<Unicode version include>
Galaxy A7 (2018) သံုးသပ္ခ်က္ | Galaxy A7 (2018) Review
-----
Galaxy A7 (2018) ကို ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလမွာ စတင္မိတ္ဆက္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံေစ်းကြက္ကို ေရႊေရာင္၊ အနက္ေရာင္နဲ ့အျပာေရာင္ဆိုျပီးေတာ့ အေရာင္ ၃ မ်ိဳး တင္သြင္းေရာင္းခ်ပါတယ္။ Samsung ရဲ့ ပထမဆံုး အေနာက္ ကင္မရာ ၃ လံုးနဲ ့ပြဲထြက္လာတဲ့ ဖုန္းလည္းျဖစ္ပါတယ္။
A7 (2018) က ေရြးခ်ယ္သင့္တဲ့ ဖုန္းေကာင္းတစ္လံုးလား၊ A စီးရီးကို ျပန္လည္အသက္ဝင္ေစမွာလားဆိုတာ ဆက္ျပီး ၾကည့္လိုက္ၾကရေအာင္...
ပထမဆံုးအေနနဲ ့ ယခု သံုးသပ္ခ်က္မွာ အသံုးျပဳရတဲ့ အေတြ ့အၾကံဳနဲ ့အက္ဒမင္ရဲ့ ထင္ျမင္ခ်က္ေတြကို အသားေပးတင္ဆက္သြားမွာျဖစ္ပါတယ္။ အေသးစိတ္အခ်က္အလက္ေတြကို ေတာ့ အင္တာနက္စာမ်က္ႏွာမ်ားနဲ ့ Samsung ရဲ့ Official webpage ေတြမွာ ေလ့လာႏိုင္ပါတယ္။
>> ေစ်းႏွဳန္း
💡RAM 4GB, Storage 64GB – ၅၁၉ ၀၀၀ က်ပ္
---------------------------------
>> တည္ေဆာက္ပံု
💡 တည္ေဆာက္ပံုနဲ ့ဒီဇိုင္းအပိုင္းမွာေတာ့ A7 (2018) က ယခင္ A စီးရီးဖုန္းေတြနဲ ့မတူပဲ အေတာ္ေလးေျပာင္းလဲလာခဲ့ပါတယ္။
💡 အေရွ ့ဘက္နဲ ့အေနာက္ဘက္ မွန္ ၂ ခ်ပ္ရဲ့ၾကားမွာ ပလပ္စတစ္ကိုယ္ထည္ကို အသံုးျပဳထားပါတယ္။ ေကာင္းတာကေတာ့ ဖုန္းရဲ့အေလးခ်ိန္ေပါ့သြားသလို ့ ဖုန္းေစ်းႏွဳန္းလည္း အနည္ငယ္ သက္သာသြားတယ္လို ့ထင္ပါတယ္။ အားနည္းခ်က္အေနနဲ ့ကေတာ့ သတၱဳကိုယ္ထည္ရဲ့ အထိအေတြကို မခံစားရဘူးေပါ့။ ဖုန္းကာဗာတပ္ကိုင္မယ့္သူေတြအတြက္ေတာ့ အရမ္းထူးမွာမဟုတ္ပါဘူး။
💡 ဖုန္းရဲ့ အထူက ၇.၅ မီလီမီတာရွိျပီး ၁၆၈ ဂရမ္ေလးပါတယ္။
💡ဖုန္းရဲ့ေက်ာဘက္မွာ ေရႊေရာင္၊ အနက္ေရာင္ နဲ ့အျပာေရာင္ဆိုျပီး ၃ မ်ိဳးေရြးခ်ယ္ႏိုင္ပါတယ္။ အေရွ ့ဘက္ကေတာ့ အားလံုးအနက္ေရာင္ျဖစ္ပါတယ္။
💡 ဖုန္းရဲ့ Display က ၆ လက္မအရြယ္အစားျဖစ္ပါတယ္။ မွန္အမ်ိဳးအစားကို Samsung ရဲ့ Webpage မွာေဖာ္ျပထားျခင္းမရွိပါဘူး။ Gorilla Glass ကိုအသံုးျပဳထားတယ္လို့လည္း အခ်ိဳ ့နည္းပညာစာမ်က္ႏွာေတြမွာ ေဖာ္ျပၾကပါတယ္။
💡 ဆင္းကဒ္ ၂ ကဒ္နဲ့အတူ မန္မိုရီကဒ္ပါ တစ္ျပိဳင္တည္းအသံုးျပဳႏိုင္ပါတယ္။ ဆင္းကဒ္ေပါက္က ဖုန္းရဲ့ ဘယ္ဘက္အေပၚမွာရွိပါတယ္။
💡 အသံခလုတ္ေတြက အရင္ Samsung ဖုန္းေတြမွာလို ဖုန္းရဲ့ ဘယ္လက္မွာ မရွိေတာ့ပါဘူး။ ညာဘက္အေပၚမွာရွိပါတယ္။ ပါဝါခလုတ္ရဲ့အေပၚမွာျဖစ္ပါတယ္။
💡 ပါဝါခလုတ္ကလည္း အေျပာင္းအလဲေတြရွိပါတယ္။ အရင္လို ခလုတ္ပံုစံမ်ိဳးမဟုတ္ေတာ့ပါဘူး။ ျပားျပားေလးျဖစ္သြားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လက္ေဗြစနစ္ (Finger Print Scanner) ကို ပါဝါခလုတ္မွာ ပူးတြဲတပ္ဆင္ထားလို ့ပါ။ ဟုတ္ပါတယ္။ လက္ေဗြစနစ္က ဖုန္းရဲ့ ညာဘက္ ပါဝါခလုတ္ေပၚမွာျဖစ္ပါတယ္။
💡 အေနာက္ဘက္မွာ ကင္မရာ ၃ လံုးနဲ ့ LED မီးတို ့ကို အထက္ေအာက္တပ္ဆင္ထားပါတယ္။
