<Unicode version included>
ေပးရတဲ့ေစ်းနဲ ့တန္တဲ့ အလယ္အလတ္ဖုန္းတစ္လံုးလား???
-----
အေသးစိတ္ ေဆြးေႏြးခ်က္ 🎖 🎖 🎖
>> တည္ေဆာက္ပံု
💡 အေရွ ့ဘက္က မွန္ျဖစ္ျပီးေတာ့ အေနာက္ဘက္က အလူမီနီယမ္ ေဘာ္ဒီျဖစ္ပါတယ္။
💡 ဒီဇိုင္းပိုင္းအရ အရင္က ထြက္ခဲ့တဲ့ Galaxy J7 Pro ရဲ့ အေနာက္ Body နဲ ့ဒီဇိုင္း အနည္းငယ္ ဆင္ပါတယ္။
💡 သတၱဳေဘာ္ဒီအျပည့္ျဖစ္တဲ့အတြက္ ကြဲမယ့္ပစၥည္းတစ္ခု ေလ်ာ့သြားပါတယ္။ သတၱဳကိုယ္ထည္ေၾကာင့္ ၾကိဳးမဲ့အားသြင္းစနစ္ (Wireless Charging) ေတာ့မပါဝင္ပါဘူး။
💡 အေရွ့ ဘက္မွာေတာ့ မွန္နဲ ့အျပည့္ဖံုးအုပ္ထားပါတယ္။
💡 အရင္ ဆမ္ေဆာင္းဟန္းဆက္ေတြလို Home Key ေတြ၊ Back Key ေတြမပါေတာ့ပါဘူး။
💡 မွန္အမ်ိဳးအစားကို မေဖာ္ျပထားပါဘူး။ Gorilla-Glass မျဖစ္ဘူးလို ့ဆိုရမွာပါ။
💡 ဘယ္ဘက္မွာ ဆင္းကဒ္နဲ ့မန္မိုရီကဒ္ အေပါက္ႏွစ္ခု ရွိပါတယ္။ ျပီးေတာ့ အသံအတိုးအက်ယ္ခလုတ္ရွိပါတယ္။
💡 ညာဘက္မွာ ပါဝါခလုတ္နဲ ့စပီကာရွိပါတယ္။
💡 စပီကာကို ပံုမွန္လို ေအာက္ဘက္မွာ မထားဘဲ ေဘးဘက္မွာေတြ ့ရမွာပါ။ ဖုန္းကိုလွဲျပီး (Landscape) အေနအထားနဲ ့ ဂိမ္းေဆာ့မယ္၊ ရုပ္ရွင္ၾကည့္မယ္ဆိုရင္ စပီကာကို လက္နဲ ့မကြယ္မိေတာ့ပါဘူး။ အသံုးဝင္တဲ့ ဒီဇိုင္းတစ္ခုျဖစ္ပါတယ္။
💡 ေအာက္ဘက္မွာ microUSB နဲ့ နားၾကပ္ေပါက္ (3.5mm audio jack) ရွိပါတယ္။
💡 3.5mm audio jack ပါတဲ့အတြက္ Earphone နဲ့ သီခ်င္းနားေထာင္မယ့္သူေတြ အလုပ္သိပ္မရွဳပ္ဘူးေပါ့။ ေနာက္ထပ္ေကာင္းတဲ့ အခ်က္တစ္ခုလို ့ဆိုရမွာပါ။
💡 အေနာက္ဘက္မွာ Dual ကင္မရာနဲ့အတူ LED မီးနဲ ့ လက္ေဗြစနစ္ရွိပါတယ္။
💡 အေနာက္ဘက္ကင္မရာက မဆိုသေလာက္ေလးပဲ ဖုထြက္ေနပါတယ္။ ကင္မရာမွန္ကို ပြန္းဖို ့၊ ထိခိုက္မိဖို ့ေလ်ာ ့နည္းႏိုင္တာေပါ့။
💡 ဆမ္ေဆာင္းအမွတ္တံဆိပ္ကို အေနာက္ဖက္မွာပဲေတြ ့ႏိုင္မွာပါ။
💡 အေလးခ်ိန္က ၁၉၁ ဂရမ္ရွိတယ္ဆိုေတာ့ အနည္းငယ္ေလးတဲ့ထဲပါပါတယ္။
💡 အတိုင္းအထြာေတြကေတာ့ 160.2 x 75.7 x 7.9 မီလီမီတာရွိပါတယ္။ က်စ္က်စ္လစ္လစ္နဲ့ကိုင္လို ့ေတာ့မဆိုးပါဘူး။
💡 ေရနဲ့ ဖုန္မွဳန္ ့မ်ားကိုခံႏိုင္ရည္ (IP rating) မပါရွိပါဘူး။
---------------------------------
>> Display (မ်က္ႏွာျပင္) 📱 📱 📱
💡 ၆ လက္မရွိတဲ့ Super AMOLED မ်က္ႏွာျပင္က A6 Plus ရဲ့ အဓိကအားသာခ်က္လို ့ဆိုရမွာပါ။
💡 18.5 : 9 အခ်ိဳးရွိတဲ့ မ်က္ႏွာျပင္ရွည္ Infinity Display အမ်ိဳးအစားပါ။ Infinity Display ဆိုေပမယ္ Galaxy S တို ့Note တို ့လိုေတာ့ မ်က္ႏွာျပင္ခံုး (Dual Curved Display) ေတာ့ မဟုတ္ဘူးေနာ္။ ျပီးေတာ့ မ်က္ႏွာျပင္နဲ ့ဖုန္းအခ်ိဳး (Screen to body ratio) က 75.3% ဆိုေတာ့ ေဘာင္ရွယ္ပါးတဲ့ ဖုန္းထဲမွာေတာ့မပါဘူး။
💡 Full HD+ လို ့ေခၚတဲ့ 1080x2220 resolution ရွိပါတယ္။
💡 Infinity Display နဲ ့AMOLED ေၾကာင့္ အျခားအလယ္အလတ္တန္းဖုန္းေတြထက္ေတာ့ Display မွာဆရာက်တယ္လို ့ေတာ့ေျပာခ်င္ပါတယ္။
