<Unicode version included>
Celeron CPU နဲ ့ SSD တြဲသံုးသင့္ရဲ့လား။
-----
💡💡 Windows အတက်၊ Shutdown
💡💡 File Transfer
💡💡 Graphic
💡💡 ဘက်ထရီ သက်တမ်း
-----
-----
Tips: 👀 👀 👀
Celeron CPU နဲ ့ SSD တွဲသုံးသင့်ရဲ့လား။
🔎 စွမ်းဆောင်ရည် နိမ့်တဲ့ Celeron နဲ ့ မြန်လှပပြီဆိုတဲ့ SSD တွဲလိုက်ရင်ဘာဖြစ်သွားမှာလဲ။
တွဲသုံးလို ့ရော ရရဲ့လား။
တွဲသုံးရင် ဘာအကျိုးရှိမှာလဲ စတဲ့မေးခွန်းတွေအတွက် ယခု သုံးသပ်ချက်ကို ဆက်လက်ဖတ်ရှုကြပါဦး။
🔎 Celeron CPU ဆိုတာ Intel ရဲ့ စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည် နိမ့်တဲ့ CPU ဖြစ်ပါတယ်။ SSD ဆိုတာကတော့ Hard Disk တွေရဲ့ အဆပေါင်းများစွာမြန်ဆန်တဲ့ ဒေတာ သိမ်းဆည်းတဲ့ ပစ္စည်းတွေပါ။
🔎 စျေးနှုန်းသက်သာတဲ့ CPU နဲ ့စျေးကြီးတဲ့ SSD က စျေးကွက်ထဲမှာတွဲတွေ ့စရာ အလွန်ရှားပါတယ်။ ဘာကြောင့်လဲဆိုတော့ Celeron ကို Hard Disk သို ့မဟုတ် eMMC လိုမျိုး ဘက်ဂျက်အစိတ်အပိုင်းတွေနဲ ့သာ တွဲဖက်ရောင်းချကြပါတယ်။ ထို ့အတူ SSD ပါတဲ့ ကွန်ပျူတာတွေကို ၇-၈ သိန်းအောက်မှာ တွေ ့ရဖို ့ခဲယဉ်းပါတယ်။
ဒါဆို ယခုသုံးသပ်ချက်က ဘာအကျိုးရှိမှာလဲ။
🤔🤔 Celeron CPU သာမက Core 2 လို Generation အဟောင်းတွေ၊ Atom လို စွမ်းဆောင်ရည် နိမ့် CPU တွေ၊ Pentium နဲ ့ Core-i ကို လက်ရှိအသုံးပြုနေသူတွေအတွက်ကတော့ ရွေးချယ်စရာတစ်ခု ဖြစ်မယ်လို ့ယုံကြည်ပါတယ်။ လက်ရှိ အသုံးပြုနေတဲ့ ကွန်ပျူတာကနှေးနေပြီ၊ နောက်ထပ် စက်အသစ်တစ်လုံးဝယ်ဖို ့လဲ အဖြစ်နိုင်သေးရင် ၁ သိန်းလောက်စိုက်ထုတ်ပြီး ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်နဲ ့အမြန်နှုန်းကို အဆင့်မြှင့်သင့်မသင့် အတွက် အထောက်အကူဖြစ်မှာပါ။
🔎 အက်ဒမင်စမ်းသပ်ထားတဲ့ CPU က Intel Celeron N3350 ဖြစ်ပါတယ်။ SSD ကတော့ SandDisk SSD Plus 240GB ဖြစ်ပါတယ်။ စမ်းသပ်ထားတဲ့ ကွန်ပျူတာကတော့ Acer Spin 1 ဖြစ်ပါတယ်။
-----
ကဲ... ဘာတွေထူးခြားလာမလဲ ကို တိုတို တုတ်တုတ်ပြောကြရအောင်...
💡💡 Windows အတက်၊ Shutdown
သိသိသာသာမြန်လာပါတယ်။ Windows 10 ကို ပါဝါဖွင့်ပြီး ၂၅-၃၀ စက္ကန် ့ လောက်ဆို အသင့်အသုံးပြုနိုင်တဲ့ အနေအထားကိုရောက်ပါတယ်။ Shutdown လုပ်ရင်လည်း တော်တော်မြန်ပါတယ်။ Core-i3/ Core-i5 နဲ ့HDD အသုံးပြုတဲစက်တွေထက်တောင်မြန်ပါတယ်။
💡💡 Application (Word/ Excel/ PowerPoints/ Chrome/ Photoshop/ VLC/ iTunes ...)