💡 စပီကာ၊ 3.5mm Headphone jack နဲ ့microUSB အေပါက္ေတြက ေအာက္ဘက္မွာရွိပါတယ္။ စပီကာ အေပါက္က ေအာက္ဘက္ကို ျပန္ေရာက္လာပါတယ္။ ၾကီးၾကီးမားမားေျပာစရာဆုိရင္ေတာ့ microUSB ေပါက္ပဲျဖစ္ပါတယ္။ ၂၀၁၈ရဲ့ Midrange ဖုန္းေတြမွာ Type C ျဖစ္သင့္ပါျပီ။ USB Type C သာအသံုးျပဳခဲ့မယ္ဆိုရင္ ေစ်းကြက္မွာ ပိုျပီးျပိဳင္ဆိုင္ ႏိုင္တဲ ့ဖုန္းတစ္လံုးျဖစ္လာမွာပါ။
💡 ယခင္ A စီးရီးေတြမွာ ပါေနက်ျဖစ္တဲ့ ေရနဲ့ ဖုန္မွဳန္ ့မ်ားကိုခံႏိုင္ရည္ (IP rating) မပါဝင္ပါဘူး။ ဒါေလးက ေစ်းကြက္ထဲမွာ သိပ္ျပီးျပသနာမရွိဘူးဆိုေပးမယ့္ A စီးရီးရဲ့အားသာခ်က္တစ္ခုေလ်ာ ့သြားတယ္လို ့ခံစားရပါတယ္။
---------------------------------
>> Display (မ်က္ႏွာျပင္) 📱 📱 📱
💡 ၆ လက္မရွိတဲ့ Samsung AMOLED အမ်ိဳးအစားျဖစ္ပါတယ္။
💡 Full HD+ (1080 x 2220 pixel) အခ်ိဳးအစားရွိတဲ့ Full View Display ျဖစ္ပါတယ္။
💡 ပံုထြက္အရည္အေသြးကေတာ့ အလယ္အလတ္တန္းဖုန္းေတြထဲမွာ ထိပ္တန္းလို ့ဆိုႏိုင္ပါတယ္။
💡 အေရာင္စိုခ်င္ရင္ Adaptive Mode၊ အေရာင္မွန္ခ်င္တယ္ဆိုရင္ Basic Mode စသည္ျဖင့္ မိမိႏွစ္သက္သလို Screen Mode ထဲမွာေရြးခ်ယ္အသံုးျပဳႏိုင္ပါတယ္။
💡 ၾကံဖန္ျပီး ေျပာရရင္ Flagship ထိပ္တန္းဖုန္းေတြေလာက္ေတာ့ ေဘးေဘာင္ေတြ မပါးပါဘူး။ အျခား အလယ္အလတ္ဖုန္းေတြအတိုင္းပဲ ေဘးေဘာင္ေတြကို ျမင္ႏိုင္ပါေသးတယ္။
💡 Always-on-display (AOD) ပါဝင္တယ္။ နာရီ၊ ျပကၡဒီန္နဲ ့ ေနာက္ခံပံုေတြကို ေရြးခ်ယ္အသံုးျပဳႏိုင္ပါတယ္။
---------------------------------
>> ကင္မရာ 📷 📸
💡 အေနာက္ဘက္က ကင္မရာ ၃ လံုးတြဲက Samsung အတြက္ ပထမဆံုးျဖစ္ပါတယ္။ အေပၚဆံုးကင္မရာ (5MP) က Portrait Mode အတြက္ အေထာက္အကူေပးတဲ့ ကင္မရာပါ။ အလယ္ (24MP) ကေတာ့ ပင္မ ကင္မရာျဖစ္ျပီး ေအာက္ဆံုး (8MP) ကေတာ့ ျမင္ကြင္းက်ယ္ (Wide) ကင္မရာပါ။
💡 အသံုးျပဳပံုအေနနဲ ့ဆိုရင္ ပံုမွန္ကင္မရာအသံုးျပဳတဲ့အတိုင္းနဲ ့ ျမင္ကြင္းက်ယ္ဆိုျပီး ၂ မ်ိဳးေရြးခ်ယ္ႏိုင္ပါတယ္။ ကင္မရာရုိက္တဲ့ ခလုတ္ (Shutter button) နားက သစ္ပင္ပံုစံ ခလုတ္ေလးနဲ ့ေရြးခ်ယ္ရတာပါ။
💡အလင္းအေမွာင္၊ အေရာင္အေသြး၊ ၾကည္လင္မွဳ စတာေတြအားလံုးေကာင္းပါတယ္။ Auto HDR ပါဝင္ျပီး အလင္းအေမွာင္ မညီမ ွ်တဲ့ ရိုက္ကြက္ေတြမွာလညး္ ပံုထြက္ေတြေကာင္းပါတယ္။ f/1.7 ေၾကာင့္ အလင္းေရာင္အားနည္းတဲ့ ရုိက္ကြင္းေတြမွာေတာင္ မဆိုးလွပါဘူး။ OIS မပါဝင္လို ့ ဆရာၾကီးေတြနဲ ့ေတာ့ ယွဥ္လို ့မရဘူးေပါ့။
💡 ျမင္ကြင္းက်ယ္ကင္မရာရဲ့ ရုပ္ထြက္၊ အေရာင္အေသြး၊ အေသးစိတ္ပံုရိပ္ စတာေတြကေတာ့ ပင္မ ကင္မရာေလာက္မေကာင္းပါဘူး။ ျပီးေတာ့ ျမင္ကြင္းက်ယ္မွန္ဘီလူးေၾကာင့္ ပံုရဲ့ အနားစြန္းေတြက သိသိသာသာ ခံုးေနတာကို ေတြ ့ရမွာပါ။
💡 ဒီေတာ့ ျမင္ကြင္းက်ယ္ကင္မရာကမေကာင္းဘူး၊ အသံုးမဝင္ဘူးလားဆိုေတာ့ မဟုတ္ပါဘူး။ သူ ့ေနရာနဲ ့သူအသံုးဝင္ပါတယ္။ ပံုမွန္ရုိက္ကြက္ေတြမွာဆိုရင္ေတာ့ ပင္မကင္မရာကို သံုးတာပိုေကာင္းပါတယ္။ နာမည္ကိုက ပင္မကင္မရာကိုုး။
💡 ဒါေပမယ့္ ျမင္ကြင္းက်ယ္ရိုက္ခ်င္တယ္။ အေနာက္ဘက္ကို ေရႊ ့ျပီးရိုက္ဖို ့ေနရာမရွိေတာ့ဘူးဆိုရင္ ျမင္ကြင္းက်ယ္ကင္မရာကိုသံုးႏိုင္ပါတယ္။