💡 FullHD+ Resolution ေၾကာင့္ ရုပ္ထြက္ေကာင္းတယ္၊ ၾကည္လင္ျပတ္သားမွဳရွိတယ္။
💡 AMOLED ေၾကာင့္ အေရာင္အေသြး စိုျပည္ ေတာက္ပတယ္။ အေရာင္စိုစိုကို မၾကိဳက္ဘူးဆိုရင္လည္း လိုသလို ခ်ိန္ညွိဖို ့ဖန္ရွင္ေတြပါဝင္ပါေသးတယ္။
💡 အလင္းအား (Brightness) လည္းေကာင္းပါတယ္။ ေနေရာင္ထဲမွာေတာင္ ဖုန္းကို အသံုးျပဳလို ့ရပါတယ္။
💡 ဆမ္ေဆာင္းရဲ့ ေနာက္ထပ္အားသာခ်က္တစ္ခုအျဖစ္ AOD (Always on Display) ဖန္ရွင္လည္း ပါဝင္ပါတယ္။ မ်က္ႏွာျပင္ေပၚမွာ နာရီ၊ ျပကၡဒိန္နဲ ့ႏိုတီ (Notification) ကို အျမဲျပေပးႏိုင္ပါတယ္။ အသံုးဝင္တဲ့ ဖန္ရွင္တစ္ခုပါ။ ျပီးေတာ့ ဖုန္းနဲ ့အတူပါဝင္လာတဲ့ ဖန္ရွင္ျဖစ္လို ့ဘက္ထရီစားႏွဳန္း အရမ္းနည္းပါတယ္။
---------------------------------
>> ကင္မရာ 📷 📸
💡 Galaxy A6 Plus ရဲ့ ေနာက္ထပ္ အားသာခ်က္ကိုေျပာပါဆိုရင္ေတာ့ ကင္မရာပါပဲ။
💡 ေက်ာဘက္ကင္မရာမွာ ၁၆ မီဂါပစ္ဆယ္ (f/ 1.7) နဲ ့၅ မီဂါပစ္ဆယ္ (f/ 1.9) ျဖစ္ပါတယ္။
💡 အေရွ့ (Selfie) မွာ ၂၄ မီဂါပစ္ဆယ္ (f/ 1.9) ျဖစ္ပါတယ္။
💡 ႏွစ္ဖက္စလံုးမွာ LED မီးပါရွိပါတယ္။
💡 Video Recording ကို FullHD (1080) နဲ ့ျပဳလုပ္ႏိုင္ပါတယ္။ အလယ္အလတ္တန္းဖုန္းေတြရဲ့ ပံုမွန္ပဲေပါ့။
💡 ဒီေတာ့ A6 Plus ရဲ့ ကင္မရာဘယ္လိုေတြေကာင္းတာလဲေပါ့။
💡 ပထဆံုးအေနနဲ ့ကင္မရာရဲ့ အျမန္ႏွဳန္းက ကင္မရာဖြင့္တာျဖစ္ျဖစ္၊ ရိုက္တာျဖစ္ျဖစ္ ျမန္ပါတယ္။ Portrait ရိုက္ျပီးရင္ေတာ့ အခ်ိန္နည္းနည္းေစာင့္ေပးရတယ္။
💡 ဒုတိယကေတာ့ ပံုထြက္ေကာင္းပါတယ္။ အလင္းေရာင္အားနည္းတဲ့ ေနရာေတြမွာေတာင္ အလုပ္ျဖစ္ပါတယ္။
💡 Portrait ရိုက္ခ်က္ေတြရဲ့ အရည္အေသြးလည္းေကာင္းပါတယ္။ Live Focus နဲ ့ရိုက္ထားတဲ့ ပံုေတြကို Focus ျပန္ခ်ိန္ႏိုင္ပါတယ္။ (ဆမ္ေဆာင္းဖုန္းေတြမွာ Live Focus နဲ ့ Selfie Portrait လို ့ ကင္မရာဖန္ရွင္ထဲမွာ ေတြ ့ျမင္ရမွာပါ။)
💡 တတိယအခ်က္ကေတာ့ ဆယ္ဖီကင္မရာပါ။ ၂၄ မီဂါပစ္ဆယ္ဆိုေတာ့ ရုပ္ထြက္ေကာင္းပါတယ္။ ပကတိိရုပ္ရည္ကို ျမင္ခ်င္လား၊ Effect အျပည့္နဲ့လိုခ်င္လား အားလံုးလန္းပါတယ္။
💡 ေနာက္ဆံုးအေနနဲ့ကေတာ့ ဖန္ရွင္ေတြ ရြတ္သမွ်အကုန္ပါတယ္လို ့ ဆိုရမွာပါ။ Sticker ေတြ Effect ေတြ ပါဝင္တဲ့အျပင္ ထပ္လည္း ေဒါင္းလို ့ရေသးတယ္။ ဆရာၾကီးေတြအတြက္ Manual Mode လည္းရပါတယ္။
💡 စြမ္းေဆာင္ရည္ျမင့္ဖုန္းေတြနဲ ့ယွဥ္ရင္ေတာ့ လိုအပ္ခ်က္အခ်ိဳ ့ရွိပါေသးတယ္။
💡 လက္ရဲ့ တုန္ခါမွဳေတြကို ေလ်ာ့ခ်ေပးတဲ့ OIS (Optical Image Stabilization) နဲ ့ EIS (Electronic Image Stabilization) ႏွစ္ခုလံုး မပါဝင္ပါဘူး။
💡 အလင္းေရာင္အားနည္းတဲ့ ေနရာေတြမွာ Galaxy S9 တို ့လို ထိပ္တန္းဖုန္းေတြေလာက္ေတာ့ မေကာင္းေသးပါဘူး။
💡 ဗီဒီယိုအေနနဲ့ 4K မရပါဘူး။
💡 ဒုတိယကင္မရာက Portrait ရိုက္ကူးရာမွာ အေထာက္အကူျပဳဖို ့ျဖစ္ပါတယ္။ Zoom ဆြဲယူႏိုင္တဲ့ Tele ကင္မရာ၊ အျဖဴအမဲရိုက္ကူးႏိုင္တဲ့ Monochrome ကင္မရာေတြ မဟုတ္ပါဘူး။
