<Unicode version included>
⁉️ Galaxy Note 9 ကို မြန်မာနိုင်ငံမှာ စတင်ဝယ်ယူနိုင်ပါပြီ။ ဖုန်းရဲ့ အချက်အလက်တွေက စွဲဆောင်မှုကောင်းသလောက် ဈေးနှုန်းအနေနဲ့  ကြီးမြင့်နေပါတယ်။
⁉️ ဒီတော့ Note 9 က ကျွန်တော်တို့ လိုအပ်တဲ့ ဖုန်းတစ်လုံးဖြစ်မလား လေ့လာကြည့်ကြရအောင်။�
Galaxy Note 9 Preview
-----
🖋️ Design
- အရှေ့ နဲ့ အနောက်မှာ Gorilla Glass 5 ကို အသုံးပြုပြီး အလယ်မှာ အလူမီနီယမ်ဘောင်နဲ့ တည်ဆောက်ထားတယ်။
- Display ၆.၄ လက်မ ဆိုတော့ ဖုန်းအရွယ်လည်း ကြီးပါတယ်။
- ဒါပေမယ့် အခြား Display ၆ လက်မဖုန်းတွေနဲ့ အရွယ်သိပ်မကွာပါဘူး။
- ရေနဲ့ ဖုန်မှုန့် တွေကို ကာကွယ်နိုင်တဲ့ IP68 ပါရှိတယ်။
- အလေးချိန်အားဖြင့် ၂၀၁ ဂရမ်ဆိုတော့ အခြားမျက်နှာပြင်အကြီးဖုန်းတွေနဲ့ သိပ်မကွာပါဘူး။
- ဒီဇိုင်းကာလအနေအထားကတော့ အထက်ပါ ဗီဒီယိုလေးကို ကြည့်လို့ ရပါတယ်။
🖋️ Display
- ၆.၄ လက်မအရွယ် နှစ်ဖက်ခုံး (Dual Curve) ဖြစ်တယ်။
- Notch မပါဝင်ဘူး။
- Screen to body Ratio က ၈၃%ကျော်တယ်။
- လောလောဆယ် DisplayMate ရဲ့ စမ်းသပ်ချက်အရ အကောင်းဆုံး Display အဖြစ်အသိအမှတ်ပြုထားတယ်။
🖋️ Camera
- Flagship ဖုန်းတစ်လုံးဖြစ်တာကြောင့် ရွတ်သမျှအကုန်ပါပါတယ်။
- Main Camera (12 Mega Pixel Dual Camera, Dual Aperture, Dual Pixel, Dual OIS, Auto Focus, 4K Video, Ultra Slow Motion)
- Selfie Came (8 Mega Pixel, Auto Focus)
- S9 Plus ရဲ့ ကင်မရာကို AI ဖန်ရှင်တွေပေါင်းထည့်ထားတယ်လို့ ပြောရင်မှားပါဘူး။
- ပုံထွက်ကောင်းတယ်၊ အထူးသဖြင့် အလင်းရောင်အားနည်းတဲ့ Low Light မှာ အခြားဖုန်းတွေထက် သိသိသာသာပိုကောင်းမည့် ဖုန်းတစ်လုံးဖြစ်ပါတယ်။
🖋️ Hardware/ Software
- Exynos 9810 ကိုသုံးထားတယ်။ လက်ရှိအကောင်းဆုံး SOC (CPU+GPU) တန်းဝင်အမျိုးအစားဖြစ်တယ်။
- (RAM 6 GB + Storage 128 GB) နဲ့  (RAM 8 GB + 512 GB) ဆိုပြီး ၂ မျိုးလာတယ်။
- MicroSD ထပ်ထည့်လို့ ရတယ်။ ဒါပေမယ့် ဒုတိယဆင်းကဒ်ရဲ့ နေရာမှာ ထည့်ရပါမယ်။
- Android 8.1 နဲ့ စတင်မိတ်ဆက်ပြီး Google Services နဲ့ မြန်မာဖောင့်တွေ အသင့်အသုံးပြုနိုင်တယ်။
🖋️ Audio
- Stereo speakers tuned by AKG ပါဝင်တယ်။
- အသံကျယ်ပြီး အသံထွက်ကောင်းတယ်။
🖋️ S-Pen
- S-Pen က Note 9 ရဲ့ အဓိက ဖန်ရှင်တစ်ခုဖြစ်ပါတယ်။
- S-Pen မှာ Bluetooth ပါတယ်။ ဓာတ်ပုံရိုက်တာ၊ Slideshow ပြတာ၊ Play/Pause တွေကို Remote အနေနဲ့ သုံးလို့ ရတယ်။
- စက္ကန့်  ၄၀ အားသွင်းယုံနဲ့  မိနစ် ၃၀ အသုံးပြုနိုင်တယ်။ S-Pen အပေါက်ထဲ ထည့်ထားရုံနဲ့ ကြိုးမဲ့ အားသွင်းပေးတယ်။
