top of page
Blog: Blog2
Search
Galaxy J4 Plus က သင့်ရဲ့လိုအပ်ချက်တွေကို စွမ်းဆောင်ပေးနိုင်မှာလား?
Galaxy J4 Plus Review
-----
<Unicode version included>
---------------------------------
>> တည်ဆောက်ပုံ
---------------------------------
>> Display (မျက်နှာပြင်)
---------------------------------
>> ကင်မရာ
---------------------------------
>> စွမ်းဆောင်ရည်
💡 ဖုန်းရဲ့ App တွေ၊ Facebook လို ဆိုရှယ်မီဒီယာတွေနဲ့ အတန်အသင့် ဂိမ်းတွေ ဆော့နိုင်တယ်ဆိုပေမယ့် လူက ဖုန်းကို ပြန်စောင့်နေရတာမျိုး မကြာခဏ ကြုံပါလိမ့်မယ်။
---------------------------------
>> OS and features
---------------------------------
Speaker and Sound
---------------------------------
>> ဘက်ထရီ
---------------------------------
>> လုံခြုံရေး (Security)
---------------------------------
>> အခြားအချက်အလက်များ
💡 ဈေးနှုန်း - ၂၁၉၀၀၀ ကျပ်
💡 FM Radio ပါဝင်တယ်။
---------------------------------
နိဂုံးချုပ်အနေနဲ့ ပြောရရင် Galaxy J4 Plus က ဈေးသက်သာတဲ့ ဖုန်းတစ်လုံးဆိုပေမယ့် စမတ်ဖုန်းတစ်လုံးရဲ့အလုပ်တော်တော်များများကို လုပ်ဆောင်ပေးနိုင်မှာပါ။
💡 Galaxy J4 Plus က ကျွန်တော်တို ့ရဲ့ စမတ်ဖုန်းတစ်လုံးဆီက လိုအပ်ချက်တွေကို ဘယ်လောက်ထိ စွမ်းဆောင်ပေးနိုင်မှာလဲဆိုတာ ကြည့်ကြရအောင်။
💡 ယခုသုံးသပ်မှုကို မရေးသားခင်မှာ Galaxy J4 Plus ကို တစ်ပတ်ခန် ့ ပင်မဖုန်းတစ်လုံးအနေနဲ ့အသုံးပြုပြီး အဆင်ပြေတာတွေ၊ အားနည်းချက်တွေ၊ အားမလိုအားမရဖြစ်တာတွေကို အက်ဒမင်ရဲ့ အမြင်နဲ့ ဆွေးနွေးသွားပါမယ်။
💡 Flagship ဖုန်းတွေရဲ့ ထိပ်တန်းစွမ်းဆောင်ရည်မျိုးကိုတော့ မမျှော်လင့်စေချင်ပါဘူး။
---------------------------------
>> တည်ဆောက်ပုံ
💡 အရောင်အားဖြင့် အနက်ရောင်၊ ရွှေရောင်နဲ ့ပန်းရောင်ဆိုပြီး သုံးမျိုး ရွေးချယ်နိုင်ပါတယ်။
💡 ပလပ်စတစ် ကိုယ်ထည်ဖြစ်တယ်။
💡 အက်ဒမင်စမ်းသုံးတဲ့ ပန်းရောင်မှာ အနောက်ဘက် ကာဗာက ပြောင်လွန်းလို ့မှန်ကြည့်လို ့တောင် ရပါတယ်။ ဒါပေမယ့် ဒီလို ပြောင်ပြောင်လက်လက်တွေက ပွန်းလွယ်ခြစ်လွယ်လို ့ ဂရုစိုက်ပြီး သုံးဖို့တော့လိုပါမယ်။
💡 စပီကာက ဖုန်းရဲ့ ညာဘက် အပေါ်မှာရှိတယ်။
💡 ဘယ်ဘက်မှာ SIM 1 ထည့်တဲ့ တစ်ပေါက်နဲ့ SIM 2 + သီးခြား microSD အတွက် တစ်ပေါက် ရှိပါတယ်။
💡 ကောင်းတဲ့အချက်အနေနဲ ့ 3.5 mm Headphone အပေါက်ပါသေးတယ်။
💡 micro USB အားသွင်းပေါက်ပါဝင်တယ်။ အားသွင်းပေါက်က Type C မဖြစ်ပေမယ့် ဒီစျေးတန်း ဖုန်းတစ်လုံးအတွက်တော့ အဆင်ပြေပါတယ်။
---------------------------------
>> Display (မျက်နှာပြင်)
💡 ၆ လက်မ HD+ Resolution (720 x 1480) Display ဖြစ်ပါတယ်။
💡 ကြည်လင်ပြတ်သားမှုက မဆိုးလှပါဘူး။ လက်ခံနိုင်တဲ့ Resolution လို ့ပြောနိုင်ပါတယ်။