💡 အလယ္အလတ္ ဖုန္းျဖစ္တာေၾကာင့္ ကင္မရာရုပ္ထြက္ အရည္အေသြးက Flagship ဖုန္းေတြလိုေကာင္းတယ္လို ့ေတာ့ မဆိုလုိပါဘူး။ ဒါေပမယ့္ တန္းတူ အလယ္အလတ္တန္းဖုန္းေတြထဲမွာေတာ့ ေတာ္ေတာ္ေလးကို အားရစရာေကာင္းပါတယ္။
--------------------------------- >> Audio 🔊 🔊
💡 စပီကာကေတာ့ အထက္မွာေျပာခဲ့တဲ့အတိုင္း ဖုန္းရဲ့ ညာဘက္မွာရွိပါတယ္။
💡 အသံက်ယ္တာက အလယ္အလတ္ပါ။ သီခ်င္းနားေထာင္တာျဖစ္ျဖစ္၊ ရုပ္ရွင္ၾကည့္ျဖစ္ျဖစ္ အဆင္ေျပပါတယ္။
💡 ဒါေပမယ္ Dual (Stereo) မပါဝင္ပါဘူး။
💡 Earphone အသံုးျပဳသူေတြအတြက္ Dolby Atmos အသံစနစ္ပါဝင္ပါတယ္။ (Dolby ရဲ့အဆိုအရ ပိုမိုေကာင္းမြန္တဲ့ ပတ္လည္အသံ (360 degree surround) ကို ခံစားႏိုင္တယ္လို ့ဆိုပါတယ္။)
---------------------------------
>> Performance (စြမ္းေဆာင္ရည္) 💪 💪 💪
💡 A6 Plus ရဲ့ Midrange နဲ ့အတူဆံုးအခ်က္ကိုေျပာပါဆိုရင္ SOC (CPU+GPU) ကိုေထာက္ျပခ်င္ပါတယ္။
💡 Snapdragon 450 ကုိသံုးထားပါတယ္။ (အလယ္အလတ္တန္းစြမ္းေဆာင္ရည္ စစ္စစ္ျဖစ္ပါတယ္။အလယ္အလတ္ဖုန္းေတြမွာေတြ ့ရမ်ားတဲ့ Snapdragon 625 နဲ ့စြမ္းေဆာင္ရည္ မတိမ္းမယိမ္းျဖစ္ပါတယ္။)
💡 ေကာင္းလားဆိုေတာ့ အလယ္အလတ္ပါ။ ပံုမွန္သံုးေနက် ဖုန္းရဲ့ဖန္ရွင္ေတြနဲ ့အပလီေကးရွင္းေတြအတြက္ကေတာ့ ေအးေဆးပါ။
💡 Mobile Legends/ COC/ Clash of Clans လို Graphic အရမ္းမလိုတဲ့ ဂိမ္းေတြအတြက္လည္း အဆင္ေျပပါတယ္။
💡 ဒါေပမယ့္ Graphic ျမင့္တဲ့ ဂိမ္းေတြ ဥပမာ PUBG Mobile ေဆာ့ရင္ေတာ့ Graphic Setting ကို ေလ်ာ ့ျပီးေဆာ့ရပါလိမ့္မယ္။
💡 အျမင့္ဖုန္းေတြနဲ့ အသားက်ေနတဲ့သူေတြဆိုရင္ေတာ့ တခါတရံ အားမလိုအားမရျဖစ္တာေတြ ခံစားရမွာပါ။
---------------------------------
>> Software
💡 Android Version ကေတာ့ 8.0 (Oreo) နဲ့ လာပါတယ္။
💡 Google Play Store၊ ေဇာ္ဂ်ီ/ ယူနီကုဒ္ အသင့္ပါဝင္ျပီးသားျဖစ္ပါတယ္။
💡 Themes ေတြအသံုးျပဳႏိုင္ပါတယ္။
💡 Facebook/ messenger/ Viber စတဲ့ ဆက္သြယ္ေရး အပလီေကးရွင္းေတြကို ႏွစ္ခုခြဲျပီး အသံုးျပဳႏိုင္ပါတယ္။
💡 ဖိုင္ေတြ၊ ဓာတ္ပံုေတြ၊ ေဆာ့ဝဲလ္ေတြကို သီးျခားလံုျခံဳတဲ့အကန့္ခြဲအသံုးျပဳတဲ့ Secure Folder ဆိုတဲ့ ဖန္ရွင္လည္းရွိပါေသးတယ္။
---------------------------------
>> သိမ္းဆည္းႏိုင္မွဳ 🗄️ 🗃️ 🗄️ 🗃️
💡 RAM 4GB ျဖစ္ပါတယ္။ ေဘာင္ဝင္ တန္းဝင္ေပါ့။
💡 သိမ္းဆည္းမွဳ 32GB ျဖစ္ပါတယ္။ (22GB အသံုးျပဳႏိုင္ပါတယ္။) ဒါမွမေက်နပ္ေသးရင္ေတာ့ microSD ကို 256GB အထိထပ္စုိက္ႏိုင္ပါတယ္။
💡 ေကာင္းတာတစ္ခုက ဆင္းကဒ္ႏွစ္ကဒ္နဲ ့မန္မိုရီကဒ္ ေနရာလုစရာမလိုပါဘူး။ ျပိဳင္တူသံုးလို ့ရပါတယ္။
---------------------------------
>> Battery 🔋 🔋 🔋
💡 ၃၅၀၀ mAh ဘက္ထရီပါ။