💡 ေနာက္တစ္ခုအေနနဲ ့ ျမင္ကြင္းက်ယ္ကင္မရာက ရွဳခင္းေတြ၊ အေဆာက္အဦးေတြကို ပိုမို ဖမ္းယူႏိုင္တာေၾကာင့္ သာမန္ပံုေတြနဲ ့အျမင္ခံစားခ်က္ေတြကြာျခားပါတယ္။ ဒါေၾကာင့္ Landscape ပံုေတြရိုက္ခ်င္သူေတြ၊ Creativity ကို ျပသခ်င္သူေတြအတြက္လည္း ကင္မရာ စြမ္းေဆာင္ရည္အသစ္တစ္ခုျဖစ္ပါတယ္။
💡 Selfie cam က 24 MP ရွိတယ္။ LED မီးပါဝင္တယ္။ ပံုထြက္အေနနဲ ့မဆိုးပါဘူး။ ဒါေပမယ့္ Beauty ဖန္ရွင္အကုန္ပိိတ္ထားရင္ေတာင္ ရွိသင့္တာထက္ပိုျပီး ျဖဴေနေခ်ာေနပါတယ္။ အက္ဒမင္ကေတာ့ မူလအတိုင္းပံုထြက္ကို ပိုၾကိဳက္ပါတယ္။ ဒါကေတာ့ တစ္ေယာက္နဲ ့တစ္ေယာက္ အၾကိဳက္ခ်င္းတူခ်င္မွတူပါမယ္။
💡 ကင္မရာအားလံုးကို ျခံဳေျပာရရင္ Midrange ထဲမွာမွ ေကာင္းတဲ့ ဘက္မွာရွိပါတယ္။ ဒါေပမယ့္ Flagship ဖုန္းေတြလိုေတာ့ ေမ ွ်ာ္လင့္လို ့မရပါဘူး။
💡 Sticker/ Beauty/ AR Emoji စတဲ့ ဖန္ရွင္ေတြပါဝင္ပါတယ္။
💡 Portrait Mode (Live focus/ Selfie focus) ကိုလည္း အေနာက္ကင္မရာေကာ၊ Selfie ကင္မရာပါ ရိုက္ႏုိင္ပါတယ္။ အရည္အေသြးကေတာ့ သာမန္ပါပဲ။
💡 ဗီဒီယို Recording မွာ FullHD Resolution ဗီဒီယိုေတြ ရိုက္ႏိုင္ပါတယ္။ အရည္အေသြးကေတာ့ ပံုမွန္ပဲဆိုရမွာပါ။ 4K Recording မရပါဘူး။
💡 November Update လုပ္လိုက္ေတာ့ Super Slow-Mo ဖန္ရွင္ပါဝင္လာပါတယ္။ ကလိစရာဖန္ရွင္တစ္ခုရလာတယ္ဆိုပါစို ့။ ဒါေပမယ့္ အျခား Super Slow-Mo ေတြလိုပဲ ကိုယ္မွတ္တမ္းတင္ခ်င္တဲ့ အခိုက္အတန့္ကို အမိအရ ဖမ္းယူႏိုင္ဖို ့ ေတာ္ေတာ္ကိုခက္ပါတယ္။
---------------------------------
>> Audio 🔊 🔊
💡 စပီကာက ေအာက္ဘက္မွာရွိတယ္။ Dual Speaker မပါဝင္ပါဘူး။
💡 အသံထြက္အေနနဲ ့ထူးထူးျခားျခားေျပာစရာမရွိပါဘူး။
💡 အသံအတိုးအက်ယ္၊ အသံၾကည္လင္ျပတ္သားမွဳနဲ့ အရည္အေသြးကေတာ့ သာမန္အေနအထားေလာက္ပဲရွိပါတယ္။
---------------------------------
>> Performance (စြမ္းေဆာင္ရည္) 💪 💪 💪
💡 Samsung ထုတ္ Exynos 7885 Octa ကို အသံုးျပဳထားတယ္။ (A8 2018 မွာ သံုးထားတဲ့ SOC နဲ ့တူတူပါပဲ။)
💡 SnapDragon 636 နဲ ့နီးနီးစပ္စပ္ စြမ္းေဆာင္ရည္ျဖစ္ပါတယ္။
💡 ပံုမွန္ App ေတြအားလံုး ႏိုင္ႏိုင္နင္းနင္းရွိမယ္။ ဂိမ္းေတြ အလယ္အလတ္ေဆာ့ႏိုင္မယ္။
💡 ဖုန္းတအားပူတာမ်ိဳးမျဖစ္ပါဘူး။
💡၂၀၁၈ အတြက္ အလယ္အလတ္ စြမ္းေဆာင္ရည္ရွိတဲ့ ဖုန္းတစ္လံုးျဖစ္ပါတယ္။
---------------------------------
>> Software
💡 Android Version ကေတာ့ 8.0 (Oreo) နဲ့ လာပါတယ္။
💡 Google Play Store၊ ေဇာ္ဂ်ီ/ ယူနီကုဒ္ အသင့္ပါဝင္ျပီးသားျဖစ္ပါတယ္။ Samsung ကီးဘုတ္မွာ ေဇာ္ဂ်ီေရာ ယူနီကုတ္ပါအသံုးျပဳႏိုင္လို ့ ကီးဘုတ္သီးျခားသြင္းစရာမလိုေတာ့ပါဘူး။
💡 Gmail နဲ ့ Chrome မွာ ေဇာ္ဂ်ီကေတာ့ အဆင္မေျပပါဘူး။ Opera Browser မွာေတာ့ ေဇာ္ဂ်ီ အိုေကပါတယ္။
💡 Samsung ဖုန္းေတြနဲ ့ဖန္ရွင္အေတာ္မ်ားမ်ားတူပါတယ္။ Dual Messenger၊ Secure Folder၊ Device maintenance နဲ ့ Themes စတာေတြလည္းပါပါတယ္။
---------------------------------
>> သိမ္းဆည္းႏိုင္မွဳ 🗄️ 🗃️ 🗄️ 🗃️
💡 RAM 4GB နဲ ့ Storage 64GB ရွိပါတယ္။