💡 Samsung ဖုန်းတွေမှာ ပါနေကျ sAMOLED မဟုတ်ဘဲ သာမန် LCD နည်းပညာ Display ဖြစ်ပါတယ်။
💡 ဒါကြောင့် sAMOLED မှာလို အရောင်တွေ စိုပြေနေတာ၊ အလင်းအမှောင်ထင်းနေတာတွေ မရှိပါဘူး။
💡 ဘေးဘက်ကစောင်းကြည့်ရင် အရောင်တွေ သိပ်ပြီး မပြောင်းသွားပါဘူး။ Viewing angle ကောင်းတဲ့ Display ဖြစ်ပါတယ်။
💡 ခြုံပြီးပြောရရင် ကာလာအားနည်းနည်းဖျော့တယ်။ ဒါပေမယ့် Budget ဖုန်းတစ်လုံးအတွက်တော့ မဆိုးလှတဲ့ ရုပ်ထွက်အရည်အသွေးဖြစ်ပါတယ်။
---------------------------------
>> ကင်မရာ
💡 အနောက်ကင်မရာက ၁၃ မီဂါပစ်ဆယ် (f/1.9) နဲ ့Selfie ကင်မရာက ၅ မီဂါပစ်ဆယ် (f/2.2) ဖြစ်ပါတယ်။
💡 အရှေ့၊ အနောက် နှစ်ဖက်စလုံးမှာ LED မီးတွေပါဝင်တယ်။
💡 ပုံထွက်က ဘက်ဂျက်ဖုန်းတစ်လုံးအနေနဲ့ ကောင်းတယ်လို ့ထင်ပါတယ်။ ဖုန်းပေါ်မှာပြန်ကြည့်မယ်၊ ဆိုရှယ်မီဒီယာအတွက်သုံးမယ်ဆိုရင် အဆင်ပြေတဲ့ ပုံတွေရနိုင်ပါတယ်။ အလင်းအားနည်းချိန်တွေမှာတောင် အတော်အသင့် ပုံတွေရနိုင်ပါတယ်။
💡 ဒါပေမယ့် Focus ပြတ်သားတဲ့အပိုင်း၊ အရောင်အသွေးမှန်ကန်မှုအပိုင်းနဲ ့ အနုစိတ်ဖမ်းယူမှု (Details) တွေမှာတော့ သာမန်လောက်ပဲရှိပါတယ်။
💡 Full HD (1080) ဗီဒီယို ရိုက်ကူးနိုင်ပါတယ်။
---------------------------------
>> စွမ်းဆောင်ရည်
💡 Snapdragon 425 ကိုသုံးထားပါတယ်။ Samsung အနေနဲ ့ SD425 (Quad core) အစား အနည်းဆုံး SD435 (Octa core) ဒါမှမဟုတ် Exynos 7870 (Octa core) ကိုရွေးချယ်သင့်ပါတယ်။
💡 မန်မိုရီ (RAM) က 2GB ဖြစ်ပါတယ်။
💡 အားနည်းတဲ့ SOC က J4 Plus ရဲ့ စွမ်းဆောင်ရည်ကို သိသိသာသာ နှေးစေပါတယ်။
💡 App တွေအများကြီးကို ဖွင့်ပြီး မန်မိုရီထဲ ထည့်ထားရအောင်ကလည်း 2GB က အဆင်မပြေလှပါဘူး။
💡 ဖုန်းရဲ့ App တွေ၊ Facebook လို ဆိုရှယ်မီဒီယာတွေနဲ ့အတန်အသင့် ဂိမ်းတွေ ဆော့နိုင်တယ်ဆိုပေမယ့် လူက ဖုန်းကို ပြန်စောင့်နေရတာမျိုး မကြာခဏ ကြံုပါလိမ့်မယ်။
💡 Mobile Legend နဲ ့ PUBG (low setting) လို ဂိမ်းတွေကို အရမ်းအချောကြီးမဟုတ်ပေမယ့် ဆော့နိုင်ပါတယ်။
💡 Internal storage က 16GB ဆိုတော့ App တွေ အများကြီးသွငး်တဲ့သူတွေအတွက် အခက်အခဲရှိနိုင်ပါတယ်။ (microSD သုံးလို ့ရတယ်ဆိုပေမယ့် App တွေအတွက်က Internal storage က အဓိကဖြစ်ပါတယ်။)
---------------------------------
>> OS and features
💡 Android 8.1 ကိုအခြေခံထားတဲ့ Samsung UI ဖြစ်ပါတယ်။
💡 ဝမ်းသာစရာတစ်ခုက Samsung ရဲ့ အလယ်အလတ်တန်းစီးရီးတွေနဲ့ ဖန်ရှင်တွေက တော်တော်များများတူပါတယ်။ အရင် Samsung ရဲ့ Budget ဖုန်းတွေလို အများကြီး မလျော့ချထားပါဘူး။
💡 Zawgyi font၊ Google Play Store၊ Dual Messenger၊ Secure Folder၊ Device maintenance နဲ့ Themes စတာတွေပါဝင်ပြီး ဖြစ်ပါတယ်။
---------------------------------
Speaker and Sound