💡 ဘက္ထရီခံပါတယ္။ ပံုမွန္သံုးသူေတြအတြက္ မနက္ကေန ညအထိေအးေဆးပါ။ (သားကတစ္ေန ့လံုးဂိမ္းေဆာ့မယ္၊ သမီးကတစ္ေန ့လံုး အင္တာနက္ပြတ္မယ္၊ ဦးက အပလီေကးရွင္းမွန္သမွ်အလကားရရင္ ဘာမွန္း သိသိမသိသိ အင္စေတာ (Install) လုပ္မယ္ဆိုရင္ေတာ့ ပါဝါဘန္ ့ေလးဝယ္ထားေပးပါ။)
💡 အျမန္အားသြင္းစနစ္ (Fast Charging) မပါပါဘူး။ ဘက္ထရီး ၀% ကသြင္းရင္ အားျပည့္ဖို ့၂နာရီခြဲခန္ ့ၾကာပါတယ္။
---------------------------------
>> လံုျခံဳေရး (Security)
💡 လက္ေဗြစနစ္ (Finger Print) နဲ ့ မ်က္ႏွာ (Face Unlock) ႏွစ္ခုေပါင္းျပီး အသံုးျပဳႏိုင္ပါတယ္။
💡 လက္ေဗြစနစ္ရဲ့ ျမန္ဆန္မွဳနဲ ့တိက်မွဳရွိပါတယ္။
💡 မ်က္ႏွာနဲ့ ဖြင့္တာလည္း အဆင္ေျပပါတယ္။ အျမန္ႏွဳန္းကေတာ့ အလယ္အလတ္တန္း ေလာက္ပဲရွိပါတယ္။ အလင္းေရာင္ အားနည္းရင္ေတာင္ ပြင့္ပါတယ္။ လံုးဝေမွာင္ေနရင္ေတာ့ မရပါဘူး။
💡 ျခံဳျပီးေျပာရရင္ အျမန္ဆံုးမဟုတ္ေပမယ့္ အဆင္ေျပပါတယ္။
---------------------------------
>> ဆက္သြယ္ေရး (Connectivity)
💡 4G တစ္ကဒ္၊ 3G တစ္ကဒ္ ျပိဳင္တူအသံုးျပဳႏိုင္ပါတယ္။
💡 OTG ဖုန္ရွင္ပါဝင္လို ့မန္မိုရီစတစ္နဲ ့တိုက္ရိုက္ခ်ိတ္ဆက္ျပီး ေဒတာေတြကူးႏိုင္တယ္။ USB အေပါက္ကေတာ့ Type C ေတာ့မျဖစ္ေသးပါဘူး။
💡 FM ေရဒီယို ပါဝင္တယ္။ နားၾကပ္ၾကိဳးတပ္ျပီး အသံုးျပဳရပါတယ္။
💡 မန္မိုရီကဒ္ (microSD) ထည့္သြင္းႏိုင္ပါတယ္။
💡 Wi-Fi နဲ ့Bluetooth 4.2 ပါဝင္တယ္။
💡 အလယ္အလတ္ဖုန္းတို ့ရဲ့ ထံုးစံအတိုင္း ၾကိဳးမဲ့အားသြင္းစနစ္ (Wireless charging) နဲ ့ NFC မပါဝင္ပါဘူး။
---------------------------------
>> ေစ်းႏွဳန္း 💲 💲 💲
> 64GB – ၄၉၉ ၀၀၀ က်ပ္။ (ဇြန္လ ၁၈ ၂၀၁၈ ေစ်းႏွဳန္း)
> အေရာင္ - အျပာ၊ အနက္၊ ေရႊေရာင္။
---------------------------------
Satisfied 😀 😗 😚 🤗 😘
+ FullHD+ Super AMOLED Infinity Display
+ ကင္မရာေကာင္းမြန္ျခင္း
+ အရည္အေသြးေကာင္းမြန္ေသာ သတၱဳကိုယ္ထည္
+ အဆင္ေျပေျပ လံုျခံဳေရးစနစ္ (Finger print + Face unlock)
Unsatisfied 😴 🤤 😌 😕 😞
- အလယ္အလတ္ စြမ္းေဆာင္ရည္
- microUSB
- ၄၉၉၀၀၀ ေစ်းႏွဳန္း
⁉️⁉️ Galaxy A6 Plus က ေပးရတဲ့ ေစ်းႏွဳန္းနဲ ့တန္လားဆိုရင္ေတာ့ ပါဝင္တဲ့အခ်က္အလက္ (Specification) ကိုပဲၾကည့္ရင္ေတာ့ အနည္းငယ္ေစ်းၾကီးတယ္လို ့ထင္ပါတယ္။ စြမ္းေဆာင္ရည္ကို အဓိကထားသူေတြအတြက္ေတာ့ အားမေပးပါဘူး။
ဒါေပမယ့္ ဖုန္းတစ္လံုးကို Specification တစ္ခုတည္းနဲ့ပဲဆံုးျဖတ္လို ့မရပါဘူး။ တည္ေဆာက္ပံုေကာင္းမြန္ျခင္း၊ အာမခံဝန္ေဆာင္မွဳေကာင္းမြန္ျခင္းနဲ ့ဖန္ရွင္အားလံုးနီးပါးကို အဆင္ေျပေျပအသံုးျပဳႏိုင္ျခင္းေတြကိုပါထည့္တြက္မယ္ဆိုရင္ေတာ့ Galaxy A6 Plus အတြက္ နားခိုရမယ့္ အိပ္ကပ္ေတြရွိမယ္လို့ ထင္မိပါတယ္။
စာဖတ္သူအားလံုးကို အထူးေက်းဇူးတင္ပါတယ္။ ဒီလို နည္းပညာဆိုင္ရာ သံုးသပ္ခ်က္ေတြကို အျမဲဖတ္ရွဳဖို ့ Techy_M စာမ်က္ႏွာကို “Like & Share” လုပ္ထားၾကဦးေနာ္...