💡 (ဆင္းကဒ္ ၂ ကဒ္ႏွင့္အတူ) microSD ကဒ္ကို လည္း သီးျခားထပ္ျဖည့္ျပီးအသံုးျပဳႏိုင္ပါတယ္။
---------------------------------
>> Battery 🔋 🔋 🔋
💡 3300 mAh ဘက္ထရီပါ။
💡 ဘက္ထရီ ပမာဏကို ၾကည့္ရင္ နည္းတယ္ထင္ရေပမယ့္ ဘက္ထရီအားေတာ္ေတာ္ခံပါတယ္။ AOD၊ Mobile Data၊ Wi-Fi တစ္ေန့လံုးဖြင့္ထားျပီး ပံုမွန္သံုးတာ ညအထိ ဘက္ထရီ ၃၀-၄၀% က်န္ပါတယ္။ (အက္ဒမင္ရဲ့ ပံုမွန္ဆိုတာ ဖုန္းေျပာမယ္၊ Viber/ Line စတဲ့ ဆိုရွယ္မီဒီယာသံုးမယ္၊ အလုပ္အားရင္ Facebook/ YouTube သံုးမယ္၊ ကင္မရာ နည္းနည္းပါးပါး ကလိမယ္... ဒါေတြကိုေျပာတာပါ။)
💡 ဘက္ထရီအသံုးခံပံုက တစ္ေယာက္နဲ ့တစ္ေယက္မတူဘူးဆိုေပမယ့္ အျခား ၃၃၀၀ မီလီအမ္ပီယာဖုန္းေတြထက္ ပိုအသံုးခံပါတယ္။
💡 ဘူးထဲမွာပါတဲ့ ခ်ာဂ်ာနဲ ့ဆို ၃ နာရီေလာက္သြင္းရပါတယ္။ ညလံုးေပါက္အားသြင္းသူေတြအတြက္ ျပသနာမရွိႏိုင္ေပမယ့္ အျမန္လိုသူေတြ၊ အားသြင္းဖို ့ေမ့သူေတြဆိုရင္ေတာ့ အျမန္အားသြင္းစနစ္ (Fast Charging) မပါပါဘူး။
---------------------------------
>> လံုျခံဳေရး (Security)
💡 လက္ေဗြစနစ္ (Finger Print) နဲ ့ မ်က္ႏွာ (Face Unlock) ႏွစ္ခုေပါင္းျပီး အသံုးျပဳႏိုင္ပါတယ္။
💡 ၂ မ်ိဳးစလံုးကို တြဲသံုးလို ့ရတယ္။ တိက်မွဳကေတာ့ မဆိုးလွပါဘူး။
💡 ဒါေပမယ့္ ဘယ္နည္းလမ္းကိုပဲသံုးသံုး Lock ဖြင့္ဖို ့ အခ်ိန္အနည္းငယ္ (တစ္ စကၠန့္ဝန္းက်င္) ၾကာပါတယ္။ နည္းနည္းပိုျမန္ရင္ ပိုေကာင္းမယ့္လို ့ခံစားရပါတယ္။
---------------------------------
>> ဆက္သြယ္ေရး (Connectivity)
💡 4G တစ္ကဒ္ႏွစ္ကဒ္ ျပိဳင္တူသံုးႏိုင္ပါတယ္။
💡 OTG ဖန္ရွင္ပါဝင္တယ္။
💡 မန္မိုရီကဒ္ (microSD) ထည့္သြင္းႏိုင္ပါတယ္။
💡 NFC၊ Wi-Fi (Dual bank, AC) နဲ ့Bluetooth 5.0 version ပါဝင္တယ္။
💡 FM ေရဒီယို မပါဝင္ပါဘူး။
---------------------------------
နိဂံုးခ်ဳပ္အေနနဲ ့ A7 (2018) က A စီးရီးကို ကယ္တင္မယ့္ သူရဲေကာင္းတစ္ေယာက္ေတာ့မျဖစ္လာခဲ့ပါဘူး။ ဒါေပမယ့္ Samsung အလတ္အလတ္ဖုန္းတစ္လံုးကို အသံုးျပဳသူေတြအတြက္ ပိုေကာင္းတဲ့ စြမ္းေဆာင္ရည္နဲ ့ ဖန္ရွင္ေတြကို ပိုမိုသက္သာတဲ့ ေစ်းႏွဳန္းနဲ ့ယူေဆာင္လာႏိုင္ခဲ့တယ္လို ့ေတာ့ေျပာခ်င္ပါတယ္။
🚫⛔ သင္က Flagship ဖုန္းတစ္လံုးကိုရွာေနတယ္ဆိုရင္၊ Price to performance က သင့္အတြက္ အေရးအၾကီးဆံုးဆိုရင္၊ အထက္မွာေဆြးေႏြးခဲ့သလို ့အခ်ိဳ ့အခ်က္ေတြ (ဥပမာ IP rating/ USB Type C) က သင့္အတြက္ မရွိမျဖစ္ဆိုရင္ ေတာ့ A စီးရီးက သင့္အတြက္ ေရြးခ်ယ္စရာမဟုတ္ပါဘူး။
⁉️⁉️ သင္က အလယ္အလတ္ဖုန္းတစ္လံုးကို ရွာေနတယ္။ ကင္မရာ၊ စြမ္းေဆာင္ရည္၊ ဘက္ထရီ၊ အာမခံ၊ ျမန္မာေဖာင့္ စသည္ျဖင့္ အေထြေထြ သင့္တင္ျ့ပည့္စံုတဲ့ ဖုန္းတစ္လံုးကို ဝယ္မယ္ဆိုရင္ေတာ့ A7 (2018) က ေရြးခ်ယ္သင့္တဲ့ ဖုန္းတစ္လံုးျဖစ္ပါတယ္။
---------------------------------
👍👏 စာဖတ္သူအားလံုးကို အထူးေက်းဇူးတင္ပါတယ္။ ဒီလို နည္းပညာဆိုင္ရာ သံုးသပ္ခ်က္ေတြကို အျမဲဖတ္ရွဳဖို ့ Techy_M စာမ်က္ႏွာကို “Like & Share” လုပ္ထားၾကဦးေနာ္...