🖋️ Security
- Finger Print နေရာက Note 8 လို ကင်မရာနဲ့ တစ်တန်းတည်းမဟုတ်ပဲ အောက်ဘက်မှာ ထားပေးထားတယ်။ ပိုပြီးတော့ အဆင်ပြေလာတယ်။
- Finger Print အမြန်နှုန်းကောင်းတယ်။
- Face Unlock နဲ့ Iris Scanner တွေနဲ့ လည်းတွဲသုံးလို့ ရသေးတယ်။
🖋️ Battery
- 4000 mAh ဆိုတော့ အရင်နှစ်က Note 8 ထက် ၂၁% ပိုများတယ်။
- အင်တာနက်မှာ စမ်းသပ်ချက်တွေအရ လက်ရှိ အခြား Flagship တွေထက် ဘက်ထရီ ပိုခံတယ်လို့ တွေရတယ်။
🖋️ Others
- အခြားသော ဖန်ရှင်များတွေကတော့
- Wireless Charging
- Fast Charging
- NFC
- USB-OTG
- Samsung DeX
🖋️ In-box Accessories
- AKG Headset
- Fast Charger
- Type-C Cable
- Type-C OTG
- Clear Cover
- One Year Warranty Card
- Pre-order Gift: Samsung Original Wireless Charger
🖋️ Price
RAM 6 GB + Storage 128 GB – 1,399,000 MMK (Pre-order price)
RAM 8 GB + 512 GB – 1,750,000 MMK (Pre-order price)
💥 Note 9 က 2018 ရဲ့ Flagship တစ်လုံးဖြစ်တဲ့။ ဘယ်အစိတ်အပိုင်းကိုပဲကြည့်ကြည့် လက်ရှိမိုဘိုင်းလောကရဲ့ ထပ်တန်း စွမ်းဆောင်ရည်တွေပါဝင်တယ်။ ဒါကြောင့်ဈေးလည်းကြီးပါတယ်။
💥 စာဖတ်သူတွေက ဈေးကွက်ထဲမှာ ဝယ်ယူနိုင်တဲ့ ပြီးပြည့်စုံတဲ့ ဖုန်းတစ်လုံးကို ရှာနေတယ်ဆိုရင်တော့ Galaxy Note 9 ကအကောင်းဆုံးရွေးချယ်မှု ဖြစ်နိုင်ပါတယ်။
💥 စာဖတ်သူတွေအတွက် ဖုန်းရဲ့ အစိတ်အပိုင်းတစ်ခု၊ နှစ်ခုကိုပဲ သီးသန့်  နှိင်းယှဉ်မယ် ဒါမှမဟုတ် မကြာခင်ကမှ Flagship ဖုန်းတစ်လုံးကိုဝယ်ယူထားတယ် ဆိုရင်တော့ Galaxy Note 9 က သင့်အတွက် ဖြစ်ချင်မှ ဖြစ်မှာပါ။
🤩 အက်ဒမင်ကတော့ ပရီအော်ဒါတင်လိုက်ပြီနော်။ Note9 ကြိုက်တဲ့ ဘော်ဒါတွေ ရော တင်ပြီးကြပြီလား။
Galaxy Note 9 Preview
-----
🖋️ Design
🖋️ Display
🖋️ Camera
- Main Camera (12 Mega Pixel Dual Camera, Dual Aperture, Dual Pixel, Dual OIS, Auto Focus, 4K Video, Ultra Slow Motion)
- Selfie Came (8 Mega Pixel, Auto Focus)
🖋️ Hardware/ Software
🖋️ Audio
🖋️ S-Pen
🖋️ Security
🖋️ Battery
🖋️ Others
- Wireless Charging
- Fast Charging
- NFC
- USB-OTG
- Samsung DeX
🖋️ In-box Accessories
- AKG Headset
- Fast Charger
- Type-C Cable
- Type-C OTG
- Clear Cover
- One Year Warranty Card
- Pre-order Gift: Samsung Original Wireless Charger
🖋️ Price
RAM 6 GB + Storage 128 GB – 1,399,000 MMK (Pre-order price)
RAM 8 GB + 512 GB – 1,750,000 MMK (Pre-order price)
Comentarios