---------------------------------
Tips: 👀 👀 👀
နည္းပညာမ်ားသည္ အစဥ္ေျပာင္းလဲတိုးတက္လွ်က္ရွိေသာေၾကာင့္ အရာအားလံုးကို ေလွနံဓားထစ္မွတ္ယူထားျခင္းထက္ အျမဲမျပတ္ေလ့လာေနရန္လိုအပ္ပါသည္။ ကၽြန္ေတာ္တို ့တူတူ ဆက္လက္သင္ယူၾကပါစို ့။
ပေးရတဲ့စျေးနဲ ့တန်တဲ့ အလယ်အလတ်ဖုန်းတစ်လုံးလား???
-----
အသေးစိတ် ဆွေးနွေးချက် 🎖 🎖 🎖
>> တည်ဆောက်ပုံ
💡 အရှေ ့ဘက်က မှန်ဖြစ်ပြီးတော့ အနောက်ဘက်က အလူမီနီယမ် ဘော်ဒီဖြစ်ပါတယ်။
💡 ဒီဇိုင်းပိုင်းအရ အရင်က ထွက်ခဲ့တဲ့ Galaxy J7 Pro ရဲ့ အနောက် Body နဲ ့ဒီဇိုင်း အနည်းငယ် ဆင်ပါတယ်။
💡 သတ္တုဘော်ဒီအပြည့်ဖြစ်တဲ့အတွက် ကွဲမယ့်ပစ္စည်းတစ်ခု လျော့သွားပါတယ်။ သတ္တုကိုယ်ထည်ကြောင့် ကြိုးမဲ့အားသွင်းစနစ် (Wireless Charging) တော့မပါဝင်ပါဘူး။
💡 အရှေ့ ဘက်မှာတော့ မှန်နဲ ့အပြည့်ဖုံးအုပ်ထားပါတယ်။
💡 အရင် ဆမ်ဆောင်းဟန်းဆက်တွေလို Home Key တွေ၊ Back Key တွေမပါတော့ပါဘူး။
💡 မှန်အမျိုးအစားကို မဖော်ပြထားပါဘူး။ Gorilla-Glass မဖြစ်ဘူးလို ့ဆိုရမှာပါ။
💡 ဘယ်ဘက်မှာ ဆင်းကဒ်နဲ ့မန်မိုရီကဒ် အပေါက်နှစ်ခု ရှိပါတယ်။ ပြီးတော့ အသံအတိုးအကျယ်ခလုတ်ရှိပါတယ်။
💡 ညာဘက်မှာ ပါဝါခလုတ်နဲ ့စပီကာရှိပါတယ်။
💡 စပီကာကို ပုံမှန်လို အောက်ဘက်မှာ မထားဘဲ ဘေးဘက်မှာတွေ ့ရမှာပါ။ ဖုန်းကိုလှဲပြီး (Landscape) အနေအထားနဲ ့ ဂိမ်းဆော့မယ်၊ ရုပ်ရှင်ကြည့်မယ်ဆိုရင် စပီကာကို လက်နဲ ့မကွယ်မိတော့ပါဘူး။ အသုံးဝင်တဲ့ ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။
💡 အောက်ဘက်မှာ microUSB နဲ့ နားကြပ်ပေါက် (3.5mm audio jack) ရှိပါတယ်။
💡 3.5mm audio jack ပါတဲ့အတွက် Earphone နဲ့ သီချင်းနားထောင်မယ့်သူတွေ အလုပ်သိပ်မရှုပ်ဘူးပေါ့။ နောက်ထပ်ကောင်းတဲ့ အချက်တစ်ခုလို ့ဆိုရမှာပါ။
💡 အနောက်ဘက်မှာ Dual ကင်မရာနဲ့အတူ LED မီးနဲ ့ လက်ဗွေစနစ်ရှိပါတယ်။
💡 အနောက်ဘက်ကင်မရာက မဆိုသလောက်လေးပဲ ဖုထွက်နေပါတယ်။ ကင်မရာမှန်ကို ပွန်းဖို ့၊ ထိခိုက်မိဖို ့လျော ့နည်းနိုင်တာပေါ့။
💡 ဆမ်ဆောင်းအမှတ်တံဆိပ်ကို အနောက်ဖက်မှာပဲတွေ ့နိုင်မှာပါ။
💡 အလေးချိန်က ၁၉၁ ဂရမ်ရှိတယ်ဆိုတော့ အနည်းငယ်လေးတဲ့ထဲပါပါတယ်။
💡 အတိုင်းအထွာတွေကတော့ 160.2 x 75.7 x 7.9 မီလီမီတာရှိပါတယ်။ ကျစ်ကျစ်လစ်လစ်နဲ့ကိုင်လို ့တော့မဆိုးပါဘူး။
💡 ရေနဲ့ ဖုန်မှုန် ့များကိုခံနိုင်ရည် (IP rating) မပါရှိပါဘူး။
---------------------------------
>> Display (မျက်နှာပြင်) 📱 📱 📱
💡 ၆ လက်မရှိတဲ့ Super AMOLED မျက်နှာပြင်က A6 Plus ရဲ့ အဓိကအားသာချက်လို ့ဆိုရမှာပါ။
💡 18.5 : 9 အချိုးရှိတဲ့ မျက်နှာပြင်ရှည် Infinity Display အမျိုးအစားပါ။ Infinity Display ဆိုပေမယ် Galaxy S တို ့Note တို ့လိုတော့ မျက်နှာပြင်ခုံး (Dual Curved Display) တော့ မဟုတ်ဘူးနော်။ ပြီးတော့ မျက်နှာပြင်နဲ ့ဖုန်းအချိုး (Screen to body ratio) က 75.3% ဆိုတော့ ဘောင်ရှယ်ပါးတဲ့ ဖုန်းထဲမှာတော့မပါဘူး။
💡 Full HD+ လို ့ခေါ်တဲ့ 1080x2220 resolution ရှိပါတယ်။
