top of page
Blog: Blog2
Search

10 days with Galaxy Note 9 (Honest user experience)

<Unicode version included>



Galaxy Note 9 ႏွင့္ ၁၀ ရက္တာ ခံစားခ်က္မ်ား

-----

Galaxy Note 9 အေၾကာင္းသံုးသပ္ခ်က္ေတြ အေတာ္မ်ားမ်ားလည္းထြက္ရွိေနျပီးျဖစ္သလို စာဖတ္သူတို ့လည္း သိရွိျပီးသားေတြျဖစ္ေနေလာက္ပါျပီ။

ဒါေၾကာင့္အျခားရွဳေထာင့္တစ္ခုကေန ၾကည့္ၾကရေအာင္။ လက္ရွိမွာ Specification အရ ထိပ္တန္း ျပည့္စံုေကာင္းမြန္တဲ့ ဖုန္းဆိုေတာ့ ေကာင္းတယ္လို ့ေတာ့ အထူးတစ္လည္ေျပာမေနေတာပါဘူး။ ဒီလို ျမင့္မားတဲ့ Specification ေတြက ေန့စဥ္အသံုးျပဳတဲ့အခါတစ္ကယ္ပဲ အလုပ္ျဖစ္ရဲ့လားဆိုတာ ၾကည့္ၾကရေအာင္။

🖋️ Design

- ပထမဆံုးအေနနဲ ့ဖုန္းကို ကိုင္လိုက္ရင္ခံစားမိမွာကေတာ့ အေလးခ်ိန္တဲ့ ဖြဲ ့စည္းတည္ေဆာက္ပံုပဲျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ေလးတဲ့ ဘက္မွာရွိတယ္။ တည္ေဆာက္ပံုကေတာ့ ၁၀၀% ေတာင့္တင္းမွဳရွိပါတယ္။

- ဒုတိယအေနနဲ ့ကေတာ့ အေရွ ့နဲ ့အေနာက္ဘက္က မွန္မ်က္ႏွာျပင္ေတြျဖစ္ပါတယ္။ Gorilla Glass 5 ဆိုျပီး စိတ္ခ်လို ့မရပါဘူး။ ဂရုမစုိက္ရင္ ပြန္းႏိုင္သလို၊ ျပဳတ္က်ရင္လည္း ကြဲႏိုင္ပါတယ္။ ျပီးေတာ့ မွန္ကပ္လည္း နည္းနည္းေစ်းၾကီးပါတယ္။

- ေကာင္းတာတစ္ခုက မွန္ကြဲရင္ ၆လ အတြင္း တစ္ၾကိမ္လဲေပးမယ့္ (ေနာက္မွန္ အခမဲ့၊ ေရွ ့မွန္ ကုန္က်စရိတ္ တစ္ဝက္သက္သာ) ကဒ္ပါရွိပါတယ္။

- ဖုန္းရဲ့ အရြယ္က ေလးေထာင့္က်က်နဲ ့ေတာ္ေတာ္ၾကီးပါတယ္။ ဖုန္းကိုင္တဲ့ လက္အေနအထားေျပာင္းလိုက္ေတာ့မွ အဆင္ေျပသြားပါတယ္။ သတိမထားမိရင္ေတာ့ လက္ေခ်ာျပီး ျပဳတ္က်ႏိုင္ပါတယ္။ အက္ဒမင္ေတာ့ ျပဳတ္က်မလို ျဖစ္တာ ၂ ခါရွိပါျပီ။ ကာဗာေကာင္းေကာင္းသံုးလိုက္ရင္ေတာ့ လက္ေခ်ာတဲ့ ကိစၥေျပလည္သြားႏိုင္ပါတယ္။

- ေနာက္ထပ္ေကာင္းတာ တစ္ခုကေတာ့ ေရစိုခံတာပါ။ အက္ဒမင္အေနနဲ ့ေတာ့ ဖုန္းကို ယူျပီး ေရစိမ္ၾကည့္ဖို ့၊ ေရကူးကန္ထဲမွာ ဓာတ္ပံု ရိုက္ဖို ့မဟုတ္ပါဘူး။ အျပင္သြားေနတံုး မိုးမိလို ့ျဖစ္ျဖစ္၊ ဖုန္ေပၚကို ေရဖိတ္က်တာျဖစ္ျဖစ္မွာ စိတ္ခ်ရလို ့ပါ။

