တယ်ဆိုပါစို ့။ လုပ်သားတစ်ယောက်ကို သုံးဆပိုမြန်တဲ့ သူနဲ ့အစားထိုးလိုက်ရင် မုန် ့သုံးဆ ပိုရမှာလား။ နောက်တစ်ယောက်ပေါ်လည်း မူတည်တယ်မဟုတ်လားဗျ။)
⚙️ ၆။ ကွန်ပျူတာတစ်လုံးကို မြန်တယ်လို ့ပြောချင်ရင် ဘာတွေမြန်တာလဲဆိုတာရှိပါတယ်။ Windows တက်တာ (ကွန်ပျူတာဖွင့်တာ) မြန်ချင်တာလား။ ဂိမ်းတွေ ဆော့ဝဲလ်တွေ ဖွင့်လိုက်ရင် ချက်ချင်းပွင့်ချင်တာလား။ ဂိမ်းဆော့ရင် မထစ်ချင်တာလား။ Photoshop တို ့၊ Video Editing တို ့မှာ လုပ်ဆောင်ချက်မြန်ချင်တာလား စသည်ဖြင့်အမျိုးမျိုးရှိပါတယ်။ အသုံးပြုသူပေါ်မူတည်ပြီး လိုအပ်ချက်တွေကွာခြားပါတယ်။ အားလုံးကောင်းတဲ့ ကွန်ပျူတာမရှိဘူးလားဆိုတော့ ရှိပါတယ်။ စျေးလည်းအကြီးဆုံးဖြစ်မှာပါ။
ဒါပေမယ့် ကွန်ပျူတာအသုံးပြုသူတွေက ဖန်ရှင်အားလုံးကို အသုံးမပြုသလို စျေးအကြီးဆုံးကိုလည်းမဝယ်ကြပါဘူး။ ဒီတော့ လိုအပ်တဲ့ဖန်ရှင်ပေါ်မူတည်ပြီး ပိုမိုအလေးပေးသင့်တဲ့ အပိုင်းတွေကို ဖော်ပြလိုက်ပါတယ်။
🎆 တွက်ချက်မှု (Photo editing, Video editing, Auto CAD rendering,…) တွေအတွက် CPU ရဲ့ စွမ်းဆောင်ရည်ပေါ်ပိုမိုမူတည်ပါတယ်။
🎆 ဂိမ်းဆော့ဖို ့အတွက်ဆိုရင် Graphic Card ရဲ့ စွမ်းဆောင်ရည်က ပိုပြီးအရေးပါပါတယ်။
🎆 ဖွင့်တာ ပိတ်တာ (Windows တက်တာ၊ ဂိမ်းနဲ့ ဆော့ဝဲလ်တွေစတင်တာ) မြန်ချင်တယ်ဆိုရင် SSD (Solid State Drive) က ပိုအရေးကြီးပါတယ်။ Hard Disk Drive (HDD) တွေက ဖွင့်တာပိတ်တာ နှေးပါတယ်။
🎆 ဆော့ဝဲလ်တွေအများကြီးပြိုင်တူသုံးမယ်၊ ဆော့ဝဲလ်အကြီးတွေသုံးမယ်၊ ပရောဂျက်အကြီးတွေလုပ်မယ်၊ အင်တာနက် ဗရောက်စာ (Internet Explorer, Chrome, Firefox, …) မှာ Tab တွေအများကြီးသုံးမယ်ဆိုရင် RAM များဖို ့လိုပါတယ်။
⚙️ ၇။ CPU တစ်ခုမှာ မော်ဒယ်နံပါတ်ကို သိရင် သူ ့ရဲ့အချက်အလက် (Specification) တော်တော်များများကို သိနိုင်ပါတယ်။ စျေးကွက်ထဲမှာအပြောများတဲ့ အမြန်နှုန်း (GHz) အပြင် အခြားအရေးကြီးတဲ့အချက်တွေလည်းရှိပါသေးတယ်။ တည်ဆောက်ထားတဲ့ နည်းပညာ (နာနိုမီတာ)၊ ပါဝါစားနှုန်း (TDP/ Watt)၊ CPU အစိတ်အပိုင်းအရေအတွက် (Cores/ Threads)၊ Cache Memory၊ တွဲဖက်ပါရှိတဲ့ internal GPU တို ့ကိုမူတည်ပြီး စွမ်းဆောင်ရည်၊ အသုံးဝင်ပုံနဲ ့ရွေးချယ်မှုတို ့ကွာခြားနိုင်ပါတယ်။
စာဖတ်သူတို ့လည်း လိုအပ်ချက်နဲ ့ဘက်ဂျက်ကို ချိန်ဆပြီး မိမိအတွက် အကောင်းဆုံး ကွန်ပျူတာများကို အသုံးပြုနိုင်ကြပါစေ။
-----