💡 Infinity Display နဲ ့AMOLED ကြောင့် အခြားအလယ်အလတ်တန်းဖုန်းတွေထက်တော့ Display မှာဆရာကျတယ်လို ့တော့ပြောချင်ပါတယ်။
💡 FullHD+ Resolution ကြောင့် ရုပ်ထွက်ကောင်းတယ်၊ ကြည်လင်ပြတ်သားမှုရှိတယ်။
💡 AMOLED ကြောင့် အရောင်အသွေး စိုပြည် တောက်ပတယ်။ အရောင်စိုစိုကို မကြိုက်ဘူးဆိုရင်လည်း လိုသလို ချိန်ညှိဖို ့ဖန်ရှင်တွေပါဝင်ပါသေးတယ်။
💡 အလင်းအား (Brightness) လည်းကောင်းပါတယ်။ နေရောင်ထဲမှာတောင် ဖုန်းကို အသုံးပြုလို ့ရပါတယ်။
💡 ဆမ်ဆောင်းရဲ့ နောက်ထပ်အားသာချက်တစ်ခုအဖြစ် AOD (Always on Display) ဖန်ရှင်လည်း ပါဝင်ပါတယ်။ မျက်နှာပြင်ပေါ်မှာ နာရီ၊ ပြက္ခဒိန်နဲ ့နိုတီ (Notification) ကို အမြဲပြပေးနိုင်ပါတယ်။ အသုံးဝင်တဲ့ ဖန်ရှင်တစ်ခုပါ။ ပြီးတော့ ဖုန်းနဲ ့အတူပါဝင်လာတဲ့ ဖန်ရှင်ဖြစ်လို ့ဘက်ထရီစားနှုန်း အရမ်းနည်းပါတယ်။
---------------------------------
>> ကင်မရာ 📷 📸
💡 Galaxy A6 Plus ရဲ့ နောက်ထပ် အားသာချက်ကိုပြောပါဆိုရင်တော့ ကင်မရာပါပဲ။
💡 ကျောဘက်ကင်မရာမှာ ၁၆ မီဂါပစ်ဆယ် (f/ 1.7) နဲ ့၅ မီဂါပစ်ဆယ် (f/ 1.9) ဖြစ်ပါတယ်။
💡 အရှေ့ (Selfie) မှာ ၂၄ မီဂါပစ်ဆယ် (f/ 1.9) ဖြစ်ပါတယ်။
💡 နှစ်ဖက်စလုံးမှာ LED မီးပါရှိပါတယ်။
💡 Video Recording ကို FullHD (1080) နဲ ့ပြုလုပ်နိုင်ပါတယ်။ အလယ်အလတ်တန်းဖုန်းတွေရဲ့ ပုံမှန်ပဲပေါ့။
💡 ဒီတော့ A6 Plus ရဲ့ ကင်မရာဘယ်လိုတွေကောင်းတာလဲပေါ့။
💡 ပထဆုံးအနေနဲ ့ကင်မရာရဲ့ အမြန်နှုန်းက ကင်မရာဖွင့်တာဖြစ်ဖြစ်၊ ရိုက်တာဖြစ်ဖြစ် မြန်ပါတယ်။ Portrait ရိုက်ပြီးရင်တော့ အချိန်နည်းနည်းစောင့်ပေးရတယ်။
💡 ဒုတိယကတော့ ပုံထွက်ကောင်းပါတယ်။ အလင်းရောင်အားနည်းတဲ့ နေရာတွေမှာတောင် အလုပ်ဖြစ်ပါတယ်။
💡 Portrait ရိုက်ချက်တွေရဲ့ အရည်အသွေးလည်းကောင်းပါတယ်။ Live Focus နဲ ့ရိုက်ထားတဲ့ ပုံတွေကို Focus ပြန်ချိန်နိုင်ပါတယ်။ (ဆမ်ဆောင်းဖုန်းတွေမှာ Live Focus နဲ ့ Selfie Portrait လို ့ ကင်မရာဖန်ရှင်ထဲမှာ တွေ ့မြင်ရမှာပါ။)
💡 တတိယအချက်ကတော့ ဆယ်ဖီကင်မရာပါ။ ၂၄ မီဂါပစ်ဆယ်ဆိုတော့ ရုပ်ထွက်ကောင်းပါတယ်။ ပကတိိရုပ်ရည်ကို မြင်ချင်လား၊ Effect အပြည့်နဲ့လိုချင်လား အားလုံးလန်းပါတယ်။
💡 နောက်ဆုံးအနေနဲ့ကတော့ ဖန်ရှင်တွေ ရွတ်သမျှအကုန်ပါတယ်လို ့ ဆိုရမှာပါ။ Sticker တွေ Effect တွေ ပါဝင်တဲ့အပြင် ထပ်လည်း ဒေါင်းလို ့ရသေးတယ်။ ဆရာကြီးတွေအတွက် Manual Mode လည်းရပါတယ်။
💡 စွမ်းဆောင်ရည်မြင့်ဖုန်းတွေနဲ ့ယှဉ်ရင်တော့ လိုအပ်ချက်အချို ့ရှိပါသေးတယ်။
💡 လက်ရဲ့ တုန်ခါမှုတွေကို လျော့ချပေးတဲ့ OIS (Optical Image Stabilization) နဲ ့ EIS (Electronic Image Stabilization) နှစ်ခုလုံး မပါဝင်ပါဘူး။
💡 အလင်းရောင်အားနည်းတဲ့ နေရာတွေမှာ Galaxy S9 တို ့လို ထိပ်တန်းဖုန်းတွေလောက်တော့ မကောင်းသေးပါဘူး။
💡 ဗီဒီယိုအနေနဲ့ 4K မရပါဘူး။
💡 ဒုတိယကင်မရာက Portrait ရိုက်ကူးရာမှာ အထောက်အကူပြုဖို ့ဖြစ်ပါတယ်။ Zoom ဆွဲယူနိုင်တဲ့ Tele ကင်မရာ၊ အဖြူအမဲရိုက်ကူးနိုင်တဲ့ Monochrome ကင်မရာတွေ မဟုတ်ပါဘူး။