---------------------------------
Tips: 👀 👀 👀
နည္းပညာမ်ားသည္ အစဥ္ေျပာင္းလဲတိုးတက္လွ်က္ရွိေသာေၾကာင့္ အရာအားလံုးကို ေလွနံဓားထစ္မွတ္ယူထားျခင္းထက္ အျမဲမျပတ္ေလ့လာေနရန္လိုအပ္ပါသည္။ ကၽြန္ေတာ္တို ့တူတူ ဆက္လက္သင္ယူၾကပါစို ့။
Galaxy A7 (2018) သုံးသပ်ချက် | Galaxy A7 (2018) Review
-----
Galaxy A7 (2018) ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ မြန်မာနိုင်ငံစျေးကွက်ကို ရွှေရောင်၊ အနက်ရောင်နဲ ့အပြာရောင်ဆိုပြီးတော့ အရောင် ၃ မျိုး တင်သွင်းရောင်းချပါတယ်။ Samsung ရဲ့ ပထမဆုံး အနောက် ကင်မရာ ၃ လုံးနဲ ့ပွဲထွက်လာတဲ့ ဖုန်းလည်းဖြစ်ပါတယ်။
A7 (2018) က ရွေးချယ်သင့်တဲ့ ဖုန်းကောင်းတစ်လုံးလား၊ A စီးရီးကို ပြန်လည်အသက်ဝင်စေမှာလားဆိုတာ ဆက်ပြီး ကြည့်လိုက်ကြရအောင်...
ပထမဆုံးအနေနဲ ့ ယခု သုံးသပ်ချက်မှာ အသုံးပြုရတဲ့ အတွေ ့အကြုံနဲ ့အက်ဒမင်ရဲ့ ထင်မြင်ချက်တွေကို အသားပေးတင်ဆက်သွားမှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို တော့ အင်တာနက်စာမျက်နှာများနဲ ့ Samsung ရဲ့ Official webpage တွေမှာ လေ့လာနိုင်ပါတယ်။
>> စျေးနှုန်း
💡RAM 4GB, Storage 64GB – ၅၁၉ ၀၀၀ ကျပ်
---------------------------------
>> တည်ဆောက်ပုံ
💡 တည်ဆောက်ပုံနဲ ့ဒီဇိုင်းအပိုင်းမှာတော့ A7 (2018) က ယခင် A စီးရီးဖုန်းတွေနဲ ့မတူပဲ အတော်လေးပြောင်းလဲလာခဲ့ပါတယ်။
💡 အရှေ ့ဘက်နဲ ့အနောက်ဘက် မှန် ၂ ချပ်ရဲ့ကြားမှာ ပလပ်စတစ်ကိုယ်ထည်ကို အသုံးပြုထားပါတယ်။ ကောင်းတာကတော့ ဖုန်းရဲ့အလေးချိန်ပေါ့သွားသလို ့ ဖုန်းစျေးနှုန်းလည်း အနည်ငယ် သက်သာသွားတယ်လို ့ထင်ပါတယ်။ အားနည်းချက်အနေနဲ ့ကတော့ သတ္တုကိုယ်ထည်ရဲ့ အထိအတွေကို မခံစားရဘူးပေါ့။ ဖုန်းကာဗာတပ်ကိုင်မယ့်သူတွေအတွက်တော့ အရမ်းထူးမှာမဟုတ်ပါဘူး။
💡 ဖုန်းရဲ့ အထူက ရ.၅ မီလီမီတာရှိပြီး ၁၆၈ ဂရမ်လေးပါတယ်။
💡ဖုန်းရဲ့ကျောဘက်မှာ ရွှေရောင်၊ အနက်ရောင် နဲ ့အပြာရောင်ဆိုပြီး ၃ မျိုးရွေးချယ်နိုင်ပါတယ်။ အရှေ ့ဘက်ကတော့ အားလုံးအနက်ရောင်ဖြစ်ပါတယ်။
💡 ဖုန်းရဲ့ Display က ၆ လက်မအရွယ်အစားဖြစ်ပါတယ်။ မှန်အမျိုးအစားကို Samsung ရဲ့ Webpage မှာဖော်ပြထားခြင်းမရှိပါဘူး။ Gorilla Glass ကိုအသုံးပြုထားတယ်လို့လည်း အချို ့နည်းပညာစာမျက်နှာတွေမှာ ဖော်ပြကြပါတယ်။
💡 ဆင်းကဒ် ၂ ကဒ်နဲ့အတူ မန်မိုရီကဒ်ပါ တစ်ပြိုင်တည်းအသုံးပြုနိုင်ပါတယ်။ ဆင်းကဒ်ပေါက်က ဖုန်းရဲ့ ဘယ်ဘက်အပေါ်မှာရှိပါတယ်။
💡 အသံခလုတ်တွေက အရင် Samsung ဖုန်းတွေမှာလို ဖုန်းရဲ့ ဘယ်လက်မှာ မရှိတော့ပါဘူး။ ညာဘက်အပေါ်မှာရှိပါတယ်။ ပါဝါခလုတ်ရဲ့အပေါ်မှာဖြစ်ပါတယ်။
💡 ပါဝါခလုတ်ကလည်း အပြောင်းအလဲတွေရှိပါတယ်။ အရင်လို ခလုတ်ပုံစံမျိုးမဟုတ်တော့ပါဘူး။ ပြားပြားလေးဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ဗွေစနစ် (Finger Print Scanner) ကို ပါဝါခလုတ်မှာ ပူးတွဲတပ်ဆင်ထားလို ့ပါ။ ဟုတ်ပါတယ်။ လက်ဗွေစနစ်က ဖုန်းရဲ့ ညာဘက် ပါဝါခလုတ်ပေါ်မှာဖြစ်ပါတယ်။
💡 အနောက်ဘက်မှာ ကင်မရာ ၃ လုံးနဲ ့ LED မီးတို ့ကို အထက်အောက်တပ်ဆင်ထားပါတယ်။
