top of page
Blog: Blog2
Search
Apple MacOS 10.14 (Mojave) Update available
<Unicode version included>
...
Apple ရဲ့ macOS 10.14 အသစ်စက်စက်လေး စိတ်ဝင်စားရင် တင်လို ့ရပြီနော်...
App Store မှာ အခမဲ့ Download လုပ်လို ့ရပါပြီ။ Download အရွယ်အစားက 6GB ဝန်းကျင်ရှိပါတယ်။ Install လုပ်ရင်တော့ ကွန်ပျူတာအမျိုးအစားပေါ်မူတည်ပြီး မိနစ် ၃၀ ကနေ တစ်နာရီလောက်ကြာပါတယ်။
macOS 10.14 Mojave မှာပါဝင်လာတဲ့ အဓိကပြောင်းလဲမှုတွေကတော့ ...
၁။ Dark Mode (mac OS တစ်ခုလုံးကို အနက်ရောက်နောက်ခံ ကိုပြောင်းပေးတဲ့ လုပ်ဆောင်ချက်)
၂။ Dynamic Desktop (နေ ့တစ်နေ ့ရက်အချိန်ကို လိုက်ပြီး Wallpaper ကို အလင်းအမှောင်ပြောင်းလဲပေးတဲ့ လုပ်ဆောင်ချက်)
၃။ Desktop Stack (Desktop ပေါ်က ပြန့်ကြဲနေတဲ့ Icon တွေ ဖိုင်တွေကို တူရာစုစည်းပေးတဲ့ လုပ်ဆောင်ချက်)
၄။ iOS နဲ ့ချိတ်ဆက်အလုပ်လုပ်နိုင်တဲ့ News, Stock apps ပါဝင်လာခြင်း
၅။ New screen shoot and screen record tool (Control + Shift + 5)
၆။ Gallery View in Finder (Finder ထဲမှာ ဖိုင်တွေရဲ့အသေးစိတ်ပြသပေးတဲ့ လုပ်ဆောင်ချက်)
၇။ New tools in Quick Look (ဖိုင်တွေကို Spacebar နှိပ်ပြီးကြည့်တဲ့ Quick Look မှာ ပုံတွေကို Rotate, Trim, Write, Save in PDF စတဲ့ လုပ်ဆောင်ချက်။ ဗီဒီယိုဖိုင်တွေကို ဖြတ်တောက်နိုင်တဲ့ Trim လုပ်ဆောင်ချက်)
၈။ New Design in App Store (အပလီကေးရှင်းတွေကို ပိုမိုလွယ်ကူစွာရှာဖွေနိုင်တယ်။ App တွေရဲ့ လုပ်ဆောင်ချက်ကြောင်းအရာတွေကို ပိုပြီး လွယ်လွယ်ကူကူဖတ်ရှုနိုင်ပါတယ်။)
...
macOS Mojave ကိုတင်လို ့ရတဲ့ Mac တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်...
- MacBook Pro (mid 2012 and newer)
- MacBook Air (mid 2012 and newer)
- MacBook (early 2015 and later)
- iMac (late 2012 or newer)
- iMac Pro (2017 or newer)
- Mac Pro (late 2013 or newer, or mid 2010 and mid 2012 models with Metal capable GPU)
- Mac Mini (late 2012 or newer)
1 view
Comments
bottom of page