💡 အလယ်အလတ် ဖုန်းဖြစ်တာကြောင့် ကင်မရာရုပ်ထွက် အရည်အသွေးက Flagship ဖုန်းတွေလိုကောင်းတယ်လို ့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် တန်းတူ အလယ်အလတ်တန်းဖုန်းတွေထဲမှာတော့ တော်တော်လေးကို အားရစရာကောင်းပါတယ်။
---------------------------------
>> Audio 🔊 🔊
💡 စပီကာကတော့ အထက်မှာပြောခဲ့တဲ့အတိုင်း ဖုန်းရဲ့ ညာဘက်မှာရှိပါတယ်။
💡 အသံကျယ်တာက အလယ်အလတ်ပါ။ သီချင်းနားထောင်တာဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်ဖြစ်ဖြစ် အဆင်ပြေပါတယ်။
💡 ဒါပေမယ် Dual (Stereo) မပါဝင်ပါဘူး။
💡 Earphone အသုံးပြုသူတွေအတွက် Dolby Atmos အသံစနစ်ပါဝင်ပါတယ်။ (Dolby ရဲ့အဆိုအရ ပိုမိုကောင်းမွန်တဲ့ ပတ်လည်အသံ (360 degree surround) ကို ခံစားနိုင်တယ်လို ့ဆိုပါတယ်။)
---------------------------------
>> Performance (စွမ်းဆောင်ရည်) 💪 💪 💪
💡 A6 Plus ရဲ့ Midrange နဲ ့အတူဆုံးအချက်ကိုပြောပါဆိုရင် SOC (CPU+GPU) ကိုထောက်ပြချင်ပါတယ်။
💡 Snapdragon 450 ကိုသုံးထားပါတယ်။ (အလယ်အလတ်တန်းစွမ်းဆောင်ရည် စစ်စစ်ဖြစ်ပါတယ်။အလယ်အလတ်ဖုန်းတွေမှာတွေ ့ရများတဲ့ Snapdragon 625 နဲ ့စွမ်းဆောင်ရည် မတိမ်းမယိမ်းဖြစ်ပါတယ်။)
💡 ကောင်းလားဆိုတော့ အလယ်အလတ်ပါ။ ပုံမှန်သုံးနေကျ ဖုန်းရဲ့ဖန်ရှင်တွေနဲ ့အပလီကေးရှင်းတွေအတွက်ကတော့ အေးဆေးပါ။
💡 Mobile Legends/ COC/ Clash of Clans လို Graphic အရမ်းမလိုတဲ့ ဂိမ်းတွေအတွက်လည်း အဆင်ပြေပါတယ်။
💡 ဒါပေမယ့် Graphic မြင့်တဲ့ ဂိမ်းတွေ ဥပမာ PUBG Mobile ဆော့ရင်တော့ Graphic Setting ကို လျော ့ပြီးဆော့ရပါလိမ့်မယ်။
💡 အမြင့်ဖုန်းတွေနဲ့ အသားကျနေတဲ့သူတွေဆိုရင်တော့ တခါတရံ အားမလိုအားမရဖြစ်တာတွေ ခံစားရမှာပါ။
---------------------------------
>> Software
💡 Android Version ကတော့ 8.0 (Oreo) နဲ့ လာပါတယ်။
💡 Google Play Store၊ ဇော်ဂျီ/ ယူနီကုဒ် အသင့်ပါဝင်ပြီးသားဖြစ်ပါတယ်။
💡 Themes တွေအသုံးပြုနိုင်ပါတယ်။
💡 Facebook/ messenger/ Viber စတဲ့ ဆက်သွယ်ရေး အပလီကေးရှင်းတွေကို နှစ်ခုခွဲပြီး အသုံးပြုနိုင်ပါတယ်။
💡 ဖိုင်တွေ၊ ဓာတ်ပုံတွေ၊ ဆော့ဝဲလ်တွေကို သီးခြားလုံခြုံတဲ့အကန့်ခွဲအသုံးပြုတဲ့ Secure Folder ဆိုတဲ့ ဖန်ရှင်လည်းရှိပါသေးတယ်။
---------------------------------
>> သိမ်းဆည်းနိုင်မှု 🗄️ 🗃️ 🗄️ 🗃️
💡 RAM 4GB ဖြစ်ပါတယ်။ ဘောင်ဝင် တန်းဝင်ပေါ့။
💡 သိမ်းဆည်းမှု 32GB ဖြစ်ပါတယ်။ (22GB အသုံးပြုနိုင်ပါတယ်။) ဒါမှမကျေနပ်သေးရင်တော့ microSD ကို 256GB အထိထပ်စိုက်နိုင်ပါတယ်။
💡 ကောင်းတာတစ်ခုက ဆင်းကဒ်နှစ်ကဒ်နဲ ့မန်မိုရီကဒ် နေရာလုစရာမလိုပါဘူး။ ပြိုင်တူသုံးလို ့ရပါတယ်။
---------------------------------
>> Battery 🔋 🔋 🔋
💡 ၃၅၀၀ mAh ဘက်ထရီပါ။
💡 ဘက်ထရီခံပါတယ်။ ပုံမှန်သုံးသူတွေအတွက် မနက်ကနေ ညအထိအေးဆေးပါ။ (သားကတစ်နေ ့လုံးဂိမ်းဆော့မယ်၊ သမီးကတစ်နေ ့လုံး အင်တာနက်ပွတ်မယ်၊ ဦးက အပလီကေးရှင်းမှန်သမျှအလကားရရင် ဘာမှန်း သိသိမသိသိ အင်စတော (Install) လုပ်မယ်ဆိုရင်တော့ ပါဝါဘန် ့လေးဝယ်ထားပေးပါ။)
💡 အမြန်အားသွင်းစနစ် (Fast Charging) မပါပါဘူး။ ဘက်ထရီး ၀% ကသွင်းရင် အားပြည့်ဖို ့၂နာရီခွဲခန် ့ကြာပါတယ်။