💡 စပီကာ၊ 3.5mm Headphone jack နဲ ့microUSB အပေါက်တွေက အောက်ဘက်မှာရှိပါတယ်။ စပီကာ အပေါက်က အောက်ဘက်ကို ပြန်ရောက်လာပါတယ်။ ကြီးကြီးမားမားပြောစရာဆိုရင်တော့ microUSB ပေါက်ပဲဖြစ်ပါတယ်။ ၂၀၁၈ရဲ့ Midrange ဖုန်းတွေမှာ Type C ဖြစ်သင့်ပါပြီ။ USB Type C သာအသုံးပြုခဲ့မယ်ဆိုရင် စျေးကွက်မှာ ပိုပြီးပြိုင်ဆိုင် နိုင်တဲ ့ဖုန်းတစ်လုံးဖြစ်လာမှာပါ။
💡 ယခင် A စီးရီးတွေမှာ ပါနေကျဖြစ်တဲ့ ရေနဲ့ ဖုန်မှုန် ့များကိုခံနိုင်ရည် (IP rating) မပါဝင်ပါဘူး။ ဒါလေးက စျေးကွက်ထဲမှာ သိပ်ပြီးပြသနာမရှိဘူးဆိုပေးမယ့် A စီးရီးရဲ့အားသာချက်တစ်ခုလျော ့သွားတယ်လို ့ခံစားရပါတယ်။
---------------------------------
>> Display (မျက်နှာပြင်) 📱 📱 📱
💡 ၆ လက်မရှိတဲ့ Samsung AMOLED အမျိုးအစားဖြစ်ပါတယ်။
💡 Full HD+ (1080 x 2220 pixel) အချိုးအစားရှိတဲ့ Full View Display ဖြစ်ပါတယ်။
💡 ပုံထွက်အရည်အသွေးကတော့ အလယ်အလတ်တန်းဖုန်းတွေထဲမှာ ထိပ်တန်းလို ့ဆိုနိုင်ပါတယ်။
💡 အရောင်စိုချင်ရင် Adaptive Mode၊ အရောင်မှန်ချင်တယ်ဆိုရင် Basic Mode စသည်ဖြင့် မိမိနှစ်သက်သလို Screen Mode ထဲမှာရွေးချယ်အသုံးပြုနိုင်ပါတယ်။
💡 ကြံဖန်ပြီး ပြောရရင် Flagship ထိပ်တန်းဖုန်းတွေလောက်တော့ ဘေးဘောင်တွေ မပါးပါဘူး။ အခြား အလယ်အလတ်ဖုန်းတွေအတိုင်းပဲ ဘေးဘောင်တွေကို မြင်နိုင်ပါသေးတယ်။
💡 Always-on-display (AOD) ပါဝင်တယ်။ နာရီ၊ ပြက္ခဒီန်နဲ ့ နောက်ခံပုံတွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
---------------------------------
>> ကင်မရာ 📷 📸
💡 အနောက်ဘက်က ကင်မရာ ၃ လုံးတွဲက Samsung အတွက် ပထမဆုံးဖြစ်ပါတယ်။ အပေါ်ဆုံးကင်မရာ (5MP) က Portrait Mode အတွက် အထောက်အကူပေးတဲ့ ကင်မရာပါ။ အလယ် (24MP) ကတော့ ပင်မ ကင်မရာဖြစ်ပြီး အောက်ဆုံး (8MP) ကတော့ မြင်ကွင်းကျယ် (Wide) ကင်မရာပါ။
💡 အသုံးပြုပုံအနေနဲ ့ဆိုရင် ပုံမှန်ကင်မရာအသုံးပြုတဲ့အတိုင်းနဲ ့ မြင်ကွင်းကျယ်ဆိုပြီး ၂ မျိုးရွေးချယ်နိုင်ပါတယ်။ ကင်မရာရိုက်တဲ့ ခလုတ် (Shutter button) နားက သစ်ပင်ပုံစံ ခလုတ်လေးနဲ ့ရွေးချယ်ရတာပါ။
💡အလင်းအမှောင်၊ အရောင်အသွေး၊ ကြည်လင်မှု စတာတွေအားလုံးကောင်းပါတယ်။ Auto HDR ပါဝင်ပြီး အလင်းအမှောင် မညီမ ျှတဲ့ ရိုက်ကွက်တွေမှာလညး် ပုံထွက်တွေကောင်းပါတယ်။ f/1.7 ကြောင့် အလင်းရောင်အားနည်းတဲ့ ရိုက်ကွင်းတွေမှာတောင် မဆိုးလှပါဘူး။ OIS မပါဝင်လို ့ ဆရာကြီးတွေနဲ ့တော့ ယှဉ်လို ့မရဘူးပေါ့။
💡 မြင်ကွင်းကျယ်ကင်မရာရဲ့ ရုပ်ထွက်၊ အရောင်အသွေး၊ အသေးစိတ်ပုံရိပ် စတာတွေကတော့ ပင်မ ကင်မရာလောက်မကောင်းပါဘူး။ ပြီးတော့ မြင်ကွင်းကျယ်မှန်ဘီလူးကြောင့် ပုံရဲ့ အနားစွန်းတွေက သိသိသာသာ ခုံးနေတာကို တွေ ့ရမှာပါ။
💡 ဒီတော့ မြင်ကွင်းကျယ်ကင်မရာကမကောင်းဘူး၊ အသုံးမဝင်ဘူးလားဆိုတော့ မဟုတ်ပါဘူး။ သူ ့နေရာနဲ ့သူအသုံးဝင်ပါတယ်။ ပုံမှန်ရိုက်ကွက်တွေမှာဆိုရင်တော့ ပင်မကင်မရာကို သုံးတာပိုကောင်းပါတယ်။ နာမည်ကိုက ပင်မကင်မရာကိုုး။
💡 ဒါပေမယ့် မြင်ကွင်းကျယ်ရိုက်ချင်တယ်။ အနောက်ဘက်ကို ရွှေ ့ပြီးရိုက်ဖို ့နေရာမရှိတော့ဘူးဆိုရင် မြင်ကွင်းကျယ်ကင်မရာကိုသုံးနိုင်ပါတယ်။