🖋️ Display

- Note 9 ရဲ့ အဓိက Feature တစ္ခုျဖစ္ပါတယ္။ မ်က္ႏွာျပင္ၾကီးၾကီး ရုပ္ထြက္လန္းလန္းနဲ ့ပါ။

- အေရာင္စိုိစိုၾကိဳက္ရင္ျဖစ္ျဖစ္၊ အေရာင္တိက်တာျဖစ္ျဖစ္ စိတ္ၾကိဳက္ေရြးခ်ယ္သံုးႏိုင္ပါတယ္။ အက္ဒမင္က ေတာ့ Basic Colour Mode ကိုသံုးပါတယ္။ မ်က္လံုးပိုေအးတယ္လို ့ခံစားရလို့ပါ။

- ေဘးႏွစ္ဖက္က မွန္အခံုးကေတာ့ ထူးထူးျခားျခားေျပာစရာမရွိပါဘူး။ ဖုန္းသံုးရတာ အေထာက္အကူမျဖစ္ေစသလို အေႏွာင့္အယွက္လည္းမရွိပါဘူး။ မွန္ကပ္ရွားတဲ့ အေၾကာင္းကေတာ့ ဒီ မွန္အခံုးေၾကာင့္လို ့ေတာ့ထင္ပါတယ္။

- အားမရာတာေျပာပါဆိုရင္ေတာ အေပၚဘက္နဲ ့ေအာက္ဘက္က ေဘာင္ေတြကို ထပ္ျပီး ပါးေစခ်င္ပါေသးတယ္။ က်န္တဲ ့Spec ေတြမွာ ထပ္ဆံုးလို ့ေျပာႏိုင္ေပမယ့္ ေဘာင္ေတြကေတာ့ ထိပ္တန္းေအာက္ နည္းနည္းပိုၾကီးေနသလားလို ့ပါ။

🖋️ Camera

- ကင္မရာကိုေတာ့ ေတာ္ေတာ္ေလးၾကိဳက္ပါတယ္။ အထူးသျဖင့္ Low Light မွာ တစ္ျခားဖုန္းေတြထက္ သိသိသာသာပိုေကာင္းပါတယ္။

- AI၊ Optical 2x Zoom၊ Live Focus (Portrait mode) နဲ ့ Ultra slow motion ေတြလည္းပါေတာ့ ျပီးျပည့္စံုတယ္လို ့ခံစားမိပါတယ္။ အက္ဒမင္ကေတာ့ သိပ္မသံုးျဖစ္ပါဘူး။

- Selfie ကင္မရာလည္း အဆင္ေျပပါတယ္။ အလင္းထဲျဖစ္ျဖစ္ အလင္းေရာင္းနည္းေနရင္ျဖစ္ျဖစ္ အလုပ္ျဖစ္တယ္။ ပံုထြက္ပိုေကာင္းဖုိ ့ Auto Focus အလုပ္လုပ္ပံုကို နားလည္အသံုးခ်ျပီး ရိုက္တတ္ရင္ ပိုအဆင္ေျပပါတယ္။ ဒါေပမယ့္ ဒီထက္ပိုေကာင္းတဲ့ Selfie ကင္မရာကိုေတာ့ ေမ ွ်ာ္လင့္မိပါတယ္။

🖋️ Hardware/ Software

- Software/ Application/ Game ေတြအားလံုး သြက္သြက္လက္လက္သံုးလို ့ရပါတယ္။

- Software Update တစ္ၾကိမ္လုပ္ျပီးပါျပီး။ ထူးထူးျခားျခားေတာ့ ေျပာင္းလဲမွဳမရွိပါဘူ။

- ဆမ္ေဆာင္းက Water Carbon cooling အေအးခံစနစ္ကို သံုးေပးထားတယ္လို ့ေျပာပါတယ္။ Game ေဆာ့ရင္ ပူလားဆိုေတာ့ ပူပါတယ္။ ဒါေပမယ့္ ဖုန္းတစ္ခုလံုး ပူျခစ္လာတာမ်ိဳး ဂိမ္းထစ္လာတာမ်ိုးေတာ့ မျဖစ္ပါဘူး။

🖋️ Audio

- စပီကာ အသံထြက္အားေကာင္းတယ္။ အသံလည္းေတာ္ေတာ္ၾကည္ပါတယ္။ ရုပ္ရွင္နဲ ့ Youtube ၾကည့္ရတာ ေတာ္ေတာ္ေကာင္းပါတယ္။