✨ မြန်မာ ကွန်ပျူတာစျေးကွက်ထဲမှာ အတွေ ့များတဲ့ CPU အချို ့ရဲ့စွမ်းဆောင်ရည်အမှတ်တွေကို ဖော်ပြပေးထားပါတယ်။ အမှတ်များရင် စွမ်းဆောင်မှုပိုကောင်းတယ်လို့ မှတ်ယူနိုင်ပါတယ်။ (Benchmark အမှတ်တွေက တစ်ကယ်အသုံးပြုရတဲ့ အတွေ ့အကြုံတိုင်းကို ကိုယ်စားမပြုနိုင်ဘူးဆိုပေမယ့် အလွယ်ကူဆုံးနဲ့ နားလည်အလွယ်ဆုံးဖြစ်ပါတယ်။)
Celeron (Notebook)
N3060 (2016) – 997
N3350 (2016) – 1129
N4000 (2018) – 1542
---
Celeron (Desktop)
J3060 (2016) – 985
J4050 (2018) – 1566
G3930 (2018) – 3050
---
Pentium (Notebook)
N3700 (2015) – 1843
N4200 (2016) – 2033
N5000 (2018) – 2807
---
Pentium (Desktop)
G4400 (2015) – 3571
G4560 (2016) – 4889
G5500 (2018) – 5137
---
Core i3 (Notebook)
i3 6100u (2015) – 3582
i3 7100u (2016) – 3830
i3 8130u (2018) – 5353
---
Core i3 (Desktop)
i3 6100 (2015) – 5493
i3 7100 (2017) – 5790
i3 8130 (2017) – 8050
---
Core i5 (Notebook)
i5 6200u (2015) – 4014
i5 7200u (2016) – 4641
i5 8250u (2017) – 7649
---
Core i5 (Desktop)
i5 6400 (2015) – 6760
i5 7400 (2017) – 7392
i5 8400 (2017) – 11780
---
Core i7 (Notebook)
i7 6500u (2015) – 4433
i7 7500u (2016) – 5196
i7 8550u (2017) – 8336
i7 6700HQ (2015) – 8140
i7 7700HQ (2016) – 8861
---
Core i7 (Desktop)
i7 6700K (2015) – 11113
i7 7700K (2016) – 12060
i7 8700K (2017) – 16031
i7 6700 (2015) – 10012
i7 7700 (2016) – 10782
i7 8700 (2017) – 15269
---
Core i9 (Laptop)
i9 8950HK (2018) - 14812
---
Core i9 (Desktop)
i9 7900X (2017) - 22098
---
Core m (Notebook)
m3-6Y30 (2015) – 3051
m5-6Y64 (2015) – 3359
m3-7Y30 (2016) – 3555
---
ကိုယ်ရဲ့ CPU တွေရဲ့ Benchmark အမှတ်ကိုသိချင်ရင် ဖြစ်ဖြစ်၊ အခြား CPU နဲ ့စွမ်းဆောင်ရည်နှိုင်းယှဉ်ချင်ရင်ဖြစ်ဖြစ် Google မှာရှာဖွေနိုင်ပါတယ်။
(ဥပမာ Intel i5 6200u vs 7200u လို ့ရှာလို ့ရပါတယ်။)
⭐⭐⭐ "Celeron CPU က တစ်ကယ်အလုပ်ဖြစ်ရဲ့လား"ဆိုတာ ကို စမ်းသပ်ပြီး ဖော်ပြပေးသွားမှာဖြစ်လို ့ Like & Share လုပ်ထားပြီး ဆက်လက်အားပေးကြဦးနော်…
Tips: 👀 👀 👀
နည်းပညာများသည် အစဉ်ပြောင်းလဲတိုးတက်လျှက်ရှိသောကြောင့် အရာအားလုံးကို လှေနံဓားထစ်မှတ်ယူထားခြင်းထက် အမြဲမပြတ်လေ့လာနေရန်လိုအပ်ပါသည်။ ကျွန်တော်တို ့တူတူ ဆက်လက်သင်ယူကြပါစို ့။
(Benchmark Credit: https://www.cpubenchmark.net/cpu_list.php)
Comments