သိသိသာသာမြန်ပါတယ်။ ၃ ဆလောက်မြန်လာတယ်လို ့ထင်ပါတယ်။ (SSD မလဲခင် အတိအကျ မှတ်ထားမိတာမရှိတော့ အချက်အလက်နဲ ့တော့ ဖော်ပြပေးလို ့မရတော့ပါဘူး။) ဖန်ရှင်တွေ သုံးရတာလဲ အရင်ထက် ပိုပြီး သွက်လာပါတယ်။
💡💡 Web browsing (Google Chrome)
Web page တွေဖွင့်တာလည်း သိသိသာသာ တိုးတက်လာပါတယ်။ အရင်ကလို ့Tab အသစ်တစ်ခုခေါ်လိုက်ရင် ရပ်စောင့်နေတာမျိုးတွေ တော်တော်ကောင်းသွားပါတယ်။
💡💡 File Transfer
ဘာပြောကောင်းမလဲ။ SSD speed အတိုင်း မြန်ပါတယ်။
💡💡 Productivity (Photoshop/ Video editing)
အပလီကေးရှင်းအဖွင့်အပိတ်နဲ ့အလုပ်လုပ်ရတာ ပိုသွက်လာပါတယ်။ ဒါပေမယ့် တွက်ချက်မှုတွေ လုပ်တဲ့ အချိန် (Rendring/ Processing) တွေမှာ အရင်အတိုင်းပဲ နှေးပါတယ်။
💡💡 Graphic
ပြောင်းလဲမှုမရှိပါ။ ဂိမ်းဆော့မယ့်သူတွေအတွက်တော့ နိုးပါ။
💡💡 ဘက်ထရီ သက်တမ်း
သိသိသာသာ ပြောင်းလဲမှုမရှိပါ။
-----
⁉️⁉️ ဒီတော့ သင့်ရဲ့ နှေးနေတဲ့ လက်တော့ကို SSD နဲ ့အဆင့်မြှင့်တင်နိုင်သလားဆိုတော့
👍👍 အင်တာနက်သုံးမယ်၊ Office လို အပလီကေးရှင်းတွေသုံးမယ်၊ ရုပ်ရှင်ကြည့်မယ်၊ ဖိုင်တွေ ကူးပြောင်းမယ်ဆိုရင် “Yes” ပါ။ သင့်ရဲ့ နေ ့စဉ်အလုပ်တွေမှာ ပိုပြီး အဆင်ပြေချောမွေ ့လာပါလိမ့်မယ်။
👋👋 Game ဆော့မယ်၊ Phtoshop၊ Video editing၊ AutoCAD စတာတွေအတွက်တော့ “No” ပါ။ သိသိသာသာထုူးခြားဖို ့မရှိပါ။
-----
ယခုလို Tech သုံးသပ်ချက်တွေကို အမြဲ လေ့လာဖို ့Techy_M ကို Like & Share လုပ်ထားကြဦးနော်။ စာဖတ်သူအပေါင်း ကျန်းမာချမ်းသာပြီး Tech ပစ္စည်းအလန်းတွေ သုံးနိုင်ကြပါစေ။
�( Celeron အကြောင်း ဖတ်ချင်ရင် ယခုလင့်(ခ)ကိုနှိပ်ပါ။ https://web.facebook.com/permalink.php?story_fbid=260671144492155&id=248261559066447 )
( SSD အကြောင်းဖတ်ချင်ရင် ယခုလင့်(ခ)ကိုနှိပ်ပါ။ https://web.facebook.com/permalink.php?story_fbid=282356808990255&id=248261559066447&substory_index=0 )
(Intel N3350 - https://ark.intel.com/…/Intel-Celeron-Processor-N3350-2M-Ca… )
(SandDisk SSD Plus - https://www.sandisk.com/home/ssd/ssd-plus )
Tips: 👀 👀 👀
နည်းပညာများသည် အစဉ်ပြောင်းလဲတိုးတက်လျှက်ရှိသောကြောင့် အရာအားလုံးကို လှေနံဓားထစ်မှတ်ယူထားခြင်းထက် အမြဲမပြတ်လေ့လာနေရန်လိုအပ်ပါသည်။ ကျွန်တော်တို ့တူတူ ဆက်လက်သင်ယူကြပါစို ့။
Comments