🖋️ S-Pen

- S-Pen ရွိေတာ့ အလုပ္ထဲမွာ လန္းပါတယ္။ အရင္က တစ္ခုခုပို ့လိုက္ရင္ လက္နဲ ့ကြင္းရတာ၊ စာရိုက္ျပီးေျပာရတာေတြမွာ Pen နဲ ့ေရးလို ့ရသြားပါတယ္။ အေရးေပၚ မွတ္စရာရွိရင္လည္း Pen နဲ ့ခ်ေရးလို ့ရပါတယ္။ အလုပ္အတြက္ေတာ့ ေတာ္ေတ္ာအေထာက္အကူျဖစ္ပါတယ္။

- အက္ဒမင္အတြက္ မထူးတာကေတာ့ S-Pen ရဲ့ Bluetooth ဖုန္ရွင္ေတြပါ။ Dex ၾကိဳးမရွိလို ့PowerPoint လည္းျပလို ့မရသလုိ ့ ဓာတ္ပံုကလည္း သိပ္မရိုက္ျဖစ္ပါ။ ၾကံဖန္ျပီး ေျပာရရင္ေတာ့ သူမ်ားေတြကို ထုတ္ၾကြားရတာ အရသာရွိပါတယ္။

- အျပာေရာင္ (Ocean Blue) ဖုန္းမွာ S-Pen ရဲ့ အေရာင္က အဝါေရာင္ျဖစ္ပါတယ္။ အက္ဒမင္ကေတာ့ Pen အဝါေရာင္ေလးကို ထူးျခားေပၚလြင္တယ္လို ့ထင္ပါတယ္။

🖋️ Security

- Finger Print နဲ ့ Intelligent scan (Iris scanner + Face recognition) ကိုေပါင္းသံုးရင္ ပိုျပီးအဆင္ေျပပါတယ္။ အေရွ ့လက္က ဖြင့္ ခ်င္ရင္ မ်က္ႏွာျပ၊ အေနာက္ကဆိုရင္ေတာ့ Finger Print နဲ ့ဖြင့္လို ့ရပါတယ္။

- တစ္ခုေျပာစရာရွိတာက Intelligent scan က အျခားဖုန္းေတြက Face Unlock ထက္ မသိမသာ ပို ေႏွးပါတယ္။ လံုျခံဳေရးပိုေကာငး္ေအာင္လုပ္တာလား၊ တစ္ကယ္ေႏွးတာလားကေတာ့ ဆမ္ေဆာင္းကိုေမးမွပဲသိမွာပါ။

🖋️ Battery

- ဘက္ထရီကေတာ့ စိတ္ခ်မ္းသာစရာေကာင္းပါတယ္။ မနက္ ၈ နာရီေလာက္ ခ်ာဂ်ာကေနျဖဳတ္ျပီး Youtube ၾကည့္၊ ဖုနး္ေျပာ၊ အင္တာနက္နဲ ့ Social Media သံုးရင္ေတာင္ ညေနအိမ္ျပန္ေရာက္ရင္ ၄၀-၅၀% ေကာင္းေကာင္းက်န္ပါတယ္။ ညအိပ္ခါနီးရင္ ၂၀% ေလာက္က်န္ပါတယ္။

*** အက္ဒမင္က ဂိမ္းမေဆာ့သေလာက္ပါပဲ။ ျပီးေတာ့ ဖုန္းထဲမွာ App ေတြကို သံုးသေလာက္ပဲ သြင္းတတ္တဲ့အက်င့္ရွိပါတယ္။

🖋️ Others

- ဘူးထဲမွာ ဖုန္းကာဗာ အေပ်ာ့တစ္ခုပါပါတယ္။ ေမ့ေနမွာစိုးလို ့သတိေပးတာပါ။

- ေစ်းႏွဳန္းအားျဖင့္ေတာ့ Android ထဲမွာ အၾကီးဆံုးပါပဲ။ ေစ်းၾကီးေတာ့ ပိုက္ပိုက္ေတြ ပိုကုန္တာေပါ့ေနာ္။ အေကာင္းဘက္ကၾကည့္ရင္ ေစ်းၾကီးေတာ့ Note 9 ကို ကိုင္ထားရင္ ဖုန္အေရာင္ေၾကာင့္ ပါးေျပာင္ရပါတယ္။ Note 9 ၾကီးနဲ ့ဟလို ့ သူမ်ားေတြေျပာၾကမွာေပါ့ေနာ္။