💡 နောက်တစ်ခုအနေနဲ ့ မြင်ကွင်းကျယ်ကင်မရာက ရှုခင်းတွေ၊ အဆောက်အဦးတွေကို ပိုမို ဖမ်းယူနိုင်တာကြောင့် သာမန်ပုံတွေနဲ ့အမြင်ခံစားချက်တွေကွာခြားပါတယ်။ ဒါကြောင့် Landscape ပုံတွေရိုက်ချင်သူတွေ၊ Creativity ကို ပြသချင်သူတွေအတွက်လည်း ကင်မရာ စွမ်းဆောင်ရည်အသစ်တစ်ခုဖြစ်ပါတယ်။
💡 Selfie cam က 24 MP ရှိတယ်။ LED မီးပါဝင်တယ်။ ပုံထွက်အနေနဲ ့မဆိုးပါဘူး။ ဒါပေမယ့် Beauty ဖန်ရှင်အကုန်ပိိတ်ထားရင်တောင် ရှိသင့်တာထက်ပိုပြီး ဖြူနေချောနေပါတယ်။ အက်ဒမင်ကတော့ မူလအတိုင်းပုံထွက်ကို ပိုကြိုက်ပါတယ်။ ဒါကတော့ တစ်ယောက်နဲ ့တစ်ယောက် အကြိုက်ချင်းတူချင်မှတူပါမယ်။
💡 ကင်မရာအားလုံးကို ခြံုပြောရရင် Midrange ထဲမှာမှ ကောင်းတဲ့ ဘက်မှာရှိပါတယ်။ ဒါပေမယ့် Flagship ဖုန်းတွေလိုတော့ မေ ျှာ်လင့်လို ့မရပါဘူး။
💡 Sticker/ Beauty/ AR Emoji စတဲ့ ဖန်ရှင်တွေပါဝင်ပါတယ်။
💡 Portrait Mode (Live focus/ Selfie focus) ကိုလည်း အနောက်ကင်မရာကော၊ Selfie ကင်မရာပါ ရိုက်နိုင်ပါတယ်။ အရည်အသွေးကတော့ သာမန်ပါပဲ။
💡 ဗီဒီယို Recording မှာ FullHD Resolution ဗီဒီယိုတွေ ရိုက်နိုင်ပါတယ်။ အရည်အသွေးကတော့ ပုံမှန်ပဲဆိုရမှာပါ။ 4K Recording မရပါဘူး။
💡 November Update လုပ်လိုက်တော့ Super Slow-Mo ဖန်ရှင်ပါဝင်လာပါတယ်။ ကလိစရာဖန်ရှင်တစ်ခုရလာတယ်ဆိုပါစို ့။ ဒါပေမယ့် အခြား Super Slow-Mo တွေလိုပဲ ကိုယ်မှတ်တမ်းတင်ချင်တဲ့ အခိုက်အတန့်ကို အမိအရ ဖမ်းယူနိုင်ဖို ့ တော်တော်ကိုခက်ပါတယ်။
---------------------------------
>> Audio 🔊 🔊
💡 စပီကာက အောက်ဘက်မှာရှိတယ်။ Dual Speaker မပါဝင်ပါဘူး။
💡 အသံထွက်အနေနဲ ့ထူးထူးခြားခြားပြောစရာမရှိပါဘူး။
💡 အသံအတိုးအကျယ်၊ အသံကြည်လင်ပြတ်သားမှုနဲ့ အရည်အသွေးကတော့ သာမန်အနေအထားလောက်ပဲရှိပါတယ်။
---------------------------------
>> Performance (စွမ်းဆောင်ရည်) 💪 💪 💪
💡 Samsung ထုတ် Exynos 7885 Octa ကို အသုံးပြုထားတယ်။ (A8 2018 မှာ သုံးထားတဲ့ SOC နဲ ့တူတူပါပဲ။)
💡 SnapDragon 636 နဲ ့နီးနီးစပ်စပ် စွမ်းဆောင်ရည်ဖြစ်ပါတယ်။
💡 ပုံမှန် App တွေအားလုံး နိုင်နိုင်နင်းနင်းရှိမယ်။ ဂိမ်းတွေ အလယ်အလတ်ဆော့နိုင်မယ်။
💡 ဖုန်းတအားပူတာမျိုးမဖြစ်ပါဘူး။
💡၂၀၁၈ အတွက် အလယ်အလတ် စွမ်းဆောင်ရည်ရှိတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။
---------------------------------
>> Software
💡 Android Version ကတော့ 8.0 (Oreo) နဲ့ လာပါတယ်။
💡 Google Play Store၊ ဇော်ဂျီ/ ယူနီကုဒ် အသင့်ပါဝင်ပြီးသားဖြစ်ပါတယ်။ Samsung ကီးဘုတ်မှာ ဇော်ဂျီရော ယူနီကုတ်ပါအသုံးပြုနိုင်လို ့ ကီးဘုတ်သီးခြားသွင်းစရာမလိုတော့ပါဘူး။
💡 Gmail နဲ ့ Chrome မှာ ဇော်ဂျီကတော့ အဆင်မပြေပါဘူး။ Opera Browser မှာတော့ ဇော်ဂျီ အိုကေပါတယ်။
💡 Samsung ဖုန်းတွေနဲ ့ဖန်ရှင်အတော်များများတူပါတယ်။ Dual Messenger၊ Secure Folder၊ Device maintenance နဲ ့ Themes စတာတွေလည်းပါပါတယ်။
---------------------------------
>> သိမ်းဆည်းနိုင်မှု 🗄️ 🗃️ 🗄️ 🗃️
💡 RAM 4GB နဲ ့ Storage 64GB ရှိပါတယ်။
💡 (ဆင်းကဒ် ၂ ကဒ်နှင့်အတူ) microSD ကဒ်ကို လည်း သီးခြားထပ်ဖြည့်ပြီးအသုံးပြုနိုင်ပါတယ်။
---------------------------------
>> Battery 🔋 🔋 🔋
💡 3300 mAh ဘက်ထရီပါ။