💡 Speaker ရဲ့ အသံကတော့ နည်းနည်းတိုးတယ်လို ့ထင်ပါတယ်။
💡 အသံအရည်အသွေးကလည်း သာမန်လောက်ပါပဲ။
💡 ရုပ်ရှင်ကြည့်ရုံ၊ သီချင်းနားထောင်ရုံ အတွက်လောက်တော့ အလုပ်ဖြစ်ပါတယ်။
💡 ၂ သိန်းဝန်းကျင်ဖုန်းတစ်လုံးအတွက်တော့ မဆိုးပါဘူးလို ့ပဲပြောချင်ပါတယ်။
---------------------------------
>> ဘက်ထရီ
💡 3300 mAh ဘက်ထရီပါဝင်တယ်။
💡 J4 Plus ရဲ့ ဘက်ထရီ အသုံးခံပုံက သာမန်ပါပဲ။
💡 ဘက်ထရီခံအရမ်းကုန်တယ်ဆိုတဲ့ ဖုန်းထဲမှာ မပါပါဘူးဆိုပေမယ့် ချွေချွေတာတာသုံးမှာ တစ်ရက်အပြည့်ခံတဲ့ သဘောပါ။
💡 Fast charging မပါဝင်ဘူး။
---------------------------------
>> လုံခြံုရေး (Security)
💡 လက်ဗွေစနစ် (Finger Print) မပါဝင်ပါဘူး။
💡 ဒါကြောင့် မျက်နှာနဲ ့ဖွင့်တဲ့ Face unlock နဲ ့ Password နှစ်မျိုးတည်းသာအသုံးပြုနိုင်ပါတယ်။
💡 Face unlock က အလင်းရောင် အတန်အသင့် နေရာတွေမှာတောင် အလုပ်လုပ်နိုင်ပါတယ်။
💡 ဒါပေမယ့် Lock ဖွင့်ဖို ့တော်တော်နှေးပါတယ်။
---------------------------------
>> အခြားအချက်အလက်များ
💡 စျေးနှုန်း - ၂၁၉၀၀၀ ကျပ်
💡 J4 Plus က Dual SIM အသုံးပြုနိုင်ပါတယ်။ 4G + 3G ဖြစ်ပါတယ်။
💡 microSD ကဒ်ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ဆင်းကဒ် နှစ်ကဒ်နဲ အတူ ပြိုင်တူအသုံးပြုနိုင်ပါတယ်။
💡 FM Radio ပါဝင်တယ်။
💡 OTG ဖုန်ရှင်ပါဝင်တာကြောင့် Memory stick တွေကို ဖုန်းမှာ တိုက်ရိုက်ထိုးပြီး အသုံးပြုနိုင်ပါတယ်။
💡 NFC/ Wireless charging/ Water resistance (IP rating)/ Always-on-display (AOD) တွေမပါဝင်ပါဘူး။ ဒါတွေက Budget ဖုန်းတွေမှာ ပါဝင်လေ့မရှိတာကြောင့် ကိစ္စတော့မရှိပါဘူး။
💡 ဖုန်းပြောနေချိန်မှာ ဖုန်းကို နားနဲ့ ကပ်လိုက်ရင် ပိတ်သွားတဲ့ ဆင်ဆာ (Proximity sensor) နဲ ့ Auto brightness ဆင်ဆာ တွေပါဝင်ပါတယ်။ ဒါတွေက ထူးထူးခြားခြားပြောလေ့မရှိပေမယ့် ဒီလို ဆင်ဆာတွေမပါတဲ့ အချို ့ Samsung J Series ဖုန်းတွေ ထက်တော့ J4 Plus က သာသွားပါတယ်။
---------------------------------
နိဂုံးချုပ်အနေနဲ့ ပြောရရင် Galaxy J4 Plus က စျေးသက်သာတဲ့ ဖုန်းတစ်လုံးဆိုပေမယ့် စမတ်ဖုန်းတစ်လုံးရဲ့အလုပ်တော်တော်များများကို လုပ်ဆောင်ပေးနိုင်မှာပါ။
Performance အားနည်းတာနဲ ့ Finger print မပါဝင်တာကတော့ အနည်းငယ် စဉ်းစားစရာဖြစ်စေပါတယ်။
ဒါပေမယ့် စျေးသက်သာတဲ့ Samsung ဖုန်းတစ်လုံးကိုရှာနေတယ်။ အာမခံ၊ မြန်မာဖောင့်နဲ ့Play store စတာတွေကိုလည်း အဆင်သင့်ပါပြီးသားဖြစ်ချင်တယ်။ စွမ်းဆောင်ရည်အနည်းငယ်နှေးတာကို အဆင်ပြေတယ်ဆိုရင်တော့ J4 Plus က စာဖတ်သူတို ့အတွက် ဖြစ်နိုင်ပါတယ်။
နည်းပညာများသည် အစဉ်ပြောင်းလဲတိုးတက်လျှက်ရှိသောကြောင့် ကျွန်တော်တို ့တူတူ ဆက်လက်သင်ယူကြပါစို ့။
Thanks for review unit - Sense Capital
100 views
Commentaires
bottom of page