- ေနာက္ထပ္တစ္ခုေျပာခ်င္တာက ေဇာ္ဂ်ီေဖာင့္ကိစၥပါ။ ေဇာ္ဂ်ီေဖာင္က Official ပါျပီးျဖစ္သလို ဆမ္ေဆာင္းကီးဘုတ္က နည္းနည္းေလ့က်င့္လိုက္ရင္ ေတာ္ေတာ္သံုးလို ့ေကာင္းပါတယ္။ ဒါေပမယ့္ Broswer ထဲေရာက္ရင္ ေဖာင့္မမွန္တဲ့ ကိစၥရွိပါတယ္။

🖋️ Conclusion

- Note 9 ကို သံုးရတာ ျပီးျပည့္စံုတဲ့ ဖုန္းတစ္လံုးလို ့ခံစားရပါတယ္။ ေနရာတိုင္းမွာ ေျပာစရာမရွိေအာင္ ေကာင္းေနလို ့ျပီးျပည့္စံုတယ္ ေျပာတာမဟုတ္ပါဘူး။ လက္ရွိေစ်းကြက္ထဲမွာရွိတဲ့ဖုန္းတစ္လံုးမွာ ရႏိုင္တဲ့ အေကာင္းဆံုးအေနအထားအေတာ္မ်ားမ်ား ပါဝင္ေနလို ့ပါ။

- ဒါေၾကာင့္ စာဖတ္သူအေနနဲ ့ ဘက္ဂ်က္ကလည္း ခြင့္ျပဳတယ္၊ အေကာင္းဆံုးေတြထဲက အေကာင္းဆံုးဖုန္းတစ္လံုးကို လည္းသံုးခ်င္တယ္၊ Android စနစ္ကိုလည္းႏွစ္သက္မယ္ဆိုရင္ ထိပ္တန္းကေရြးခ်ယ္သင့္တဲ့ ဖုန္းတစ္လံုးျဖစ္ပါတယ္။

စာဖတ္သူတို ့ရဲ ့ Note 9 နဲ ့ပတ္သတ္ျပီး ခံစားခ်က္ေတြကို Comment မွာေျပာျပီး မ ွ်ေ၀ေပးပါဦး။

ကဲ… ခုေလာက္ဆို စာဖတ္သူတို ့လည္း အက္ဒမင္နဲ ့အတူ Note 9 ရဲ့အေတြ ့အၾကံဳကို ခံစားရမယ္လို ့ယံုၾကည္ပါတယ္။ ေနာက္ထပ္ထြက္ေပၚလာမယ့္ နည္းပညာအသစ္ေတြကို ကၽြန္ေတာ္တို ့တူတူ ဆက္လက္ေလ့လာသင္ယူၾကပါစို ့။

===


 

Galaxy Note 9 နှင့် ၁၀ ရက်တာ ခံစားချက်များ


-----

Galaxy Note 9 အကြောင်းသုံးသပ်ချက်တွေ အတော်များများလည်းထွက်ရှိနေပြီးဖြစ်သလို စာဖတ်သူတို ့လည်း သိရှိပြီးသားတွေဖြစ်နေလောက်ပါပြီ။

ဒါကြောင့်အခြားရှုထောင့်တစ်ခုကနေ ကြည့်ကြရအောင်။ လက်ရှိမှာ Specification အရ ထိပ်တန်း ပြည့်စုံကောင်းမွန်တဲ့ ဖုန်းဆိုတော့ ကောင်းတယ်လို ့တော့ အထူးတစ်လည်ပြောမနေတောပါဘူး။ ဒီလို မြင့်မားတဲ့ Specification တွေက နေ့စဉ်အသုံးပြုတဲ့အခါတစ်ကယ်ပဲ အလုပ်ဖြစ်ရဲ့လားဆိုတာ ကြည့်ကြရအောင်။

🖋️ Design

- ပထမဆုံးအနေနဲ ့ဖုန်းကို ကိုင်လိုက်ရင်ခံစားမိမှာကတော့ အလေးချိန်တဲ့ ဖွဲ ့စည်းတည်ဆောက်ပုံပဲဖြစ်ပါတယ်။ အလေးချိန်ကတော့ လေးတဲ့ ဘက်မှာရှိတယ်။ တည်ဆောက်ပုံကတော့ ၁၀၀% တောင့်တင်းမှုရှိပါတယ်။