---------------------------------
>> လုံခြုံရေး (Security)
💡 လက်ဗွေစနစ် (Finger Print) နဲ ့ မျက်နှာ (Face Unlock) နှစ်ခုပေါင်းပြီး အသုံးပြုနိုင်ပါတယ်။
💡 လက်ဗွေစနစ်ရဲ့ မြန်ဆန်မှုနဲ ့တိကျမှုရှိပါတယ်။
💡 မျက်နှာနဲ့ ဖွင့်တာလည်း အဆင်ပြေပါတယ်။ အမြန်နှုန်းကတော့ အလယ်အလတ်တန်း လောက်ပဲရှိပါတယ်။ အလင်းရောင် အားနည်းရင်တောင် ပွင့်ပါတယ်။ လုံးဝမှောင်နေရင်တော့ မရပါဘူး။
💡 ခြုံပြီးပြောရရင် အမြန်ဆုံးမဟုတ်ပေမယ့် အဆင်ပြေပါတယ်။
---------------------------------
>> ဆက်သွယ်ရေး (Connectivity)
💡 4G တစ်ကဒ်၊ 3G တစ်ကဒ် ပြိုင်တူအသုံးပြုနိုင်ပါတယ်။
💡 OTG ဖုန်ရှင်ပါဝင်လို ့မန်မိုရီစတစ်နဲ ့တိုက်ရိုက်ချိတ်ဆက်ပြီး ဒေတာတွေကူးနိုင်တယ်။ USB အပေါက်ကတော့ Type C တော့မဖြစ်သေးပါဘူး။
💡 FM ရေဒီယို ပါဝင်တယ်။ နားကြပ်ကြိုးတပ်ပြီး အသုံးပြုရပါတယ်။
💡 မန်မိုရီကဒ် (microSD) ထည့်သွင်းနိုင်ပါတယ်။
💡 Wi-Fi နဲ ့Bluetooth 4.2 ပါဝင်တယ်။
💡 အလယ်အလတ်ဖုန်းတို ့ရဲ့ ထုံးစံအတိုင်း ကြိုးမဲ့အားသွင်းစနစ် (Wireless charging) နဲ ့ NFC မပါဝင်ပါဘူး။
---------------------------------
>> စျေးနှုန်း 💲 💲 💲
> 64GB – ၄၉၉ ၀၀၀ ကျပ်။ (ဇွန်လ ၁၈ ၂၀၁၈ စျေးနှုန်း)
> အရောင် - အပြာ၊ အနက်၊ ရွှေရောင်။
---------------------------------
Satisfied 😀 😗 😚 🤗 😘
+ FullHD+ Super AMOLED Infinity Display
+ ကင်မရာကောင်းမွန်ခြင်း
+ အရည်အသွေးကောင်းမွန်သော သတ္တုကိုယ်ထည်
+ အဆင်ပြေပြေ လုံခြုံရေးစနစ် (Finger print + Face unlock)
Unsatisfied 😴 🤤 😌 😕 😞
- အလယ်အလတ် စွမ်းဆောင်ရည်
- microUSB
- ၄၉၉၀၀၀ စျေးနှုန်း
⁉️⁉️ Galaxy A6 Plus က ပေးရတဲ့ စျေးနှုန်းနဲ ့တန်လားဆိုရင်တော့ ပါဝင်တဲ့အချက်အလက် (Specification) ကိုပဲကြည့်ရင်တော့ အနည်းငယ်စျေးကြီးတယ်လို ့ထင်ပါတယ်။ စွမ်းဆောင်ရည်ကို အဓိကထားသူတွေအတွက်တော့ အားမပေးပါဘူး။
ဒါပေမယ့် ဖုန်းတစ်လုံးကို Specification တစ်ခုတည်းနဲ့ပဲဆုံးဖြတ်လို ့မရပါဘူး။ တည်ဆောက်ပုံကောင်းမွန်ခြင်း၊ အာမခံဝန်ဆောင်မှုကောင်းမွန်ခြင်းနဲ ့ဖန်ရှင်အားလုံးနီးပါးကို အဆင်ပြေပြေအသုံးပြုနိုင်ခြင်းတွေကိုပါထည့်တွက်မယ်ဆိုရင်တော့ Galaxy A6 Plus အတွက် နားခိုရမယ့် အိပ်ကပ်တွေရှိမယ်လို့ ထင်မိပါတယ်။
စာဖတ်သူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ဒီလို နည်းပညာဆိုင်ရာ သုံးသပ်ချက်တွေကို အမြဲဖတ်ရှုဖို ့ Techy_M စာမျက်နှာကို “Like & Share” လုပ်ထားကြဦးနော်...
---------------------------------
Tips: 👀 👀 👀
နည်းပညာများသည် အစဉ်ပြောင်းလဲတိုးတက်လျှက်ရှိသောကြောင့် အရာအားလုံးကို လှေနံဓားထစ်မှတ်ယူထားခြင်းထက် အမြဲမပြတ်လေ့လာနေရန်လိုအပ်ပါသည်။ ကျွန်တော်တို ့တူတူ ဆက်လက်သင်ယူကြပါစို ့။
![](https://static.wixstatic.com/media/d9b106_d74cd9ecdcd34159a13971e8b72d9906~mv2.png/v1/fill/w_892,h_684,al_c,q_90,enc_auto/d9b106_d74cd9ecdcd34159a13971e8b72d9906~mv2.png)
Commentaires