💡 ဘက်ထရီ ပမာဏကို ကြည့်ရင် နည်းတယ်ထင်ရပေမယ့် ဘက်ထရီအားတော်တော်ခံပါတယ်။ AOD၊ Mobile Data၊ Wi-Fi တစ်နေ့လုံးဖွင့်ထားပြီး ပုံမှန်သုံးတာ ညအထိ ဘက်ထရီ ၃၀-၄၀% ကျန်ပါတယ်။ (အက်ဒမင်ရဲ့ ပုံမှန်ဆိုတာ ဖုန်းပြောမယ်၊ Viber/ Line စတဲ့ ဆိုရှယ်မီဒီယာသုံးမယ်၊ အလုပ်အားရင် Facebook/ YouTube သုံးမယ်၊ ကင်မရာ နည်းနည်းပါးပါး ကလိမယ်... ဒါတွေကိုပြောတာပါ။)
💡 ဘက်ထရီအသုံးခံပုံက တစ်ယောက်နဲ ့တစ်ယေက်မတူဘူးဆိုပေမယ့် အခြား ၃၃၀၀ မီလီအမ်ပီယာဖုန်းတွေထက် ပိုအသုံးခံပါတယ်။
💡 ဘူးထဲမှာပါတဲ့ ချာဂျာနဲ ့ဆို ၃ နာရီလောက်သွင်းရပါတယ်။ ညလုံးပေါက်အားသွင်းသူတွေအတွက် ပြသနာမရှိနိုင်ပေမယ့် အမြန်လိုသူတွေ၊ အားသွင်းဖို ့မေ့သူတွေဆိုရင်တော့ အမြန်အားသွင်းစနစ် (Fast Charging) မပါပါဘူး။
---------------------------------
>> လုံခြံုရေး (Security)
💡 လက်ဗွေစနစ် (Finger Print) နဲ ့ မျက်နှာ (Face Unlock) နှစ်ခုပေါင်းပြီး အသုံးပြုနိုင်ပါတယ်။
💡 ၂ မျိုးစလုံးကို တွဲသုံးလို ့ရတယ်။ တိကျမှုကတော့ မဆိုးလှပါဘူး။
💡 ဒါပေမယ့် ဘယ်နည်းလမ်းကိုပဲသုံးသုံး Lock ဖွင့်ဖို ့ အချိန်အနည်းငယ် (တစ် စက္ကန့်ဝန်းကျင်) ကြာပါတယ်။ နည်းနည်းပိုမြန်ရင် ပိုကောင်းမယ့်လို ့ခံစားရပါတယ်။
---------------------------------
>> ဆက်သွယ်ရေး (Connectivity)
💡 4G တစ်ကဒ်နှစ်ကဒ် ပြိုင်တူသုံးနိုင်ပါတယ်။
💡 OTG ဖန်ရှင်ပါဝင်တယ်။
💡 မန်မိုရီကဒ် (microSD) ထည့်သွင်းနိုင်ပါတယ်။
💡 NFC၊ Wi-Fi (Dual bank, AC) နဲ ့Bluetooth 5.0 version ပါဝင်တယ်။
💡 FM ရေဒီယို မပါဝင်ပါဘူး။
---------------------------------
နိဂုံးချုပ်အနေနဲ ့ A7 (2018) က A စီးရီးကို ကယ်တင်မယ့် သူရဲကောင်းတစ်ယောက်တော့မဖြစ်လာခဲ့ပါဘူး။ ဒါပေမယ့် Samsung အလတ်အလတ်ဖုန်းတစ်လုံးကို အသုံးပြုသူတွေအတွက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်နဲ ့ ဖန်ရှင်တွေကို ပိုမိုသက်သာတဲ့ စျေးနှုန်းနဲ ့ယူဆောင်လာနိုင်ခဲ့တယ်လို ့တော့ပြောချင်ပါတယ်။
🚫⛔ သင်က Flagship ဖုန်းတစ်လုံးကိုရှာနေတယ်ဆိုရင်၊ Price to performance က သင့်အတွက် အရေးအကြီးဆုံးဆိုရင်၊ အထက်မှာဆွေးနွေးခဲ့သလို ့အချို ့အချက်တွေ (ဥပမာ IP rating/ USB Type C) က သင့်အတွက် မရှိမဖြစ်ဆိုရင် တော့ A စီးရီးက သင့်အတွက် ရွေးချယ်စရာမဟုတ်ပါဘူး။
⁉️⁉️ သင်က အလယ်အလတ်ဖုန်းတစ်လုံးကို ရှာနေတယ်။ ကင်မရာ၊ စွမ်းဆောင်ရည်၊ ဘက်ထရီ၊ အာမခံ၊ မြန်မာဖောင့် စသည်ဖြင့် အထွေထွေ သင့်တင်ြ့ပည့်စုံတဲ့ ဖုန်းတစ်လုံးကို ဝယ်မယ်ဆိုရင်တော့ A7 (2018) က ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။
---------------------------------
👍👏 စာဖတ်သူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ဒီလို နည်းပညာဆိုင်ရာ သုံးသပ်ချက်တွေကို အမြဲဖတ်ရှုဖို ့ Techy_M စာမျက်နှာကို “Like & Share” လုပ်ထားကြဦးနော်...
---------------------------------
Tips: 👀 👀 👀
နည်းပညာများသည် အစဉ်ပြောင်းလဲတိုးတက်လျှက်ရှိသောကြောင့် အရာအားလုံးကို လှေနံဓားထစ်မှတ်ယူထားခြင်းထက် အမြဲမပြတ်လေ့လာနေရန်လိုအပ်ပါသည်။ ကျွန်တော်တို ့တူတူ ဆက်လက်သင်ယူကြပါစို ့။
Comments