- ဒုတိယအနေနဲ ့ကတော့ အရှေ ့နဲ ့အနောက်ဘက်က မှန်မျက်နှာပြင်တွေဖြစ်ပါတယ်။ Gorilla Glass 5 ဆိုပြီး စိတ်ချလို ့မရပါဘူး။ ဂရုမစိုက်ရင် ပွန်းနိုင်သလို၊ ပြုတ်ကျရင်လည်း ကွဲနိုင်ပါတယ်။ ပြီးတော့ မှန်ကပ်လည်း နည်းနည်းစျေးကြီးပါတယ်။

- ကောင်းတာတစ်ခုက မှန်ကွဲရင် ၆လ အတွင်း တစ်ကြိမ်လဲပေးမယ့် (နောက်မှန် အခမဲ့၊ ရှေ ့မှန် ကုန်ကျစရိတ် တစ်ဝက်သက်သာ) ကဒ်ပါရှိပါတယ်။

- ဖုန်းရဲ့ အရွယ်က လေးထောင့်ကျကျနဲ ့တော်တော်ကြီးပါတယ်။ ဖုန်းကိုင်တဲ့ လက်အနေအထားပြောင်းလိုက်တော့မှ အဆင်ပြေသွားပါတယ်။ သတိမထားမိရင်တော့ လက်ချောပြီး ပြုတ်ကျနိုင်ပါတယ်။ အက်ဒမင်တော့ ပြုတ်ကျမလို ဖြစ်တာ ၂ ခါရှိပါပြီ။ ကာဗာကောင်းကောင်းသုံးလိုက်ရင်တော့ လက်ချောတဲ့ ကိစ္စပြေလည်သွားနိုင်ပါတယ်။

- နောက်ထပ်ကောင်းတာ တစ်ခုကတော့ ရေစိုခံတာပါ။ အက်ဒမင်အနေနဲ ့တော့ ဖုန်းကို ယူပြီး ရေစိမ်ကြည့်ဖို ့၊ ရေကူးကန်ထဲမှာ ဓာတ်ပုံ ရိုက်ဖို ့မဟုတ်ပါဘူး။ အပြင်သွားနေတုံး မိုးမိလို ့ဖြစ်ဖြစ်၊ ဖုန်ပေါ်ကို ရေဖိတ်ကျတာဖြစ်ဖြစ်မှာ စိတ်ချရလို ့ပါ။

🖋️ Display

- Note 9 ရဲ့ အဓိက Feature တစ်ခုဖြစ်ပါတယ်။ မျက်နှာပြင်ကြီးကြီး ရုပ်ထွက်လန်းလန်းနဲ ့ပါ။

- အရောင်စိိုစိုကြိုက်ရင်ဖြစ်ဖြစ်၊ အရောင်တိကျတာဖြစ်ဖြစ် စိတ်ကြိုက်ရွေးချယ်သုံးနိုင်ပါတယ်။ အက်ဒမင်က တော့ Basic Colour Mode ကိုသုံးပါတယ်။ မျက်လုံးပိုအေးတယ်လို ့ခံစားရလို့ပါ။

- ဘေးနှစ်ဖက်က မှန်အခုံးကတော့ ထူးထူးခြားခြားပြောစရာမရှိပါဘူး။ ဖုန်းသုံးရတာ အထောက်အကူမဖြစ်စေသလို အနှောင့်အယှက်လည်းမရှိပါဘူး။ မှန်ကပ်ရှားတဲ့ အကြောင်းကတော့ ဒီ မှန်အခုံးကြောင့်လို ့တော့ထင်ပါတယ်။

- အားမရာတာပြောပါဆိုရင်တော အပေါ်ဘက်နဲ ့အောက်ဘက်က ဘောင်တွေကို ထပ်ပြီး ပါးစေချင်ပါသေးတယ်။ ကျန်တဲ ့Spec တွေမှာ ထပ်ဆုံးလို ့ပြောနိုင်ပေမယ့် ဘောင်တွေကတော့ ထိပ်တန်းအောက် နည်းနည်းပိုကြီးနေသလားလို ့ပါ။

🖋️ Camera

- ကင်မရာကိုတော့ တော်တော်လေးကြိုက်ပါတယ်။ အထူးသဖြင့် Low Light မှာ တစ်ခြားဖုန်းတွေထက် သိသိသာသာပိုကောင်းပါတယ်။

- AI၊ Optical 2x Zoom၊ Live Focus (Portrait mode) နဲ ့ Ultra slow motion တွေလည်းပါတော့ ပြီးပြည့်စုံတယ်လို ့ခံစားမိပါတယ်။ အက်ဒမင်ကတော့ သိပ်မသုံးဖြစ်ပါဘူး။

- Selfie ကင်မရာလည်း အဆင်ပြေပါတယ်။ အလင်းထဲဖြစ်ဖြစ် အလင်းရောင်းနည်းနေရင်ဖြစ်ဖြစ် အလုပ်ဖြစ်တယ်။ ပုံထွက်ပိုကောင်းဖို ့ Auto Focus အလုပ်လုပ်ပုံကို နားလည်အသုံးချပြီး ရိုက်တတ်ရင် ပိုအဆင်ပြေပါတယ်။ ဒါပေမယ့် ဒီထက်ပိုကောင်းတဲ့ Selfie ကင်မရာကိုတော့ မေ ျှာ်လင့်မိပါတယ်။

🖋️ Hardware/ Software

- Software/ Application/ Game တွေအားလုံး သွက်သွက်လက်လက်သုံးလို ့ရပါတယ်။

- Software Update တစ်ကြိမ်လုပ်ပြီးပါပြီး။ ထူးထူးခြားခြားတော့ ပြောင်းလဲမှုမရှိပါဘူ။

- ဆမ်ဆောင်းက Water Carbon cooling အအေးခံစနစ်ကို သုံးပေးထားတယ်လို ့ပြောပါတယ်။ Game ဆော့ရင် ပူလားဆိုတော့ ပူပါတယ်။ ဒါပေမယ့် ဖုန်းတစ်ခုလုံး ပူခြစ်လာတာမျိုး ဂိမ်းထစ်လာတာမျိုးတော့ မဖြစ်ပါဘူး။

🖋️ Audio

- စပီကာ အသံထွက်အားကောင်းတယ်။ အသံလည်းတော်တော်ကြည်ပါတယ်။ ရုပ်ရှင်နဲ ့ Youtube ကြည့်ရတာ တော်တော်ကောင်းပါတယ်။

🖋️ S-Pen

- S-Pen ရှိတော့ အလုပ်ထဲမှာ လန်းပါတယ်။ အရင်က တစ်ခုခုပို ့လိုက်ရင် လက်နဲ ့ကွင်းရတာ၊ စာရိုက်ပြီးပြောရတာတွေမှာ Pen နဲ ့ရေးလို ့ရသွားပါတယ်။ အရေးပေါ် မှတ်စရာရှိရင်လည်း Pen နဲ ့ချရေးလို ့ရပါတယ်။ အလုပ်အတွက်တော့ တော်တေ်ာအထောက်အကူဖြစ်ပါတယ်။

- အက်ဒမင်အတွက် မထူးတာကတော့ S-Pen ရဲ့ Bluetooth ဖုန်ရှင်တွေပါ။ Dex ကြိုးမရှိလို ့PowerPoint လည်းပြလို ့မရသလို ့ ဓာတ်ပုံကလည်း သိပ်မရိုက်ဖြစ်ပါ။ ကြံဖန်ပြီး ပြောရရင်တော့ သူများတွေကို ထုတ်ကြွားရတာ အရသာရှိပါတယ်။

- အပြာရောင် (Ocean Blue) ဖုန်းမှာ S-Pen ရဲ့ အရောင်က အဝါရောင်ဖြစ်ပါတယ်။ အက်ဒမင်ကတော့ Pen အဝါရောင်လေးကို ထူးခြားပေါ်လွင်တယ်လို ့ထင်ပါတယ်။

🖋️ Security

- Finger Print နဲ ့ Intelligent scan (Iris scanner + Face recognition) ကိုပေါင်းသုံးရင် ပိုပြီးအဆင်ပြေပါတယ်။ အရှေ ့လက်က ဖွင့် ချင်ရင် မျက်နှာပြ၊ အနောက်ကဆိုရင်တော့ Finger Print နဲ ့ဖွင့်လို ့ရပါတယ်။

- တစ်ခုပြောစရာရှိတာက Intelligent scan က အခြားဖုန်းတွေက Face Unlock ထက် မသိမသာ ပို နှေးပါတယ်။ လုံခြုံရေးပိုကောငး်အောင်လုပ်တာလား၊ တစ်ကယ်နှေးတာလားကတော့ ဆမ်ဆောင်းကိုမေးမှပဲသိမှာပါ။

🖋️ Battery

- ဘက်ထရီကတော့ စိတ်ချမ်းသာစရာကောင်းပါတယ်။ မနက် ၈ နာရီလောက် ချာဂျာကနေဖြုတ်ပြီး Youtube ကြည့်၊ ဖုနး်ပြော၊ အင်တာနက်နဲ ့ Social Media သုံးရင်တောင် ညနေအိမ်ပြန်ရောက်ရင် ၄၀-၅၀% ကောင်းကောင်းကျန်ပါတယ်။ ညအိပ်ခါနီးရင် ၂၀% လောက်ကျန်ပါတယ်။

*** အက်ဒမင်က ဂိမ်းမဆော့သလောက်ပါပဲ။ ပြီးတော့ ဖုန်းထဲမှာ App တွေကို သုံးသလောက်ပဲ သွင်းတတ်တဲ့အကျင့်ရှိပါတယ်။

🖋️ Others

- ဘူးထဲမှာ ဖုန်းကာဗာ အပျော့တစ်ခုပါပါတယ်။ မေ့နေမှာစိုးလို ့သတိပေးတာပါ။

- စျေးနှုန်းအားဖြင့်တော့ Android ထဲမှာ အကြီးဆုံးပါပဲ။ စျေးကြီးတော့ ပိုက်ပိုက်တွေ ပိုကုန်တာပေါ့နော်။ အကောင်းဘက်ကကြည့်ရင် စျေးကြီးတော့ Note 9 ကို ကိုင်ထားရင် ဖုန်အရောင်ကြောင့် ပါးပြောင်ရပါတယ်။ Note 9 ကြီးနဲ ့ဟလို ့ သူများတွေပြောကြမှာပေါ့နော်။

- နောက်ထပ်တစ်ခုပြောချင်တာက ဇော်ဂျီဖောင့်ကိစ္စပါ။ ဇော်ဂျီဖောင်က Official ပါပြီးဖြစ်သလို ဆမ်ဆောင်းကီးဘုတ်က နည်းနည်းလေ့ကျင့်လိုက်ရင် တော်တော်သုံးလို ့ကောင်းပါတယ်။ ဒါပေမယ့် Broswer ထဲရောက်ရင် ဖောင့်မမှန်တဲ့ ကိစ္စရှိပါတယ်။

🖋️ Conclusion

- Note 9 ကို သုံးရတာ ပြီးပြည့်စုံတဲ့ ဖုန်းတစ်လုံးလို ့ခံစားရပါတယ်။ နေရာတိုင်းမှာ ပြောစရာမရှိအောင် ကောင်းနေလို ့ပြီးပြည့်စုံတယ် ပြောတာမဟုတ်ပါဘူး။ လက်ရှိစျေးကွက်ထဲမှာရှိတဲ့ဖုန်းတစ်လုံးမှာ ရနိုင်တဲ့ အကောင်းဆုံးအနေအထားအတော်များများ ပါဝင်နေလို ့ပါ။

- ဒါကြောင့် စာဖတ်သူအနေနဲ ့ ဘက်ဂျက်ကလည်း ခွင့်ပြုတယ်၊ အကောင်းဆုံးတွေထဲက အကောင်းဆုံးဖုန်းတစ်လုံးကို လည်းသုံးချင်တယ်၊ Android စနစ်ကိုလည်းနှစ်သက်မယ်ဆိုရင် ထိပ်တန်းကရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။

စာဖတ်သူတို ့ရဲ ့ Note 9 နဲ ့ပတ်သတ်ပြီး ခံစားချက်တွေကို Comment မှာပြောပြီး မ ျှဝေပေးပါဦး။

ကဲ… ခုလောက်ဆို စာဖတ်သူတို ့လည်း အက်ဒမင်နဲ ့အတူ Note 9 ရဲ့အတွေ ့အကြုံကို ခံစားရမယ်လို ့ယုံကြည်ပါတယ်။ နောက်ထပ်ထွက်ပေါ်လာမယ့် နည်းပညာအသစ်တွေကို ကျွန်တော်တို ့တူတူ ဆက်လက်လေ့လာသင်ယူကြပါစို ့။

===

 

#TechTips #Techy_M #GalaxyNote9

47 views

Comments


bottom of page